သိထားသင့်တဲ့ အခမဲ့ AI Tool (၁၀) ခု

AI တွေကအတော်ကြီးကို‌ ခေတ်စားလာတဲ့အချိန်မျိုးမှာ အောင်မြင်ပြီး နာမည်တော်တော်ကိုရနေတဲ့ ChatGPT တို့၊ Microsoft Copilot တွေကို ခနဘယ်ပြီး တခြားအခမဲ့သုံးလို့ရတဲ့ AI အသေးလေးတွေအကြောင်းပြောကြည့်ရအောင်။

(1) Synthesia

Dubbing လုပ်တာတွေ Subtitle လုပ်တာမျိုးတွေနဲ့ ကိုယ်ရေးသားထားတာကို Audio Record လုပ်စရာမလိုဘဲ AI ကိုပဲ စကားပြောခိုင်းတာမျိုးက အချိန်ကုန်သက်သာပြီး အတော်လေးကိုအဆင်ပြေစေမှာ ဖြစ်ပါတယ်။ Virtual Character တစ်ယောက်ကို အသုံးပြုပြီး နှုတ်ခမ်းအဖွင့်အပိတ်ကအစ တိကျတ့ လုပ်ဆောင်ချက်တွေနဲ့ Synthesia ကို နေရာအတော်အများမှာ အသုံးပြုနေကြတာကိုလည်း‌ တွေ့ရမှာ ဖြစ်ပါတယ်။ Auto Video Creation Process ပါဝင်တဲ့အတွက် Explainer နဲ့ Tutorial Video တွေအတွက်တော့ အသင့်တော်ဆုံး ဖြစ်ပါတယ်။

(2) Fotor

Online Photo Editor တစ်ခုဖြစ်တဲ့ Fotor မှာ Creative ဖြစ်ရင်ဖြစ်သလောက် ကိုယ်စိတ်ကြိုက်ဓာတ်ပုံတွေကို ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ Graphic တွေအပြင် Web-based Platform တစ်ခုဖြစ်တဲ့အတွက် အသုံးပြုရတာလည်း အတော်လေးအဆင်ပြေပါတယ်။

(3) Perplexity

ကိုယ်သိချင်တဲ့အကြောင်းအရာ မေးခွန်းတွေအတွက် သေသေချာချာလေးရှာပေးတဲ့ AI တစ်ခုဖြစ်ပါတယ်။ အချက်အလက်တော်တော်များများမှာ ChatGPT ထက်အချက်အလက်တွေ ဖော်ပြတာ တိကျတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါပေမယ့် AI တွေရဲ့ တိုးတက်ဆဲကာလတစ်ခုဖြစ်နေသေးတဲ့အတွက် အတတ်နိုင်ဆုံး ပြန်စစ်ဆေးတာကတော့ အကောင်းဆုံးပါပဲ။

(4) Consensus

အချက်အလက်တွေကို research လုပ်ပြီး ပြန်ဖြေကြားပေးတဲ့ AI တွေထဲမှာမှ အတော်လေးအဆင့်မြင့်တဲ့ AI တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။ မေးခွန်းဖြစ်ဖြစ်တစ်ခုခုကို မေးလိုက်တာနဲ့ Research တွေကျလာပြီး အကျဉ်းချုံးဖော်ပြပေးထားပါတယ်။ ပိုက်ဆံပေးဝယ်မယ်ဆိုရင် ပိုပြီးအထောက်အထားခိုင်လုံတဲ့ ဒေတာ တွေကိုပါ ထုတ်ပေးမှာ ဖြစ်ပါတယ်။

(5) Any.do

AI ပါဝင်တဲ့ Task Manager တစ်ခုဆိုရင်တော့ Any.do ကိုလည်းထည့်စဉ်းစားရတော့မှာပါ။ ကိုယ့်ရဲ့တစ်နေ့တာကို အစီအစဉ်ချပြီး Reminder, Due Date တွေနဲ့ task တွေမျိုးစုံကို အသုံးပြုနိုင်မယ့် Feature တွေပါဝင်ပါသေးတယ်။ Google Caland‌ar, Outlook Calendar တွေနဲ့ပါ ပေါင်းစပ်ပြီး ကိုယ့်ရဲ့အချိန်ဇယားတွေကို စိတ်ကြိုက် မွမ်းမံနိုင်ပါသေးတယ်။

(6) Bing Image Creator

ဓာတ်ပုံတွေ AI နဲ့ဖန်တီးချင်သူတွေအတွက် အခမဲ့အသုံးပြုလို့ရတဲ့ AI-powered Tool ထဲမှာ Bing Image Creator လည်းတစ်ခုအပါအဝင်ပါပဲ။ Unique ဖြစ်ပြီး Midjourney AI တို့လိုပဲ စာသားနဲ့ Prompt တွေကို အသုံးပြုပြီး ဓာတ်ပုံတွေ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

(7) My Study Life

သင်ခန်းစာတွေ၊ စာမေးပွဲတွေ၊ Assignment တွေနဲ့ အချိန်လုနေရတဲ့ Student တွေအတွက် My Student Life မှာ ကိုယ့်ရဲ့ သင်ခန်းစာ၊ စာမေးပွဲနဲ့ Assignment တွေအားလုံးကို Deadline နဲ့ Tracking လုပ်နိုင်မှာ ဖြစ်ပါတယ်။ Cross Device လည်းအသုံးပြုနိုင်တဲ့အတွက် Reminder တွေလည်း မပြတ်ပို့ပေးမယ့် AI Tool တစ်ခုဖြစ်ပါယ်။

(8) Wordtune

Wordtune ကိုတော့ ခနခနလည်းမိတ်ဆက်ပေးဖူးပါတယ်။ ကိုယ့်ရဲ့ အင်္ဂလိပ်စာအရေးအသားကို နောက်တစ်ဆင့်ရောက်သွားအောင် ကူညီပေးနိုင်သလို ကိုယ်ရေးလတ်စ စာသားတွေကိုလည်း ပြည့်စုံအောင်ဆက်ပြီး ရေးသားပေးနိုင်တဲ့ AI Writing Tool တစ်ခု ဖြစ်ပါတယ်။

(9) CopyAI

Digital Marketing နဲ့ပက်သက်လာရင် အဆင်ပြေတဲ့ AI Tool တွေထဲမှာ Copy.AI ကလည်းတစ်ခုအပါအဝင်ပါပဲ။ Marketing Strategy တွေကို Improve ဖြစ်အောင်လုပ်ပေးပြီး ရလာဒ်ကောင်းတွေနဲ့အတူ Unique ဖြစ်တဲ့ Content အမျိုးအစားတွေ၊ idea တွေကို ချပေးနိုင်တဲ့ AI Copywriter တစ်ခု ဖြစ်ပါတယ်။

(10) Kapwing

Video Content တွေကို အမြန်ဆုံးဖန်တီးနိုင်မယ့် Video Creation Platform တစ်ခုဖြစ်ပါတယ်။ Text to Speech, AI Video Generator, AI Image Generator, Auto Subtitle Generator စတဲ့ AI-Powered Feature တွေအပြင် Template တွေလည်း အများကြီးပါဝင်တဲ့ AI Video Creation Platform တစ်ခု ဖြစ်ပါတယ်။