မြန်မာ E-sports ကစားသမားများကို နိုင်ငံတကာအဆင့် ဂိမ်းပြိုင်ပွဲကြီးအထိ ပါဝင်နိုင်မည့် ပြည်တွင်း PUBG MOBILE ဂိမ်းပြိုင်ပွဲကျင်းပ

PUBG MOBILE Myanmar Championship 2020 Spring Split ပြိုင်ပွဲ၏ Online Registration ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့ အထိ စိတ်ပါဝင်စားသည့် မည်သူမဆို စာရင်းပေးသွင်း၍ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး အသင်းပေါင်း ၁၂၀၀ ကို လက်ခံယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။
မြန်မာလူငယ် E-sports ကစားသမားများကို PUBG MOBILE ၏ အရှေ့တောင်အာရှဒေသအတွင်းတွင် အကြီးမားဆုံး နိုင်ငံတကာအဆင့် ပြိုင်ပွဲကြီးတစ်ခုဖြစ်သည့် PMCO (PUBG MOBILE Club Opens) SEA Final ပြိုင်ပွဲကြီးအထိ သွားရောက်ယှဉ်ပြိုင်နိုင်ရန် ခေါ်ဆောင်သွားနိုင်မည်ဖြစ်ပြီး ပြိုင်ပွဲကြီးကို MPT မှ Main Partner အဖြစ် ပံ့ပိုးကူညီ ပေးထား ခြင်းလည်းဖြစ်သည်။

Photo Source – http://www.fb.com/PUBGMOBILE.MM.OFFICIAL

ယခု ပြုလုပ်ကျင်းပမည့် PUBG MOBILE Myanmar Championship 2020 Spring Split ပြိုင်ပွဲတွင် ထိပ်ဆုံးရရှိသော အသင်း (၄) သင်းသည် PMCO SEA Wildcard Final အဆင့်သို့ တိုက်ရိုက်ဝင်ရောက်ခွင့် ရရှိမည်ဖြစ်သည်။
PUBG MOBILE Myanmar Championship 2020 Spring Split ပြိုင်ပွဲ၏ Online Registration ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ စိတ်ပါဝင်စားသည့် မည်သူမဆို စာရင်းပေးသွင်း၍ ပါဝင်ယှဉ်ပြိုင်နိုင်သည်။ စာရင်းပေးသွင်းထားသည့် ကစားသမားများသည် အသင်းအသီးသီးဖွဲ့စည်းရမည်ဖြစ်ပြီး မတ်လ ၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ အဆင့် နှစ်ဆင့်ဖြင့် Online Qualifier ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။
ပြိုင်ပွဲဝင်အသင်းများသည် First Round ပွဲစဉ်ကို မတ်လ ၁ ရက် မှ မတ်လ ၁၂ ရက်အထိ ကျပန်းအုပ်စုခွဲပြီး တစ်အုပ်စုလျှင် အသင်း ၂၀ ဖြင့် အုပ်စု ၆၀ ခွဲကာ အွန်လိုင်းတွင် First Round စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ တစ်ရက်လျှင် Live Streaming ၂ အုပ်စုကို ကျပန်းရွေးချယ်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ First Round တွင် နောက်တဆင့်တက်ရန် အဆိုပါ အဆင့်ပြိုင်ပွဲများမှ ရမှတ်များကို ရေတွက်မည်ဖြစ်ပြီး အုပ်စုများမှ စုစုပေါင်းရမှတ် အဆင့် ၁ နှင့် ၂ ရရှိသည့် အသင်းသည် နောက်တစ်ဆင့် Second Round တက်ရမည်ဖြစ်သည်။

Photo Source – http://www.fb.com/PUBGMOBILE.MM.OFFICIAL

Second Round ပွဲစဉ်ကို မတ်လ ၁၃ ရက်မှ မတ်လ ၁၆ ရက်အထိ First Round မှ အဆင့် ၁ နှင့် ၂ ရရှိသည့် ပြိုင်ပွဲဝင်အသင်း စုစုပေါင်း ၁၂၀ သင်းသည် ပြိုင်ပွဲကို တစ်အုပ်စုလျှင် ၁၅ သင်းဖြင့် ၈ အုပ်စုခွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ တစ်အုပ်စုလျှင် ၁၅ သင်းကို ကျပန်းရွေးချယ်မည်ဖြစ်ပြီး တစ်ရက်လျှင် Live Streaming ၁ အုပ်စုကို ကျပန်းရွေးချယ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ Second Round တွင် နောက်တဆင့်တက်ရန် အဆိုပါအဆင့်ပြိုင်ပွဲများမှ ရမှတ်များကို ရေတွက်မည်ဖြစ်ပြီး အုပ်စုများမှ စုစုပေါင်းရမှတ် အဆင့် ၁ နှင့် ၂ ရရှိသည့် အသင်းသည် နောက်တစ်ဆင့် ဗိုလ်လုပွဲအဆင့် တက်ရမည်ဖြစ်သည်။
ဗိုလ်လုပွဲအဆင့် တက်ရောက်သည့် အသင်း ၁၆ သင်း နှင့် ပြီးခဲ့သော ၂၀၁၉ ခုနှစ်တွင် PUBG MOBILE Myanmar Championship Offline ဂိမ်းပြိုင်ပွဲကြီမှ ပထမနှင့် ဒုတိယရရှိသော အသင်း ၂ သင်း၊ စုစုပေါင်း ၁၈ သင်းသည် PUBG MOBILE Myanmar Championship 2020 Spring Split ပြိုင်ပွဲကြီးသို့ တက်ရောက်ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။ အဆိုပါ နောက်ဆုံး ဖိုင်နယ်ပြိုင်ပွဲကြီးကို ၂၀၂၀ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ Yangon Convention Centre ၌ ကျင်းပသွားမည်ဖြစ်သည်။ ဗိုလ်လုပွဲအဆင့်တွင် ပြိုင်ပွဲစုစုပေါင်း ၅ ပွဲ ကစားမည်ဖြစ်ပြီး အမှတ်များကို အဆိုပါ အဆင့်ပြိုင်ပွဲများမှ ရမှတ်များကို ရေတွက်ကာ စုစုပေါင်းအမှတ်အများဆုံး ၄ သင်းသည် PMCO SEA wildcard Final အဆင့် တက်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ကြားခြင်းခံရမည်ဖြစ်သည်။
ယခု ပြုလုပ်ကျင်းပမည့် PUBG MOBILE Myanmar Championship 2020 Spring Split ပြိုင်ပွဲတွင် အသင်းများကို မြန်မာကျပ်ငွေသိန်း ၅၀၀ နှင့်တန်ဖိုးရှိသည့် ဆုကြေးငွေများနှင့် ဆုလက်ဆောင်များကို ပေးအပ် ချီးမြှင့်သွားမည်ဖြစ်သည်။ အဆင့် ၁ အနိုင်ရသည့် အသင်းကို ကျပ်သိန်း ၁၅၀ ၊ အဆင့် ၂ ရရှိသည့် အသင်းကို ကျပ်သိန်း ၁၀၀၊ အဆင့် ၃ ရရှိသည့် အသင်းကို ကျပ်သိန်း ၆၀၊ အဆင့် ၄ ရရှိသည့် အသင်းကို ကျပ်သိန်း ၃၀၊ အဆင့် ၅ မှ ၈ ရရှိသည့် အသင်းများကို ကျပ် ၁၅ သိန်းနှင့် အဆင့် ၉ မှ ၁၈ ရရှိသည့် အသင်းများကို ကျပ် ၁၀ သိန်းစီ ဆုကြေငွေများ အသီးသီး ချီ့မြှင့်သွားမည်ဖြစ်သည်။
စာရင်းပေးသွင်းရန်နှင့် ပြိုင်ပွဲအသေးစိတ်အချက်အလက်များ၊ စည်းကမ်းသတ်မှတ်ချက်များကို ဖော်ပြပါလင့်တွင် http://bit.ly/pmmcregistration ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
မည်ကဲ့သို့ စာရင်းပေးသွင်းရမလဲ၊ မည်ကဲ့သို့ လုပ်ဆောင်ရမလဲ စသည့် အသေးစိတ်ရှင်းလင်းချက်များကို ဖော်ပြပါလင့်တွင် http://bit.ly/38jCGFr ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ပြိုင်ပွဲနှင့် ပတ်သက်သော အချက်အလက်များအားလုံးကို PUBG MOBILE ၏ Official Facebook စာမျက်နှာ http://www.fb.com/PUBGMOBILE.MM.OFFICIAL တွင်လည်း ဝင်ရောက်၍ လေ့လာနိုင်သည်။