Mytel မှ ခရစ္စမတ်အထူးကံစမ်းမဲအစီအစဉ်တွင် iPhone 12 ကံထူးသွားသူများထံ ဆုများလွှဲပြောင်းပေးအပ်

Mytel သည် သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ခရစ္စမတ်ကာလတွင် “Merry Christmas” ကံစမ်းမဲ အစီအစဉ်ကိုပြုလုပ်ခဲ့ပြီး Mytel Myanmar ၏ လူမှုစာမျက်နှာတွင် ဒီဇင်ဘာ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ တိုက်ရိုက်ထုတ်လွှင့်ကာ ကံထူးရှင်များကို ရွေးချယ်ပေးခဲ့သည်။
အဆိုပါအစီအစဉ်သည် ခရစ္စမတ်ကာလတွင် Mytel အသုံးပြုခြင်းဖြင့် လက်ဆောင်များ ရယူနိုင်အောင် ပြုလုပ်ပေးထားသည့် အထူးအစီအစဉ်တစ်ခု ဖြစ်ပြီး အထူးဆု အဖြစ် နောက်ဆုံးပေါ် iPhone 12 (၃) လုံးနှင့်အတူ အခြားသော ဆုများကိုလည်း မဲဖောက် ပေးခဲ့သည်။
ခရစ္စမတ်ပိတ်ရက်များတွင် တိုက်ရိုက်ထုတ်လွှင့်ကျင်းပခဲ့သော ဤပရိုမိုးရှင်းအစီအစဉ်တွင် ပါဝင်ကံစမ်းခဲ့ကြသော Mytel သုံးစွဲသူများအနက် အထူးဆုကံထူးရှင်များဖြစ်ကြသည့် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတ မြို့နယ် မှ ကိုမင်းခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ မမြင့်မြင့်ဇော် နှင့် ဧရာဝတီတိုင်းဒေသကြီးမှ ကိုမင်းထက်ကောင်းတို့အား အထူးဆုဖြစ်သော နောက်ဆုံးပေါ် IPhone 12 ဆုပစ္စည်းများပေးအပ်ချီးမြှင့်သည့် အခမ်းအနားကို ဇန်နဝါရီလ ၂၀၂၁ခုနှစ်တွင် Mytel ၏ တာဝန်ရှိသူများမှ Myel ရုံးခွဲများတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
Mytel သည် ဒီဇင်ဘာလ၏ အစိုးရရုံးပိတ်ရက်များအတွက် “Merry Christmas” ကံစမ်းမဲ အစီအစဉ်ကို တစ်မူထူးခြားစွာဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နောင်အနာဂတ်များတွင်လည်း သုံးစွဲသူများအတွက် ယခုကဲ့သို့သော အထူးအစီအစဉ်များကို ပြုလုပ်ပေးသွားနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိပါသည်။

Photo Source https://www.facebook.com/mytelmyanmar

မြန်မာလူမျိုးတို့၏ အကျိုးစီးပွားကိုရှေးရှုသော ဂရုအစိုက်ဆုံးအော်ပရေတာ Mytel သည် ခေတ်မီဆန်းသစ်သော နည်းပညာများဖြင့် သုံးစွဲသူများအား အထောက်အပံ့ ဖြစ်စေနိုင်မည့် အတွေ့အကြုံကောင်းများကို ပေးစွမ်းနိုင်ပြီး မြန်မာလူမျိုးတို့၏ သုံးစွဲမှုအလေ့အထနှင့် ကိုက်ညီသည့် အရည်အသွေးပြည့်မီကောင်းမွန်သော ဆက်သွယ်ရေး ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ Mytel သည် အသုံးပြုသူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ဆန်းသစ် တီထွင်မှုများနှင့် ဝန်ဆောင်မှုများ အား ပံ့ပိုးပေးနိုင်ရန် အထူးအာရုံစိုက်၍ ဆက်လက်ဖော်ထုတ်လုပ်ဆောင်သွားမည် ဖြစ်သည်။

Photo Source https://www.facebook.com/mytelmyanmar

Mytel ကုမ္ပဏီသည် နိုင်ငံတကာဆက်သွယ်ရေးဝန်ဆောင်မှုဈေးကွက်များတွင် ဆယ်စုနှစ်တစ်ခုကျော်တိုင် အတွေ့ အကြုံရှိသော မိတ်ဖက်အဖွဲ့ဝင် တစ်ခုဖြစ်သည့် Viettel ၏ နည်းပညာများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ Mytel သည် မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုအလေ့အထနှင့်ကိုက်ညီသည့် အရည်အသွေးပြည့်မီပြီး ကောင်းမွန်သော သုံးစွဲသူ အကြိုက် ဝန်ဆောင်မှုများကို ပြည်သူပြည်သားများအတွက် နောက်ဆုံးပေါ်နည်းပညာများဖြင့် ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါသည်။ Mytel သည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ခေတ်အမီဆုံး ဆက်သွယ်ရေး အခြေခံ အဆောက် အအုံများ တည်ဆောက်၍ အကျယ်ပြန့်ဆုံး 4.5G ကွန်ရက်ဖြန့်ကျက်မှုဖြင့် ပြည်သူလူထု၏ လူနေမှု ဘဝများကို စွမ်းအားမြှင့်တင်ပေးနိုင်သော ဒီဂျစ်တယ်စနစ်သို့ကူးပြောင်းနိုင်ရန် ဦးတည်ဆောင်ရွက်နေသော ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည်။ Mytel သည် မြန်မာနိုင်ငံတွင် 5Gကွန်ရက်၊ e-SIM နှင့် VoLTE စနစ်တို့ကို ပထမဆုံး မိတ်ဆက်ပေးခဲ့သည့် အော်ပရေတာလည်းဖြစ်သည်။
အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိလိုပါက https://www.facebook.com/mytelmyanmar တွင် ဝင်ရောက်ကြည့်ရှု့နိုင်သည်။