စိတ်ညစ်တာတွေများလာတဲ့အခါ လူတိုင်းအတွက် စိတ်ထွက်ပေါက်တစ်ခုဖြစ်စေမယ့် Call Me Today Online Counselling Platform (Call Me Today ၏ ဒါရိုက်တာဖြစ်သူကိုကျော်ဇင်နှင့် အင်တာဗျူးဆောင်းပါး)

တစ်ယောက်တည်းတိတ်တိတ်လေးစိတ်ညစ်ဖူးလား။ ရင်ဖွင့်တိုင်ပင်စရာမရှိတဲ့အခါမျိုးတွေမှာစိတ်ညစ်လာရင် စိတ်ဓာတ် တွေကအောက်ဆုံးအထိကျဆင်းသွားတက်တာလူတော်တော်များများရဲ့ အားနည်းချက်တစ်ခုပါ။ အဖြေရှာကူညီပေးနိုင်မယ့် တစ်ယောက်ယောက်ကိုရင်ဖွင့်တိုင်ပင်လိုက်ရမှ သက်သာသွားတတ်တဲ့အခါမျိုးတွေရှိပါတယ်။
စိတ်ညစ်ထေးမှုတွေနဲ့ အချိန်ကြာကြာဖြစ်ပေါ်လာတဲ့အခါ စိတ်ကျန်းမာရေးပိုင်ဆိုင်ရာတွေပါ ကျဆင်းလာတတ်ပြီးဘဝပါ ပျက်စီးသွားတတ်စေပါတယ်။ အဲဒီအတွက်ကြောင့် ကိုယ်ဘာကြောင့်စိတ်ညစ်နေလဲ။ ဘယ်လိုအဖြေရှာရမလဲဆိုတဲ့ နည်းလမ်းတစ်ခုခုတော့ ကြိုတင်ပြင်ဆင်ထားမှ အဆင်ပြေစေမှာပါ။ စိတ်ညစ်တဲ့အခါ စိတ်ထွက်ပေါက်နေရာလေး တစ်ခုကိုသိရှိထားမှ ရေရှည်မှာစိတ်ညစ်တာတွေသက်သာစေမယ်။ ရှေ့ဆက်အနာဂတ်လုပ်ငန်းတွေလည်းအောင်မြင်မှု ရရှိစေမှာပါ။ အဲ့ဒီအတွက်ကြောင့် လူတိုင်းအတွက် စိတ်ပိုင်းဆိုင်ရာတွေကိုသက်သာဖြေရှင်းပေးဖို့ Myanmar Tech Press Team အနေနဲ့ Call Me Today ရဲ့ ဒါရိုက်တာဖြစ်သူကိုကျော်ဇင်နဲ့ ဆက်သွယ်မေးမြန်းထားတာလေးကို အင်တာဗျူး ဆောင်းပါးအနေနဲ့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Photo Source https://www.facebook.com/CallMeToday.Service

မြန်မာပြည်ကလူတွေက Online Counseling အတွက် Booking လုပ်တာတွေကိုပိုပြီးရင်းနှီးလာစေချင်ပါတယ်။ ကိုယ့်ဘာကိုယ် ဘယ်အချိန် ဘယ်နေရာမှာဖြစ်ဖြစ် နှစ်သိမ့်ဆွေးနွေးလို့ရမယ့် နေရာတခုကို လက်လှမ်းမှီစေရန် ရည်ရွယ်ပြီးပြုလုပ်ထား တာပါ။ ဒါ့အပြင် နိုင်ငံတကာ Time Zone ခြားနားချက်တွေရှိနေတာကြောင့် အဝေးရောက်မြန်မာလူမျိုးတွေအတွက် ဒီ Service ကိုသုံးလို့ရအောင်ဆိုပြီးပြုလုပ်ထားခြင်းဖြစ်ပါတယ်။
“စတင်ဖြစ်တဲ့ရည်ရွယ်ချက်က လူတွေတိုင်းကတစ်ယောက်ယောက်ကိုစကားပြောချင်လို့ရှိရင် လူလိုတယ်ပေါ့နော်။ အဲဒီလိုအခါမျိုးမှာအဆိုးဆုံးဆိုရင် အသက်ဆုံးရှုံးနိုင်တဲ့အထိတွေအထိဖြစ်နိုင်တယ်ပေါ့။ အဲလိုမျိုးမဖြစ်ရအောင် ဆိုပြီးတော့ လူတွေလိုအပ်နေတဲ့ စိတ်ကျမ်းမာရေးဝန်ဆောင်မှုကိုပေးဖို့အတွက် ဆိုပြီးတော့ 2018 ဇွန် လောက်က Call Me Today ကိုစတင်ဖြစ်ခဲ့တာပါ။ အစတုန်းကတော့ ဖုန်းလိုင်းတစ်ခုတည်းနဲ့စဖြစ်တာပါ။ အခုနောက်ပိုင်းမှာတော့ ဖုန်းလိုင်းရယ် Online ရယ်၊ Text လိုင်းရယ်ဆိုပြီးသုံးခုပေါ့”ဟု Call Me Today ဒါရိုက်တာဖြစ်သူကိုကျော်ဇင်ကရှင်းပြပါတယ်။
ရနိုင်တဲ့ဝန်ဆောင်မှုတွေက ဖုန်းကနေတဆင့် စိတ်ခံစားချက်ဖြစ်ပေါ်နေတာတွေကိုရင်ဖွင့်လို့ရသလိုအွန်လိုင်းပေါ်မှာစာနဲ့ ရေးသားဆက်သွယ်နိုင်မှာလည်းဖြစ်ပါတယ်။
“Booking မစောင့်နိုင်ဘူးဖုန်းကနေတဆင့်ဆက်သွယ်ကြတယ်။ အဝေးရောက်မြန်မာတွေကအွန်လိုင်းပေါ်ကနေ ဆရာဝန်တွေနဲ့ဆက်သွယ်ဆွေးနွေးမေးမြန်းကြတယ်။ Booking လုပ်တဲ့နေရာမှာလည်းအခြားလူအကူအညီမလိုဘူးပေ့ါနော်။ တချို့ကအိမ်ထဲမှာပဲနေနေရတယ်။ ဝမ်းနည်းလွန်းလို့စကားပြောဖို့ Text လိုင်းနဲ့ Service လုပ်ဖို့ ဖွင့်လှစ်ထားတာပါ” ဟု သူကထပ်မံရှင်းပြပါတယ်။
Call Me Today ကိုဆက်သွယ်လာတဲ့သူတွေကတော့ ကျား/မ စုံလင်ပေမယ့် မိန်းကလေးအများဆုံးလည်းဖြစ်ပါတယ်။ လာရောက်ဆွေးနွေးကြတဲ့ အကြောင်းအရာတွေကတော့ Relationship ကိစ္စများ၊ အိမ်တွင်းရေး၊ မိသားစုရေး၊ အနာဂတ် ရှေ့ရေးနဲ့ပတ်သက်တာတွေအများဆုံးလာရောက်ဆွေးနွေးကြတာပါ။ ဝန်ဆောင်ခနှုန်းထားတွေကတော့ Online ကဆိုရင် Section တစ်ခုကို ၃၅၀၀၀ ကနေစပြီးအများဆုံး ၅၀၀၀၀ အထိကျသင့်မှာဖြစ်ပါတယ်။ Text နဲ့ဆက်သွယ်မယ်ဆိုရင် တော့ Section တစ်ခုကို ၅၅၀၀ ကျသင့်မှာပါ။

Call Me Today ၏ ဒါရိုက်တာ ကိုကျော်ဇင်

“စတင်လုပ်ဆောင်ကတည်းကဝန်ဆောင်မှုလာယူတဲ့သူတွေ ၂၅၀၀ ကျော်ရှိနေပါပြီ။ နောက်ပိုင်းမှာမြန်မာပြည်က လူတွေ အတွက် ပြောဆိုဆက်သွယ်ရတာအဆင်ပြေစေဖို့နဲ့ အဝေးရောက်မြန်မာတွေအတွက် Online Booking လုပ်တဲ့အခါ Payment အတွက်တွေပါ အဆင်ပြေအောင် ဆောင်ရွက်သွားဖို့ရှိတယ်။ အခြားသော Service ပိုင်းတွေထပ်ပေးဖို့ လည်းရှိပါတယ်။ နောက်ပြီးတော့ ကုထုံးတွေပိုင်းဆိုင်ရာတွေလည်းတိုးမြှင့်သွားဖို့ရှိတယ်။ အားလုံးခြုံပြောရရင် စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးလူတွေပိုပြီးလွယ်လွယ်ကူကူလက်လှမ်းမှီလာစေဖို့ အဓိကရည်ရွယ်ဆောင်ရွက်သွားမှာ ပါ။ အွန်လိုင်း၊ Text လိုင်း၊ Online ကနေပြီးတော့ တိုင်းရင်းသားဘာသာစကားတွေနဲ့လည်းတင်ဆက်သွားဖို့ရှိပါတယ်” ဟု သူက ဆက်လက် ပြောကြားပါတယ်။
Call Me Today ဟာ Falling Walls Lab Myanmar မှာ 2020 Braking The Wall Of Inaccessible Counselling ခေါင်းစဉ်နဲ့ ဒုတိယဆုရရှိထားပြီးလည်းဖြစ်ပါတယ်။
“ဝန်ဆောင်မှုရယူမယ့်သူတွေအတွက် ပြောချင်တာက ဒီ ဝန်ဆောင်မှုကို အရမ်းအခြေအနေဆိုးတဲ့အခါကျမှ သွားရမယ့် နေရာလို့ တချို့ကသတ်မှတ်ကြတယ်။ တကယ်တော့ ဒီဝန်ဆောင်မှုကိုအသုံးပြုမယ်ဆိုရင် ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာမှာ လိုအပ်ချက်အတွက် အဖော်မွန်ကောင်းတစ်ယောက်ကိုငှားထားသလိုခံစားစေရမှာပါ။ ဒါ့ကြောင့်မို့ကိုယ့်စိတ်ထဲမှာ စိတ်အဆင်မပြေဖြစ်တဲ့ အခါမျိုးမှာဒီဝန်ဆောင်မှုတွေရယူဖို့ ဆက်သွယ်လာတာကကိုယ်ရဲ့ ဘဝမှာကောင်းမွန်တဲ့ တိုးတက်မှုတွေ လုပ်ဆောင်တာပါပဲ။ ကိုယ့်ကိုယ်ကို စောင့်ရှောက်တာပါပဲ”ဟု ကိုကျော်ဇင်ကအမှာစကားပြောကြားခဲ့ပါ တယ်။
အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
http://www.callmetoday.org/