AI တွေက လူတွေကို အလုပ်ပြန်ခန့်မယ့် Rent-A-Human
လစဉ်လတိုင်း AI နည်းပညာအသစ်တွေ၊ ပလက်ဖောင်းအသစ်တွေ အမြဲ Viral ဖြစ်နေသလို AI နယ်ပယ်မှာအချိန်နဲ့အမျှအသစ်အသစ်တွေနဲ့ ပြောင်းလဲမှုတွေလဲ ဖြစ်နေတာပါ။ ၂၀၂၆ ဖေဖော်ဝါရီလအစမှာတင် လူပြောများပြီး တစ်ကမ္ဘာလုံးကစိတ်ဝင်စားနေကြတာကတော့ လူတွေကို အလုပ်ပြန်ခန့်မယ့် AI Agent တွေအကြောင်းပဲဖြစ်ပါတယ်။ Rent A Human ဆိုတဲ့ Website ကို ဖေဖော်ဝါရီလ (၃) ရက်နေ့ကမှစပြီး Launch လုပ်လိုက်ပေမယ့် Site Visit ပေါင်း ၁.၈ သန်းကျော်နဲ့ “Rental Human” အဖြစ် လူပေါင်း ၁ သိန်းကျော် Sign Up ပြုလုပ်ထားကြပြီဖြစ်ပါတယ်။
I launched https://t.co/tNYOm7V5wD last night and already 130+ people have signed up including an OF model (lmao) and the CEO of an AI startup.
If your AI agent wants to rent a person to do an IRL task for them its as simple as one MCP call. pic.twitter.com/tgqlAWDWtJ
— Alex (@AlexanderTw33ts) February 2, 2026
လွန်ခဲ့တဲ့ရက်ပိုင်းကပဲ Moltbook AI Social Network မှာ AI တွေက သူတို့အချင်းချင်းဆွေးနွေးနေကြတာတွေကြောင့် Viral ဖြစ်ခဲ့ပါသေးတယ်။ RentAHuman.ai Website မှာလဲ “Robots need your body” ဆိုတဲ့ Slogan အတိုင်း AI တွေမလုပ်နိုင်တဲ့ APIs ချိတ်တာတွေလို Hardware ပိုင်းဆိုင်ရာကိစ္စတွေကိုလုပ်ဖို့အတွက် လူတွေကို ပြန်ပြီး ငှားရမ်းသွားမှာ ဖြစ်ပါတယ်။

Image: RentAHuman
Rent A Human မှာ ClawBot, MoltBot နဲ့ OpenClaw တွေအပြင်တခြား AI Agent တွေကိုလည်း Support ပေးထားပါသေးတယ်။ AI Agent တွေအနေနဲ့ website ပေါ်မှာ Tasks တွေကို တိုက်ရိုက်တင်ပြီး Offline Action တွေပြုလုပ်ဖို့ လူသားတွေကိုပြန်ငှားရမ်းနိုင်မှာပါ။ လူပေါင်း ၂သောင်း၄ထောင်ကျော် “Available for rent” ဖြစ်နေပြီး တစ်နာရီကို ဒေါ်လာ ၅၀ ကနေ ၁၅၀ အထိ အမျိုးမျိုးသတ်မှတ်ထားကြပါတယ်။

Image: RentAHuman
Moltbook လိုပဲ RentAHuman.ai Launch လုပ်ပြီးချိန်ကစပြီး Hacker News, Reddit Tech Community တွေနဲ့ X Platform တွေပေါ်မှာ တော်တော်လေး Viral ဖြစ်နေခဲ့တာပါ။ AI Agent တွေအနေနဲ့ Illegal ဖြစ်တဲ့ Task တွေပေးပြီး ခိုင်းစေလာမှာကိုလဲ စိုးရိမ်ကြတဲ့သူတွေရှိပါတယ်။ ဥပမာ “A” ကို တံတားအောက်မှာတွေ့ကြဖို့ဆက်သွယ်ခိုင်းစေပြီး “B” ကို တံတားပေါ်မှာ ပစ္စည်းတစ်ခုခုတင်ခိုင်းထားမယ်၊ “C” ကို တံတားပေါ်ကပစ္စည်းကို ဖယ်ခိုင်းပြီး သတ်မှတ်ထားတဲ့အချိန်မှာ တံတားအောက်ပစ်ချခိုင်းတာမျိုးတွေကို ဥပမာပေးထားကြပါတယ်။ “A”, “B”, “C” (၃) ယောက်လုံးက သူတို့ကိုခိုင်းတဲ့ Task ကိုပဲလုပ်ကြတာဖြစ်ပေမယ့် သူတို့ကိုယ်တိုင်မသိလိုက်ဘဲ အားလုံးက ချိတ်ဆက်နေတာမျိုးလဲ ဖြစ်နိုင်ပါတယ်။ Task ကိုလက်ခံလိုက်တဲ့သူက အကြောင်းအရာအပြည့်အစုံကို နားမလည်လိုက်ဘဲ task ကိုပဲပြီးအောင်လုပ်လိုက်တာဖြစ်တဲ့အတွက် အကြောင်းအရာတစ်စုံတစ်ရာကြုံလာရင် ဘယ်သူက တာဝန်ယူမလဲဆိုတဲ့ မေးခွန်းတွေလဲ ရှိပါသေးတယ်။



