Mytel မှ Mobile Legends နှင့် PUBG ဂိမ်းများကို အကန်အသတ်မရှိကစားနိုင်မည့်ဂိမ်းဒေတာကိုမိတ်ဆက်

Mytelသည်ကမ္ဘာ့အနှံ့ဖြစ်ပွားလျက်ရှိသော COVID-19 ကပ်ရောဂါဖြစ်ပွားနေချိန်တွင်အသုံးပြုသူများအတွက် မိမိတို့၏ နေအိမ်အတွင်း၌ပျော်ရွှင်စွာနေထိုင်ရန်ရည်ရွယ်၍ အကန့်အသတ်မရှိဂိမ်းဒေတာအစီအစဉ်ကို မိတ်ဆက်ခဲ့ပြီး ထိုအစီအစဉ် မှတစ်ဆင့် ဂိမ်းများကိုအကန့်အသတ်မရှိ ဆော့ကစားနိုင်မည့်ဂိမ်းဒေတာများကို ရရှိမည့်အပြင် ၇ ရက် အတွင်းအသုံးပြုနိုင် မည့် ၅၀၀ MB မိုဘိုင်းဒေတာကို ၇၀၀ ကျပ်တည်းဖြင့်ရယူနိုင်မည်ဖြစ်ကြောင်းသိရသည်။
Mytelသည် ယခုဖြစ်ပွားလျက်ရှိသောအခြေအနေနှင့်စပ်လျဉ်း၍ အစိုးရနှင့်ပြည်သူများ၏ စိုးရိမ်ပူပန်နေမှုများကို ကောင်းမွန်စွာနားလည်သည့်အတွက် တိုင်းပြည်၏လိုအပ်သည့်နေရာများတွင် ကူညီပံ့ပိုးပေးရန် အသင့်ရှိပါသည်။ ယခုကဲ့သို့ရောဂါမပျံနှံ့အောင်ကာကွယ်တားဆီးနေသောကာလအတွင်း၌ အိမ်မှတစ်ဆင့်အဆင်ပြေစွာအလုပ်လုပ်နိုင်ရန်၊ နောက်ဆုံးပေါ်သတင်းများကို သိနိုင်ရန်၊မိမိချစ်ခင်ရသောမိတ်ဆွေသူငယ်ချင်းများ၊ မိသားစုဝင်များနှင့်အိမ်မှာနေစဉ် စိတ်အပန်းပြေစေရန်ဆက်သွယ်ရေးနှင့်အင်တာနက်ထောက်ပံ့မှုများကို Mytel မှအကောင်းဆုံးဖြစ်အောင် ပံ့ပိုးသွားမည်ဖြစ် သည်။

Photo Source https://www.facebook.com/mytelmyanmar

“Mytel ကအသုံးပြုသူတွေအတွက်ကိုယ်ခန္ဓာပိုင်းဆိုင်ရာကျန်းမာရေးသာမက စိတ်ချမ်းသာအောင်လည်း အမြဲဂရုစိုက်ပေး နေပြီးဘက်စုံပံ့ပိုးပေးနေတဲ့အော်ပရေတာတစ်ခုပါ။အခုလိုအားလုံးအခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာဒီပတ်ကေ့ချ်ကိုမိတ်ဆက်ပေးရခြင်းကကျွန်တော်တို့အနေနဲ့esportကဏ္ဍကိုတစ်ထောင့်တစ်နေရာကနေပံ့ပိုးပေးချင်လို့ပဲဖြစ်ပါတယ်။ဒီပက်ကေ့ချ်နဲ့ဆိုရင်အသုံးပြုသူတွေက Mobile Legends နဲ့ PUBG ဂိမ်းကစားတဲ့အခါအကန့်အသတ်မရှိ Mytel ရဲ့ 4.5G ကွန်ရက်နဲ့ လိုင်းဆွဲအားကောင်းကောင်းအနှောင့်အယှက်ကင်းကင်းကစားလို့ရနိုင်စေဖို့ရည်ရွယ်တာဖြစ်ပါတယ်” ဟု Mytel ၏ ပြင်ပ ဆက်ဆံရေးအရာရှိချုပ်ဦးဇော်မင်းဦးမှ ပြောကြားသည်။
အသုံးပြုသူများသည်ယခုပတ်ကေ့ချ်အားဝယ်ယူလိုပါက MyID အပ်ပလီကေးရှင်းမှတစ်ဆင့်ဖြစ်စေ၊ USSDမှတစ်ဆင့် *966*11# သို့ဖုန်းခေါ်ဆို၍ဖြစ်စေ၊ “966” သို့ “E247” ဟု SMS ပို့၍ဖြစ်စေဝယ်ယူနိုင်မည်ဖြစ်သည်။ ယခုပတ်ကေ့ချ်အားသုံးစွဲသူများသည်၇၀၀ကျပ်တည်းဖြင့်ဝယ်ယူနိုင်မည်ဖြစ်ပြီးဝယ်ယူပြီး၇ရက်အတွင်း MLBB နှင့် PUBG ဂိမ်းများကိုအကန့်အသတ်မရှိကစားနိုင်မည်ဖြစ်သည့်အပြင်၅၀၀ MB အပိုဒေတာများကိုလည်းရရှိနိုင်မည်ဖြစ်သည်။
မကြာသေးမီကပင်Mytelမှ “Safe Market” ဟူသောအစီအစဉ်ကိုဒေသတွင်းရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာများနှင့်ပူးပေါင်းကာစတင်အကောင်အထည်ဖော်ခဲ့ပြီးကုန်သည်၊ ဈေးသည်များအတွက်ဈေးအတွင်း social distancing အလေ့အကျင့်ကိုလိုက်နာကျင့်သုံးရန် အားပေးသောအနေဖြင့်ရွင်ဖျင်ထီးများ လှူဒါန်းပေးခဲ့သည်။ ထို့အပြင်နှာ ခေါင်းစီးများ၊လက်ဆေးရည်များ၊ တယ်လီကွန်းနှင့်အင်တာနက်ဝန်ဆောင်မှုများကိုကျန်းမာရေးဌာနများနှင့် ပြည်သူလူ ထုအားလှူဒါန်းခြင်းဖြင့် လူမှုအကျိုးပြုလုပ်ငန်းများလည်းလုပ်ဆောင်လျက်ရှိသည်။ ထိုကြောင့်လည်း ၎င်းလှုပ်ရှားမှု အစီ အစဉ်များသည် လူမှုကွန်ယက်ပေါ်မှတစ်ဆင့်ပြည်သူလူထု၏ တစ်ခဲနက်အားပေးထောက်ခံမှုကိုရရှိခဲ့သည်။ ထိုအစီအစဉ် များအပြင်Mytelသည် (၅၀% ငွေဖြည့်အပိုလက်ဆောင် + ၂၀၀ ရာခိုင်နှုန်း ဒေတာအပိုဆုရယူနိုင်မည့်) နှစ်ဆတိုး အပိုလက်ဆောင်အစီအစဉ်နှင့်ကိုရိုနာဗိုင်းရပ်စ်၂၀၁၉ (COVID-19) ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီသို့ SMS ဖြင့်လှူဒါန်းနိုင်မည့် (111 သို့ CV19 ဟုပေးပို့ပြီးသုံးစွဲသူများအနေဖြင့် ၎င်းတို့၏လက် ကျန်ငွေမှ ၁,၀၀၀ ကျပ်ကို လှူဒါန်းနိုင် မည့်) အစီအစဉ်ကိုလည်းမိတ်ဆက်ပေးခဲ့သည်။

Photo Source https://www.facebook.com/mytelmyanmar

မြန်မာလူမျိုးတို့၏ အကျိုးနှင့်သက်သာချောင်ချိရေးအားဂရုစိုက်သောရှေ့ပြေးတီထွင်သူ အော်ပရေတာ Mytel သည်အထူးသဖြင့် ယခုကဲ့သို့ ခက်ခဲကျပ်တည်းသောကာလများတွင်မိမိနိုင်ငံအားအကူအညီဖြစ်စေနိုင်မည့် ဝန်ဆောင်မှုများ နှင့်ပိုမိုကောင်းမွန်သောအတွေ့အကြုံများပေးနိုင်ရန်ဆက်လက်တီထွင်သွားမည်ဖြစ်သည်။ ထို့အပြင် Mytel သည် ဆန်းသစ် သောတီထွင်မှုများနှင့်ဝန်ဆောင်မှုများ၏ဖွံ့ဖြိုးတိုးတက်ရေးအားအထူးအာရုံစိုက်လျက်ပြီးမြန်မာပြည်သူတို့အတွက်ကောင်းမွန်သောအနာဂတ်ကိုဖန်တီးပေးနိုင်ရန်ဆက်လက်၍ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
Mytel ကုမ္ပဏီသည် ၂၀၁၆ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံဆက်သွယ်ရေးဈေးကွက်သို့ နောက်ဆုံးဝင်ရောက်လာသည့် ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီဖြစ်သည်။ မြန်မာနိုင်ငံတွင်ဝန်ဆောင်မှုပေးနေသော ဆက်သွယ်ရေးအော်ပရေတာ ၁၁ ခုနှင့်ချိတ်ဆက်ပြီးရှေ့ပြေးဈေးကွက်များတွင်ဆယ်စုနှစ်တစ်ခုကျော်တိုင်အ တွေ့အကြုံရှိ သည့် ဗီယက်နမ်ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီ Viettel နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ Mytel သည် မြန်မာနိုင်ငံနှင့်ကိုက်ညီသည့်သုံးစွဲသူအကြိုက်ဝန်ဆောင်မှုများကို ကြိုးပမ်းလုပ်ဆောင်ပေးရင်းနောက်ဆုံးပေါ် နည်းပညာ များနှင့်ဆက်သွယ်ရေးဈေးကွက်အားအရှိန်အဟုန်မြှင့်ကာ မြန်မာပြည်သူပြည်သားများအတွက် ဈေးနှုန်းသက်သာပြီး အရည်အသွေးကောင်းမွန်သည့်ဝန်ဆောင်မှုများကို အဓိကပေးအပ်သွားမည်ဖြစ်သည်။ Mytel သည် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် အကျယ်ပြန့်ဆုံး 4.5 G ကွန်ရက်နှင့်ခေတ်အမီဆုံးဆက်သွယ်ရေးအခြေခံအဆောက်အဦးများ ထောက်ပံ့ ပေးပြီး ဒစ်ဂျစ်တယ်စနစ်သို့ကူးပြောင်းရန်နှင့်မြန်မာပြည်သူပြည်သားတို့၏ လူနေမှုဘဝများကိုစွမ်းအားမြှင့်တင်ရန် ဆောင်ရွက်ပေးနေသော ဆက်သွယ်ရေးကွန်ရက်တစ်ခုဖြစ်လာစေရန်ရည်ရွယ်သည်။ MyID သည် Mytel မှ ၂၀၁၉ ခုနှစ်အောက်တိုဘာလတွင်မိတ်ဆက်ပေးလိုက်သောသုံးစွဲသူများအတွက် အံ့ဩဖွယ်ရာအရေးပါသည့် လုပ်ဆောင်ချက်များ ပါဝင်သည့်စူပါ app ဖြစ်သည်။ MyID တွင်မြောက်များလှစွာသော ဖျော်ဖြေရေးအစီအစဉ်များ၊ အဆင့်မြင့်စာတိုပေးပို့ခြင်း၊ ဖုန်းခေါ်ဆိုခြင်း၊ Mytel ၏ဝန်ဆောင်မှုများကို စီမံခန့်ခွဲခြင်း၊MyID Loyalty ကိုအသုံးပြု၍ခံစားခွင့်များနှင့် ကူပွန်များလဲ လှယ်ခြင်းနှင့်အခြားသော ဝန်ဆောင်မှုများစွာပါဝင်သည်။
အသေးစိတ်အချက်အလက်များကိုပိုမိုသိရှိလိုပါက အောက်ပါ Link များတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/mytelmyanmar
https://www.mytel.com.mm