ကြိုတင်အမှာပါးနိုင်တဲ့ စားသောက်ဆိုင် “EAT IN MYANMAR”

 

Image Source: https://www.facebook.com/eatinmyanmar/

MYEA -Myanmar Young Entrepreneurs Association

“မြန်မာလူငယ်လုပ်ငန်းရှင်များအသင်း” ဆိုတဲ့နာမည်နဲ့အသင်းရှိတယ်။

အတော်လေးအင်အားရှိတဲ့အသင်းဖြစ်ပြီး ၂၂ ၊ ၁၀ ၊ ၂၀၁၆ မှာနေပြည်တော်မှာကျင်းပခဲ့တဲ့ Myanmar Entrepreneurship Summit 2016 ရဲ့ guest ကတော့ နိုင်ငံတော်အကြံပေးဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါတယ်။

အလုပ်များရှုပ်နေတဲ့ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်က မိနစ်(၃၀)ခန့် လုပ်ငန်းရှင်များကိုမိန့်ခွန်းပြောခဲ့ပါတယ်။

အဲ့လိုအစုအဝေးက ၂၀၁၇ခုနှစ် ၆လပိုင်း ၁၆ရက်ကနေ ၁၈ရက်နေ့ထိ ရန်ကုန်မှာကျင်းပခဲ့တာတော့ Myanmar Entrepreneurs Carnivalဘဲဖြစ်ပါတယ်။

အဲ့ဒီ့ eventမှာတော့ အတော်များများလုပ်ငန်းရှင်တွေက ပြခန်းကိုဖွင့်လှစ်ထားပါတယ်။

အဲ့လိုဖွင့်လှစ်ထားတဲ့ပြခန်းတွေအထဲမှာမှ မျက်စိကျခဲ့တဲ့ Tech related services ကိုမိတ်ဆက်ပေးချင်ပါတယ်။

အဲ့ဒါကတော့ “eat in Myanmar”ပဲဖြစ်ပါတယ်။

Image Source: http://www.eatinmyanmar.com/

Logo ကိုကြည့်ခြင်းဖြင့်သိလောက်တဲ့အတိုင်းအစားအသောက်နဲ့ပတ်သက်တဲ့ service ကိုပေးတာပါ။

Service ရဲ့ အသေးစိတ်ကတော့ Restaurantရဲ့ Online booking ပဲဖြစ်ပါတယ်။

Website

Facebook Page

App Download(andriod)

၁၇၊၆၊၂၀၁၇ မှာဆိုရင် android app , website နဲ့ service ဖြန့်ချီနေပါတယ်။

iOS App ရဲ့ ဖြန့်ချီမှုအတွက်ပြင်ဆင်နေတုန်းဖြစ်ပြီးနောက်ထက်( ၁)လလောက်ဆိုတာနဲ့ ပေးကမ်းမဲ့အစီအစဉ်ရှိပါတယ်။

Booking ကတော့လုပ်နိုင်တာက ပုံမှန်ဖြစ်ပြီး ၁၀% discount စသည့် သက်သာတဲ့လျှော့ဈေးစနစ်လည်း တူညီတဲ့ဝန်ဆောင်မှူကိုလည်းပေးတယ်။

Discount ရှိခြင်းမရှိခြင်းတို့ဘယ်လောက်ထိ discount ချမလဲဆိုတာကတော့ ဆိုင်ပေါ်မှာမူတည်ပြီး ကွဲခြားပေမဲ့ အများဆုံး ၂၀% discount ရှိတယ်။

Image Source: https://play.google.com/store/apps

အဲ့လို service ကိုတည်ထောင်ခဲ့တာကတော့ Australia စသည့်နိုင်ငံခြားတက္ကသိုလ်ကိုတက်ခဲ့ပြီး ရန်ကုန်ကိုပြန်လာပြီးတဲ့ member 4 ယောက်ဖြစ်ပါတယ်။

※ဓာတ်ပုံထဲမှာတော့ ၄ယောက်နဲ့ founder ၂ ယောက်ဖြစ်ပါတယ်။

ယခုချိန်ထိကျွန်တော်ကရန်ကုန်ကစားသောက်ဆိုင်မှာ booking လုပ်မယ်ဆိုလျှင် အနည်းငယ်လောက်သာရတဲ့ မြန်မာလိုပြောရတာတို့ English လိုပြောလို့ရတဲ့ဆိုင်တွေမှာတော့ English လို booking လုပ်ဖို့လိုတယ်။

လုပ်နည်းကတော့ ဖုန်းနဲ့ဘဲဖြစ်ပါတယ်။

သို့ပေမဲ့ တကယ်တမ်းဆိုင်ကိုသွားကြည့်ပေမဲ့ “Booking မလုပ်ထားပါဘူး” ဆိုပြီးအပြောခံရတာလည်း

တစ်ခါနှစ်ခါမကဘူး။

သို့ဖြစ်၍ online နဲ့ စားသောက်ဆိုင်ရဲ့ စားပွဲ Booking ကိုလုပ်လို့ရမှာကတော့ ကျေးဇူးတင်ပေမဲ့ အပြည့်အစုံတော့ ယုံရမှာခက်တယ်။

“တကယ်လုပ်လို့ရတာလား? “မယုံဘူး!” ဆိုပြီးခဏခဏမေးကြည့်ပေမဲ့ အခေါက်တိုင်းလည်း “အဆင်ပြေနိုင်တဲ့အတွက် စမ်းသုံးကြည့်စေချင်ပါတယ်” ဆိုပြီးပဲပြောပါတယ်။

၁နာရီကြိုပြီးတော့ Booking လုပ်ဖို့လိုပြီး Booking က confirm ဖြစ်ရင်တော့ message ရောက်လာမှာပါ။

ဂျပန်အစားအစာကနေ တရုတ်အစားအစာထိရှိပြီး ဆိုင်တွေကျယ်ကျယ်ပြန့်ပြန့် ထည့်ထားပြီး service စပြီးတည်းက (၃)လလောက်ထင်တယ် ဆိုင်ပေါင်း ၂၀၀ကျော်လောက်ရှိတဲ့ Bookingလုပ်လို့ရတယ်လို့ဆိုတယ်။

တစ်ခါလောက် သုံးကြည့်ချင်တယ် ဆိုပြီးတော့တွေးမိပြီး App ကို download ဆွဲကြည့်ပါတယ်။

အမျိုးမျိုးသော Tech မျိုးလုပ်ငန်းက မြန်မာမှာခေတ်စားနေတယ်။

အစားအသောက်နဲ့ပတ်သက်တဲ့ service က ရှိပေမဲ့  စားသောက်ဆိုင်ကို booking လုပ်လို့ရတဲ့ကိစ္စနဲ့ပတ်သက်တဲ့  service ကတော့ နည်းသလိုခံစားရတယ်။

သူတို့တွေရဲ့ လုပ်ငန်းတွေရဲ့ နောက်ပိုင်းကိစ္စတွေကိုလည်း စိတ်ဝင်စားတယ်။

 

Guest writer: 桂川融己 (Katsuragawa Yuki)