Myanmar Championship 2020 ဖိုင်နယ် Online ဂိမ်းပြိုင်ပွဲတွင် PMCO SEA Wildcard Final ဝင်ရောက်ခွင့်ရသည့် အသင်းများထွက်ပေါ်

PUBG Mobile မှ COVID-19 အခြေအနေကြောင့် ကစားသမားများ၊ အားပေးသောပရိတ်သတ်များနှင့် ပါဝင်သူအားလုံး၏ ဘေးကင်းလုံခြုံမှုအတွက် Myanmar Championship 2020 ဖိုင်နယ်ဂိမ်းပြိုင်ပွဲကို Online သီးသန့်ပြိုင်ပွဲအဖြစ် မတ်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တွင် နေ့လယ် ၁ နာရီမှ ည ၈ နာရီအထိ ပြုလုပ်ကျင်းပခဲ့ပြီး အဆိုပါ ဖိုင်နယ် Online ဂိမ်းပြိုင်ပွဲမှ ဆုရရှိ သည့်အသင်းများထွက်ပေါ်လာခဲ့ပြီး ဆုများပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲကြီးကို MPT မှ Official Telecom Partner အဖြစ် ပူးပေါင်းကူညီပံ့ပိုးထားပြီး PUBG Mobile နှင့် MPT Facebook Page တို့မှလည်း တိုက်ရိုက် LIVE Stream ပြသသွားခဲ့ကြောင်းသိရသည်။

Photo Source https://www.fb.com/PUBGMOBILE.MM.OFFICIAL\

My GALAXY အသင်းသည် PUBG Mobile Myanmar Championship 2020 ၏ Champion ဖြစ်ခဲ့ပြီး First Runner-Up ဆုကို Yangon Galacticos ကလည်းကောင်း၊ Second Runner-UP ဆုကို DEUS Esport ကလည်းကောင်း၊ Third Runner-Up ဆုကို Team SCOTT ကလည်းကောင်း အသီးသီးရရှိခဲ့ကြသည်။
PUBG MOBILE မှ Champion ရရှိခဲ့သည့် My GALAXY အသင်းကို ကျပ်သိန်း ၁၅၀၊ First Runner-Up ရရှိခဲ့သည့် Yangon Galacticos အသင်းကို ကျပ်သိန်း ၁၀၀၊ Second Runner-Up ရရှိခဲ့သည့် DEUS Esport အသင်းကို ကျပ်သိန်း ၆၀၊ Third Runner-Up ရရှိခဲ့သည့် Team SCOTT အသင်းကို ကျပ်သိန်း ၃၀၊ အဆင့် ၅ မှ ၈ ရရှိသည့်အသင်းများကို ကျပ် ၁၅ သိန်း၊ အဆင့် ၉ မှ ၁၈ ရရှိသည့်အသင်းများကို ကျပ် ၁၀ သိန်း၊ စသည့်ဆုကြေးငွေများအသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ယခုဖိုင်နယ်အဆင့်ပြိုင်ပွဲတွင် ထိပ်ဆုံးရရှိသော အသင်း ၄ သင်းဖြစ်သည့် My GALAXY၊ Yangon Galacticos၊ DEUS Esport၊ Team SCOT တို့သည် PMCO SEA Wildcard Final အဆင့်သို့ တိုက်ရိုက်ဝင်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ ထိုမြန်မာအသင်း ၄ သင်းနှင့်အတူ လာအို၊ စင်င်္ကာပူ၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် အရှေ့တီမောနိုင်ငံများမှ Online ြပိုင်ပွဲများမှ အနိုင်ရရှိသော အသင်း ၁၂ သင်း၊ စုစုပေါင်း အသင်း ၁၆ သင်းတို့သည် PMCO SEA Wildcard Final အဆင့်တွင် Online မှတဆင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို PMCO SEA Wildcard Final အဆင့်တွင် ထိပ်ဆုံးရပ်တည်နိုင် သော အသင်း ၃ သင်းကသာ ကိုယ်ပိုင် League ရှိသောနိုင်ငံများဖြစ်သည့် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့်ဗီယက်နမ်နိုင်ငံ မှ အသင်းများနှင့်အတူ PMCO SEA Final သို့ တက်လှမ်းယှဉ်ပြိုင်ရမည်ဖြစ်သည်။ PMCO SEA Final ပြိုင်ပွဲကြီးတွင် စုစု ပေါင်း အမေရိကန်ဒေါ်လာ၁၅၀၀၀၀ တန်ဖိုးရှိသည့် ဆုကြေးငွေများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

Photo Source https://www.fb.com/PUBGMOBILE.MM.OFFICIAL\

PUBG Mobile Myanmar Championship 2020 ပြိုင်ပွဲကြီးသည် PUBG Mobile ၏ အရှေ့တောင်အာရှဒေသအတွင်း အကြီးမားဆုံး နိုင်ငံတကာအဆင့်ပြိုင်ပွဲကြီးတစ်ခုဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများမှ အကောင်းဆုံးကစားသမားအဖွဲ့များ နှင့် မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်နိုင်မည့် PMCO(PUBG MOBILE Club Opens) SEA Final ပြိုင်ပွဲကြီးအထိ ခေါ်ဆောင် သွားနိုင်မည့် စိတ်လှုပ်ရှားဖွယ် နိုင်ငံတွင်းပြိုင်ပွဲကြီးဖြစ်သည်။
ယခု PUBG MOBILE Myanmar Championship 2020 ပြိုင်ပွဲဖိုင်နယ်အဆင့်မတိုင်မှီ ပြိုင်ပွဲဝင်အသင်းများသည် တစ်အုပ်စု လျှင် အသင်း ၂၀ ဖြင့် အုပ်စု ၆၀ ခွဲကာ အွန်လိုင်း Round ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ဗိုလ်လုပွဲအဆင့်သို့ တက် ရောက်နိုင်ခဲ့သည့် အသင်း ၁၆ သင်းနှင့်ပြီးခဲ့သော ၂၀၁၉ ခုနှစ်တွင် PUBG Mobile Myanmar Championship Offline ဂိမ်း ပြိုင်ပွဲကြီးမှ ပထမနှင့်ဒုတိယရရှိသော အသင်း ၂ သင်း၊ စုစုပေါင်း ၁၈ သင်းသည် ယခု PUBG MOBILE Myanmar Championship 2020 ပြိုင်ပွဲ Final အဆင့်တွင် ယှဉ်ပြိုင်ခဲ့ကြသည်။
PUBG MOBILE သည် Original Battle Royale ဂိမ်းအမျိုးအစားဖြစ်သော Player Unknown’s Battlegrounds ဟူသည့် PC ဂိမ်း၏ တရားဝင်မိုဘိုင်းဂိမ်းတစ်ခုဖြစ်သည်။ လက်ရှိတွင် အာရှဒေသတွင်း၌ လူကြိုက်အများဆုံး ဂိမ်းတစ်ခုလည်းဖြစ်ပြီး ပွဲစဉ်တစ်ခုအတွင်း ကစားသမားအယောက် ၁၀၀ အထိ တပြိုက်နက်ဝင်ရောက်ကစားနိုင်သော ဂိမ်းတစ်ခုဖြစ်သည်။ PUBG Mobile Game ပုံစံသည် အဆင့်တက်တိုင်း တဖြည်းဖြည်းကျဉ်းမြောင်းလာသော စစ်မြေပြင်ထဲတွင် တွေ့ရှိသောလက်နက် များနှင့်ယာဉ်များကို အသုံးပြုကာ နောက်ဆုံးအသက်ရှင်ကျန်ရစ်သော ကစားသမားဖြစ်အောင် ကြိုးစားရမည်ဖြစ်ပြီး ထို့သို့ နောက်ဆုံးကျန်ရစ်သူ (သို့မဟုတ်) အဖွဲ့သည် အနိုင်ရရှိခြင်းဖြစ်သည်။

Photo Source https://www.fb.com/PUBGMOBILE.MM.OFFICIAL\

PUBG Mobile သည် PMCO (PUBG Mobile Club Opens) SEA Final ကို တစ်နှစ်လျှင် ၂ ကြိမ်၊ နွေဦးနှင့်ဆောင်းရာသီတို့ တွင် စီစဉ်ကျင်းပလေ့ရှိပြီး အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ထိုင်း၊ မြန်မာ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ လာအို၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ အရှေ့တီမော၊ ဘရူနိုင်း၊ ဖိလစ်ပိုင် အစရှိသည့် နိုင်ငံများမှ ထိပ်တန်းကစားသမားအသင်းများ ယှဉ် ပြိုင်ကြရသည့် ဂိမ်းပြိုင်ပွဲကြီးတစ်ခုဖြစ်သည်။
ယခု ပြိုင်ပွဲနှင့်ပတ်သက်သော အချက်အလက်များ ထပ်မံသိရှိလိုပါက PUBG Mobile ၏ Official Facebook စာမျက်နှာဖြစ် သောအောက်ပါ Link တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.fb.com/PUBGMOBILE.MM.OFFICIAL\