မိုဘိုင်းလောကထဲ ရောက်ရှိလာတော့မယ့် Avatar MMORPG ဂိမ်းအသစ်

Avatar လို့ပြောလိုက်တာနဲ့ ၂၀၀၉ ခုနှစ်က IMDB rating 7.8 ရရှိထားတဲ့အပြင် ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ Avatar သိပ္ပံရုပ်ရှင်ကားကိုပြေးမြင်မိကြမှာ ဖြစ်ပါတယ်။ အခုကြေငြာထားတဲ့ Avatar: Frontiers of Pandora ကလည်း ရုပ်ရှင်ကားထဲကအတိုင်း Character တွေ အကောင်တွေနဲ့ ပတ်ဝန်းကျင်တွေကို ဖန်တီးထားတာပါ။ 

Photo Source https://avatarreckoning.com/

First Person ကစားရမှာဖြစ်ပြီး Multiplayer Online Role-Playing Shooter ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ iOS နဲ့ Android နှစ်မျိုးလုံးအတွက် ၂၀၂၂ ခုနှစ်ထဲ ထွက်ရှိမှာဖြစ်ပါတယ်။ ကစားသူတွေအနေနဲ့ သူတို့ရဲ့ ဇာတ်ကောင်ကို Avatar ဇာတ်ကောင်အဖြစ်ဖန်တီးပြီး Pandora က Na’vi Clan ထဲကိုဝင် လူသားတွေနဲ့ တိုက်ခိုက်တဲ့ ဇာတ်လမ်းသွားပုံစံနဲ့ ဇာတ်ကားထဲကလိုပဲ ဆော့ကစားရမှာပါ။ ကစားသူတွေအနေနဲ့ Solo ကော Multiplayer ပွဲကောအမျိုးမျိုးကစားနိုင်မှာ ဖြစ်သလို ဇာတ်ကောင်ကို Level တင်တာ၊ ပစ္စည်းဆင်တာတွေလည်း ပြုလုပ်နိုင်ပါတယ်။ Unreal Engine 4 ကိုအသုံးပြုထားတဲ့အတွက် Graphic ပိုင်းလည်းကောင်းမွန်နေမှာ သေချာပါတယ်။

ဂိမ်းနဲ့ပက်သက်တဲ့ နောက်ဆုံးအကြောင်းအရာတွေအတွက် https://avatarreckoning.com/ မှာ Sign Up ပြုလုပ်ထားနိုင်ပါတယ်။