AI Language Model ဖြစ်တဲ့ ChatGPT နဲ့ ဘာတွေလုပ်နိုင်မလဲ

Social Media နဲ့ နည်းပညာနယ်ပယ်ဘက်မှာ နေ့စဉ်နဲ့အမျှ မြင်တွေ့နေအရာတွေထဲမှာ ChatGPT ကလည်းမပါမဖြစ်ပါဝင်ပါတယ်။ တိုးတက်လာတဲ့ AI နည်းပညာတွေနဲ့အတူ AI အခြေပြုထားတဲ့ OpenAI ရဲ့ ChatGPT ဟာအတော်လေးကို အောင်မြင်နေတယ်လို့ ပြောနိုင်ပါတယ်။ Google နဲ့ Microsoft ကုမ္ပဏီကြီးတွေကလည်း ခေတ်စားနေတဲ့ Artificial Intelligent (AI) နည်းပညာပိုင်းဆိုင်ရာမှာ နောက်ကျမကျန်ခဲ့ပါဘူးဆိုတဲ့ ပုံစံမျိုးနဲ့ Microsoft ရဲ့ Bing Version အသစ်နဲ့ Google ရဲ့ Bard တွေကို အသီးသီးမိတ်ဆက်လိုက်ကြပြီးပြီ ဖြစ်ပါတယ်။

Image: ChatGPT

နည်းပညာနဲ့မရင်းနီးလို့ဘဲဖြစ်ဖြစ် ChatGPT အကြောင်းကို စမ်းသပ်ပြီးအသုံးပြုလိုသူတွေအနေနဲ့ OpenAI ရဲ့ Feature တစ်ခုဖြစ်တဲ့ ChatGPT ကို https://chat.openai.com/chat မှာဝင်ရောက်ပြီး စမ်းသပ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ChatGPT ဟာ AI အခြေပြုထားတဲ့ Chatbot တစ်ခုဖြစ်ပြီး အသုံးပြုသူတွေနဲ့ အပြန်အလှန် Conversation တွေပြုလုပ်နိုင်အောင်၊ မေးမြန်းလာတဲ့ မေးခွန်းတွေကို ဆီလျော်တဲ့အဖြေတွေ ဖြေကြားပေးနိုင်အောင် လေ့ကျင့်ထားပေးတဲ့ Model တစ်ခု ဖြစ်ပါတယ်။ Customer Service လိုမျိုး၊ Personal Assistant တစ်ယောက်လိုမျိုးအထိ အသုံးပြုနိုင်အောင် လေ့ကျင့်ထားပေးတဲ့ AI Model တစ်ခုလို့ပြောရင် မမှားနိုင်ပါဘူး။

ChatGPT ကိုအသုံးပြုပြီး AI နဲ့လုပ်ဆောင်နိုင်တဲ့

  • Write
  • Define
  • Code
  • Explain
  • Search
  • Design
  • Summarize
  • Translate
  • Brainstorm
  • List
  • Analyst
  • Create

စတဲ့ Keyword (၁၂) မျိုးကိုလည်း ChatGPT ရဲ့ Facebook စာမျက်နှာမှာ အသုံးပြုပုံ ဥပမာတွေနဲ့အတူဖော်ပြပေးထားပါသေးတယ်။ ဒီ Keyword တွေဟာ AI နဲ့ အသုံးပြုလို့အကောင်းဆုံးနဲ့ အသုံးပြုမှုလည်း အများဆုံး Keyword တွေဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ Chat-GPT Insights Facebook Post မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Image: ChatGPT

ChatGPT ကိုအသုံးပြုပုံကလည်းရိုးရှင်းပါတယ်။ https://chat.openai.com/chat မှာ Log In/Sign Up ပြုလုပ်ပြီး စတင်အသုံးပြုနိုင်ပြီပဲ ဖြစ်ပါတယ်။ AI Language Model တစ်ခုဖြစ်တဲ့ အတွက် ဘာသာစကားပေါင်းများစွာကိုတော့ နားလည်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာလို ဖြေကြားတဲ့အဖြေတွေ၊ ဘာသာပြန်လိုက်တဲ့စကားလုံးတွေကတော့ တိုက်ရိုက်ဖြစ်နေတာမျိုး၊ ဖတ်ရတာထောက်နေတာမျိုးတွေတော့ ရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အချိန်တိုအတွင်း ကိုယ်သိလိုတဲ့အချက်အလက်တွေကို စုဆောင်းပေးနိုင်တာတွေ၊ 24/7 အချိန်ပြည့်အသုံးပြုနိုင်တာတေါ၊ ဘာသာစကားမျိုးစုံအသုံးပြုနိုင်တာတွေအပြင်၊ User-friendly ဖြစ်ပြီး အသုံးပြုရလွယ်ကူတာတွေက ChatGPT ရဲ့ကောင်းကျိုးတွေလို့ ပြောနိုင်ပါတယ်။ မေးခွန်းတွေကို နားလည်ပြီး အချိန်တိုအတွင်းဖြေကြားပေးနိုင်ပေမယ့် ရှုပ်ထွေးလှတဲ့မေးခွန်းတွေကိုတော့ ဖြေကြားဖို့အတွက် အချိန်ယူရမှာ ဖြစ်ပါတယ်။ အင်္ဂလိပ်လိုပဲ ပြောပြီး မေးမြန်းချင်ကြတဲ့သူတွေအနေနဲ့လည်း ChatGPT ကို English Level ပြောပြီး ကိုယ်လိုက်ပြီး ဖတ်နိုင် ပြောနိုင်တဲ့ Language Proficiency Level ကို သတ်မှတ်နိုင်ပါသေးတယ်။

ChatGPT ကိုစမ်းသပ်ပြီးအသုံးပြုထားတဲ့ Test တွေကို https://openai.com/blog/chatgpt/ မှာဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။