လုပ်ကွက်ငယ်တောင်သူများကို ထောက်ပံ့ကူညီနိုင်ရန် Proximity Finance မှ ဒေါ်လာ ၁၄ သန်းတိုးချဲ့ ရင်းနှီးမြှုပ်နှံ

မြန်မာနိုင်ငံ၏ ပထမဆုံးသော တောင်သူဗဟိုပြုဘဏ္ဍာရေးအဖွဲ့အစည်းဖြစ်သည့် Proximity Finance သည် Finnfund Nordic Microfinance Initiative (NMI)၊ Proparco တို့နှင့်ပူးပေါင်း၍ အမေရိကန်ဒေါ်လာ ၁၄ သန်း တန်ဖိုးရှိသည့် အကျိုး အမြတ်တန်းတူရရှိသည့် လုပ်ငန်းပူးပေါင်းလုပ်ဆောင်မှုသဘောတူစာချုပ်ချုပ်ဆိုခဲ့ကြောင်းသိရသည်။
လုပ်ကွက်ငယ်တောင်သူများကို စိုက်ပျိုးရေးနည်းစနစ်၊ စိုက်ပျိုးရေးအသိပညာပေးခြင်းနှင့် စိုက်ပျိုးရေးချေးငွေများကို ဝန်ဆောင်မှုပေးနေသည့် မြန်မာနိုင်ငံ၏ အကြီးမားဆုံးစိုက်ပျိုးရေးဝန်ဆောင်မှုပလက်ဖောင်းတစ်ခုဖြစ်သည့် Proximity Designs ၏ အသေးစားချေးငွေလုပ်ငန်းတစ်ခုအနေဖြင့် Proximity Finance ကို ၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ သည်။
အဆိုပါလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (FRD) မှ တင်ပြ၍ လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုချက်တောင်းခံသွားမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိခဲ့ပါက ၎င်းထပ်တိုးရင်းနှီးမြှုပ်နှံမှုအားဖြင့် Proximity Finance သည် လာမည့် လေးနှစ်အတွင်း ယခုလက်ရှိ ချေးငွေထုတ်ပေးနေသည့် အိမ်ထောင်စုအရေအတွက် ၁၃၀၀၀၀ ထက် သုံးဆတိုးမြှင့်ပြီး ချေးငွေပေါင်း ၁၅၀၀၀၀၀ ထုတ်ပေးနိုင်မည်ဖြစ်သည်။ အဆိုပါ သဘောတူစာချုပ်ပါ ကတိကဝတ်သည် ချေးငွေပမာဏတိုးမြှင့်ခြင်း၊ ချေးငွေအမျိုးအစားတိုးချဲ့ခြင်းများတွင် အထောက်အကူပြုမည်ဖြစ်ပြီး စွန့်ဦး တီထွင်ရန် စိတ်ဆန္ဒရှိသည့် လုပ်ကွက်ငယ်တောင်သူများ ရင်းနှီးမြှုပ်နှံရန် လိုအပ်သည့် ငွေကြေးကိုလည်းမတည်ပေးနိုင်မည် ဖြစ်သည်။

Photo Source https://www.proparco.fr/en

အသေးစားချေးငွေလုပ်ငန်းအများစုထံမှ ချေးငွေရယူပါက လစဉ် ပြန်လည်ပေးသွင်းရန်လိုအပ်သော်လည်း Proximity Finance မှ ချေးငွေရယူထားသည့် တောင်သူများအနေဖြင့် သီးနှံရိတ်သိမ်းရောင်းချပြီးချိန်မှသာ ချေးငွေပြန်လည်ပေးသွင်းရ မည်ဖြစ်သည်။
“တောင်သူတွေရဲ့ ငွေကြေးအခြေအနေက စိုက်ပျိုးရာသီချိန်ပေါ်မှုတည်ပြီး စိန်ခေါ်မှုတွေများစွာရှိနိုင်တာကြောင့် ကျွန်မတို့က တောင်သူလိုအပ်ချက်နဲ့ ကိုက်ညီမှုရှိတဲ့ တောင်သူဗဟိုပြုချေးငွေပုံစံကို ဖော်ဆောင်ထားရှိပြီး ချေးငွေဝန်ဆောင်မှုတွေ ပေးနေ တာပါ”ဟု Proximity Finance ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Hedvig Sundberg မှ ပြောကြားသည်။
“အကျိုးသက်ရောက်မှုဗဟိုပြုတဲ့ ရင်းနှီးမြှုပ်နှံသူများနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်းက ကျွန်မတို့ မဆုတ်မနစ်လုပ်ဆောင်နေတဲ့ ဝင်ငွေနည်းပါးတဲ့ လူမှုနေထိုင်မှုဘဝတိုးမြှင့်ပြီး ဝင်ငွေတိုးပွားအောင် လုပ်ဆောင်နေမှုကို ပိုမိုအားကောင်းလာစေပါတယ်။ ယခုလို အကျိုးတူပူးပေါင်းဆောင်ရွက်မှုမှတ်တိုင်ဟာ ကျွန်မတို့ရဲ့ရင်းနှီးမြှုပ်နှံသူတွေက မြန်မာ့ကျေးလက်ဒေသနဲ့ ဒေသခံ များအတွက် တန်းတူညီမျှမှုရှိတဲ့ လူ့ဘောင်အဖွဲ့အစည်းဖော်ဆောင်ရေးကို အထူးအာရုံစိုက်ကြောင်းနဲ့ နိုင်ငံတကာမှ ထောက် ပံ့ကူညီမှုရှိကြောင်း အစရှိတာတွေကို မီးမောင်းထိုးပြလိုက်သလိုပါပဲ”ဟု သူမကထပ်မံပြောကြားသည်။
မြန်မာနိုင်ငံရှိ ကျေးလက်နေပြည်သူလူထု၏ ၃၉ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးစွာ နေထိုင်လျက်ရှိသည်။ တောင်သူလယ်သ မားများသည် ထောက်ပှုံအမြောက်အမြားလိုအပ်နေသော ဈေးကွက်ကို ကိုယ်စားပြုလျက်ရှိပြီး ၎င်းတို့၏ လိုအပ်ချက်ကို ဖြည့် ဆည်းပေးလိုသော ရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုသူများအတွက် ကြီးမားသောအခွင့်အလမ်းတစ်ခုလည်းဖြစ်သည်။

Photo Source https://www.proparco.fr/en

“Proximity Finance က လုပ်ကွက်ငယ်တောင်သူများဗဟိုပြုခြင်းဖြင့် ငွေကြေးအဓိကလိုအပ်နေတဲ့ တိုင်းပြည်ရဲ့ကျေးလက် ဘဏ္ဍာရေးကဏ္ဍကို ဖြည့်ဆည်းပေးလျက်ရှိပြီး ဝန်ဆောင်မှုမရရှိကြတဲ့ ကျေးလက်လူဦးရေ သန်း ၃၀ ကို ဝန်ဆောင်မှုပေး ခြင်းဖြင့် ဘဏ္ဍာရေးနယ်ပယ်ကို ဝိုင်းဝန်းပုံဖော်ပေးဖို့ ရည်ရွယ်ချက်ထားရှိပါတယ်။ လူတိုင်းပါဝင်နိုင်တဲ့ ဘဏ္ဍာရေးဖြစ်စေရန် ဆောင်ရွက်နေတဲ့ Proximity Finance ရဲ့ လုပ်ဆောင်မှုအတွက် ထောက်ပံ့ကူညီခွင့်ရလို့ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်”ဟု Proparco ၏ မြောက်အာရှနှင့်အရှေ့တောင်အာရှဒေသ တာဝန်ခံဒါရိုက်တာဖြစ်သူ Magali Roux ကပြောကြားခဲ့သည်။
“ငွေကြေးပံ့ပိုးကူညီဖို့ လစ်လျူရှူခံထားရတဲ့ မြန်မာ့လုပ်ကွက်ငယ်တောင်သူတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ဝန်ဆောင်မှု တွေပေးနေပြီး စိုက်ပျိုးရေးမှာ အထူးကျွမ်းကျင်စွာလုပ်ဆောင်နေကြတဲ့အဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်မှုခရီးလမ်းမှာ ငွေကြေး ထောက်ပံ့ကူညီခွင့်ရလို့ Nordic Microfinance Initiative အနေနဲ့ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်”ဟု Nordic Microfinance Initiative ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Arthur Sletteberg မှ ပြောကြားသည်။
“အခုလိုရင်းနှီးမြှုပ်နှံမှုက အားလုံးပါဝင်နိုင်တဲ့ ဘဏ္ဍာရေးစနစ်ဖော်ဆောင်ဖို့ စိုက်ပျိုးရေးကဏ္ဍနဲ့ အမျိုးသမီးစွမ်းဆောင်ရည် မြှင့်တင်ခြင်းကဏ္ဍတွေအတွက် အကျိုးရှိစေတာတွေကြောင့် တစ်ချိန်တည်းမှာ ရေရှည်တည်တံခိုင်မြဲတဲ့ ဖွံ့ဖြိုးရေးရည်မှန်း ချက်အများအပြားကို ဦးတည် ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်”ဟု Finnfund ၏ ရင်းနှီးမြှုပ်နှံမှုမန်နေဂျာဖြစ်သူ Ulla Huotari က ပြောကြားသည်။
Proximity Finance မှ ချေးငွေရယူသူများ၏ ၆၀ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်သောကြောင့် ယခုရင်းနှီးမြှုပ်နှံမှုသည် ကျား၊ မ တန်းတူညီမျှမှု ကတိကဝတ်ဖြစ်သည့် 2X Challenge ရင်းနှီးမြှုပ်နှံမှုအမျိုးအစားအဖြစ် အကျုံးဝင်သည်။ ထို့အပြင် ကုမ္ပဏီတွင်လည်း အမှုဆောင်အရာရှိချုပ်နှင့် Head of Finance နှင့်အပါအဝင် အကြီးတန်းအရာရှိတာဝန်ထမ်းဆောင်နေ သည့် ဝန်ထမ်းများ၏ ၅၀ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်သောကြောင့် ကျား၊ မ တန်းတူညီမျှမှုရှိကြောင်း အခိုင်အမာဖော် ပြနေသည်။ Proximity Finance သည် ၎င်း၏ လုပ်ငန်းမူဝါဒများ အစီအစဉ်များနှင့် ငွေကြေးဝန်ဆောင်မှုများမှတစ်ဆင့် လုပ် ဖော်ဆောင်ဖက်များနှင့် ချေးငွေရယူသူ အမျိုးသမီးများကို အရည်အသွေးမြှင့်တင်ပေးရန် ရည်ရွယ်ချက်ထားရှိကြောင်းသိရ သည်။