Seedstars Yangon 2017 ဆုရရှိသွားတဲ့ Kargo

တစ်ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Seedstars World က ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်ပေးတဲ့ Seedstars Yangon 2017 Winner ဆုကို Kargo ကရရှိသွားပါတယ်။ ဆုကြေးငွေအနေနဲ့ အမေရိကန်ဒေါ်လာ တစ်သန်းအပြင် ကမ္ဘာတစ်၀န်းက ရင်းနှီးမြှုပ်နှံသူတွေနဲ့ တွေ့ဆုံခွင့်ပါ ရရှိမှာဖြစ်ပါတယ်။

Seedstars World အဖွဲ့ဟာ ပြီ:ခဲ့တဲ့နှစ်ကလည်း ရန်ကုန်မှာ ဒီလိုပွဲမျိုးတစ်ခုကို ကျင်းပပြုလုပ် ပေးခဲ့ပါသေးတယ်။ Seedstars Yangon 2017 ရဲ့နောက်ဆုံး(၈)သင်းယှဉ်ပြိုင်မှု ဆုပေးပွဲအခန်းအနားကို ဇွန်လ(၂၂)၇က်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Doctor on call, Greenovator, Instacash, Kargo, Neh Thit, Agtrade,   Thamdaw နဲ့ Amyanpoh ဆိုတဲ့ အဖွဲ့ရှစ်ဖွဲ့ပါ။ Seedstars World ရဲ့ရည်ရွယ်ချက်ကတော့ ကမ္ဘာအနှံ့က ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ နည်းပညာနယ်ပယ်အတွင်းက အလားအလာရှိတဲ့ စွန့်ဦးတီထွင်မှု Startup လုပ်ငန်းလေးတွေကို ပံ့ပိုးပေးလိုခြင်းဖြစ်ပါတယ်။ ဒီ Seedstar Yangon 2017 မှာ Winner ဖြစ်သွားတဲ့ Kargo အဖွဲ့ဟာ ဆုကြေးငွေ အမေရိကန်ဒေါ်လာ တစ်သန်းအပြင် ဆွစ်ဇာလန်နိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ Seedstars Summit ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်သည့်အပြင် The Global Seedstars Family ကပြုလုပ်တဲ့ ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ခွင့်တွေနဲ့ ရင်းနှီးမြှုံသူတွေနဲ့ တွေဆုံဆွေးနွေးခွင့်တွေပါ ရရှိမှာဖြစ်ပါတယ်။

Image Source: https://press.seedstars.com

ဒီလိုတစ်ကမ္ဘာလုံးဆိုင်ရာ အင်အားကြီးအဖွဲ့အစည်းတွေ အနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ နည်းပညာနယ်ပယ်ကို အထောက်အကူဖြစ်စေတဲ့ ဒီလိုပြိုင်ပွဲမျိုးတွေနဲ့ ရင်းနှီးမြှုပ်နှံမယ့် အခွင့်အရေးတွေပါ လုပ်ဆောင်ပေးတာကတော့ တကယ်ကိုအကျိုးဖြစ်စေပါတယ်။ ဆုရရှိသူတွေ အနေနဲ့လည်း ဒီ့ထက်ကျယ်ပြန့်တဲ့ ယှဉ်ပြိုင်မှုတွေနဲ့ ထပ်မံတွေ့ဆုံရမှာ ဖြစ်တဲ့အတွက် အခွင့်အရေးနဲ့ အကျိုးအမြတ်တွေ များစွာရရှိစေမှာပါ။

အခု Seedstars Yangon 2017 ပြိုင်ပွဲမှာ ဆုရရှိသွားတဲ့ Kargo ဆိုတာကတော့ အိမ်အပြောင်းအရွှေ့ ၀န်ဆောင်မှုပေးတဲ့ လုပ်ငန်းတစ်ခုပါ။ Kargo ဟာ တသီးပုဂ္ဂလအငှားကားပိုင်ဆိုင်သူတွေအပြင် ကားအငှား၀န်ဆောင်မှု လုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီး Customer တွေရဲ့ လိုအပ်ချက်တွေကို အကောင်းဆုံးနဲ့ အလျင်မြန်ဆုံး ၀န်ဆောင်မှုပေးနေတယ်လို့ သိရပါတယ်။ ခုအချိန်မှာတော့ Kargo ဟာ ရန်ကုန်တစ်မြို့တည်းမှာပဲ အခြေချနိုင်ပါသေးတယ်။ ပြီးတော့ ၀န်ဆောင်မှုတွေရယူဖို့အတွက် သူတို့ရဲ့ ၀က်ဘ်ဆိုက်ကို အသုံးပြုရပါတယ်။ အသုံးပြုရတာ အခုထက်ပိုမိုလွယ်ကူစေဖို့  Mobile App ကို မကြာခင်ဖြန်ချိသွားမယ်လို့တော့ ကြားရပါတယ်။

Image Source: https://play.google.com/store/apps

အခုချိန်မှာတော့ Kargo နဲ့ချိတ်ဆက် အလုပ်လုပ်နေတဲ့ ယာဉ်မောင်းနှစ်ရာကျော်နဲ့ အလုပ်သမားတစ်ထောင်ကျော် ရှိပါတယ်။ ရန်ကုန်မြို့တွင်းမြို့ပြင် ဘယ်နေရာအဆို အိမ်အပြောင်းအရွှေ့ ၀န်ဆောင်မှုပေးနေတာဖြစ်ပြီး အော်ဒါမှာလိုပါက Kargo ၀က်ဘ်ဆိုက်သို့ ၀င်ရောက်ပြီး ဖောင်အရင်ဆုံးဖြည့်ရပါတယ်။ ဒီလိုမဟုတ်ဘဲ ဖုန်းနံပါ 09444434336 သို့ဆက်သွယ်လို့လည်း ရပါတယ်။ အကြောင်းကြားပြီး မိမိနစ်အနည်းငယ်အတွင်းမှာပဲ Kargo ရဲ့ကားနဲ့ အလုပ်သမားတွေ ရောက်ရှိလာတော့မှာပဲလို့ အာမခံထားပါတယ်။ ဒီလိုလျင်မြန်တာကတော့ သူတို့နဲ့ချိတ်ဆက်ထားတဲ့ တသီးပုဂ္ဂလနဲ့ ကားအငှား၀န်ဆောင်မှု လုပ်ငန်းတွေဟာ ရန်ကုန်မြို့အနှံ့ နေရာတိုင်းမှာ ရှိတာကြောင့်ပဲဖြစ်ပါတယ်။

Kargo Myanmar Facebook Page

Kargo Website