မြန်မာနိုင်ငံ၏ ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်မှုအများဆုံး နိုင်ငံတကာကုမ္ပဏီများ စာရင်းတွင် Mytel ပါဝင်လာ

မြန်မာနိုင်ငံတော်အစိုးရ၏ ၂၀၁၉ စည်းကြပ်နှစ်အတွက် တစ်နှစ်တာအတွင်း ကုန်သွယ်လုပ်ငန်းခွန် အများဆုံးထမ်းဆောင်သည့် ပုဂ္ဂလိက-နိုင်ငံခြားကုမ္ပဏီများစာရင်းတွင် မြန်မာနိုင်ငံ၏ ဂရုအစိုက်ဆုံးအော်ပရေတာ Mytel က နံပါတ် ၈ နေရာ၌ ရပ်တည်နေကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ Mytel သည် မြန်မာနိုင်ငံဆက်သွယ်ရေးဈေးကွက်သို့ နောက်ဆုံးဝင်ရောက်လာသည့် ဆက်သွယ်ရေး ဝန်ဆောင်မှုကုမ္ပဏီ ဖြစ်သော်လည်း အချိန်တိုအတွင်းတွင်ပင် ထိပ်တန်းအခွန်ထမ်းဆောင်သည့် ပုဂ္ဂလိက-နိုင်ငံခြား လုပ်ငန်းရှင် ၁၀၀ အနက် တစ်ခုအဖြစ် ပထမဆုံးအကြိမ် ပါဝင်လာခဲ့ခြင်းဖြစ်သည်။
“အခွန်ပေးဆောင်မှုဟာ နိုင်ငံအတွက်ရော ပြည်သူအတွက်ပါ အလွန်အရေးပါတဲ့အတွက် လုပ်ငန်းတိုင်း မပျက်မကွက် ပြုလုပ်ရမဲ့ အရေးကြီးတာဝန်တစ်ခုဖြစ်ပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုခုပဲဖြစ်ဖြစ် မိမိတို့ပေးဆောင်ရမဲ့အခွန်ကို တာဝန်ကျေပွန်စွာ နဲ့ ပေးဆောင်ဖို့လိုပါတယ်။ Mytel ဟာ မြန်မာနိုင်ငံမှာ လည်ပတ်နေတဲ့ လုပ်ငန်းအနေနဲ့ တာဝန်ကျေပွန်စွာပဲ ပေးဆောင်ဖို့ လိုအပ်တဲ့ပြည်ထောင်စုဖွံ့ဖြိုးတိုးတက်စေရန် အခွန်တွေကို ပေးဆောင်ခဲ့ပါတယ်။ ၂၀၁၉ ဘဏ္ဍာရေးနှစ်ရဲ့ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်မှုအများဆုံးစာရင်းမှာ ပါဝင်တဲ့အတွက် ဝမ်းမြောက်မိသလို တစ်ဖက်မှာ မြန်မာနိုင်ငံသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ခဲ့ပြီး နိုင်ငံ့ဝင်ငွေတိုးတက် စေခဲ့တဲ့အတွက် များစွာဂုဏ်ယူမိပါတယ်။ Mytel က ပိုမိုကောင်းမွန်တဲ့ ဆက်သွယ်ရေးကွန်ရက်တွေ၊ ဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေနဲ့အတူ မြန်မာပြည်သူတွေအတွက် ကောင်းမွန်တဲ့ အနာဂတ် ကို ဖန်တီးပေးရင်း မြန်မာနိုင်ငံတွင်းမှာ အောင်မြင်တဲ့ နိုင်ငံတကာကုမ္ပဏီတွေထဲက တစ်ခု အဖြစ် ဆက်လက် ရပ်တည် နိုင်ဖို့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းစဉ်တွေကို အရှိန်အဟုန်မြှင့်ပြီး ဆက်လက်လုပ်ဆောင်သွားပါမယ်လို့ ကတိပြု ပါတယ်” ဟု Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ်ဖြစ်သူ ဒေါက်တာနီလာအေးမှ ပြောကြားသည်။

Photo Source https://www.facebook.com/mytelmyanmar

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည့် အဆိုပါ စာရင်းဇယားများအရ Mytel သည် ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်မှု အများဆုံး ပုဂ္ဂလိက-နိုင်ငံခြားကုမ္ပဏီများ စာရင်း၏ နံပါတ် ၈ နေရာ၌ ရပ်တည်ခဲ့ခြင်းဖြစ်သည်။ ဆက်သွယ်ရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ များမှာ အခြားကုမ္ပဏီများနှင့်အတူ Mytel သည် ကုန်သွယ်လုပ်ငန်းခွန်အများဆုံးထမ်းဆောင်သည့် ထိပ်တန်းလုပ်ငန်း ရှင် ၁၀ ဦး စာရင်းတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။
Mytel သည် လူမှုအကျိုးပြုလုပ်ငန်းများကိုလည်း တစ်တပ်တစ်အား ဆောင်ရွက်လျက်ရှိသည့်အပြင် ပရဟိတ ဖောင်ဒေးရှင်းထူထောင်ထားသည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဆက်သွယ်ရေးအော်ပရေတာလည်း ဖြစ်သည်။ Mytel ၏ “Empower My Children” ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံအရပ်ရပ်ရှိမှ မွေးရာပါနှလုံးရောဂါခံစားနေရသော ကလေးငယ်များ ခွဲစိတ်ကုသမှုခံယူနိုင်ရန် လှူဒါန်းမှုများ ပြုလုပ်လျက်ရှိသည်။ ထို့ပြင် Mytel သည် COVID-19 ကပ်ရောဂါစတင်ဖြစ်ပွားသည့်အချိန်မှစ၍ ယခုအချိန်အထိ ပြည်သူများနှင့် တစ်သားတည်းအတူရှိကာ လူထုအကျိုးရှိစေမည့် လုပ်ဆောင်ချက်များ၊ လှူဒါန်းမှုများကို ဆက်တိုက်ပြုလုပ်နေခဲ့ပြီး လက်ရှိတွင် ငွေကျပ်သိန်းပေါင်း ၂,၃၀၀ ခန့်ရှိသော လှူဒါန်းမှုများကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။
မြန်မာလူမျိုးတို့၏ အကျိုးစီးပွားကိုရှေးရှုသော ဂရုအစိုက်ဆုံးအော်ပရေတာ Mytel သည် ခေတ်မီဆန်းသစ်သော နည်း ပညာများဖြင့် သုံးစွဲသူများအား အထောက်အပံ့ ဖြစ်စေနိုင်မည့် အတွေ့အကြုံကောင်းများကို ပေးစွမ်းနိုင်ပြီး မြန် မာလူ မျိုးတို့၏ သုံးစွဲမှုအလေ့အထနှင့် ကိုက်ညီသည့် အရည်အသွေးပြည့်မီကောင်းမွန်သော ဆက်သွယ်ရေး ဝန်ဆောင် မှုများ ကို အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ Mytel သည် မြန်မာနိုင်ငံနှင့်ကိုက်ညီပြီး အသုံးပြုသူများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ဆန်းသစ်တီထွင်မှုများနှင့် ဝန်ဆောင်မှုများအား ပံ့ပိုးပေးနိုင်ရန် အထူး အာရုံ စိုက်၍ ဆက်လက်ဖော်ထုတ်သွားမည် ဖြစ်သည်။

Photo Source https://www.facebook.com/mytelmyanmar

Mytel ကုမ္ပဏီသည် နိုင်ငံတကာဆက်သွယ်ရေးဝန်ဆောင်မှုဈေးကွက်များတွင် ဆယ်စုနှစ်တစ်ခုကျော်တိုင် အတွေ့ အကြုံရှိသော မိတ်ဖက်အဖွဲ့ဝင် တစ်ခုဖြစ်သည့် Viettel ၏ နည်းပညာများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ Mytel သည် မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုအလေ့အထနှင့်ကိုက်ညီသည့် အရည်အသွေးပြည့်မီပြီး ကောင်းမွန်သော သုံးစွဲသူ အကြိုက် ဝန်ဆောင်မှုများကို ပြည်သူပြည်သားများအတွက် နောက်ဆုံးပေါ်နည်းပညာများဖြင့် ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါသည်။ Mytel သည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ခေတ်အမီဆုံး ဆက်သွယ်ရေး အခြေခံ အဆောက် အအုံများ တည်ဆောက်၍ အကျယ်ပြန့်ဆုံး 4.5G ကွန်ရက်ဖြန့်ကျက်မှုဖြင့် ပြည်သူလူထု၏ လူနေမှု ဘဝများကို စွမ်းအားမြှင့်တင်ပေးနိုင်သော ဒီဂျစ်တယ်စနစ်သို့ကူးပြောင်းနိုင်ရန် ဦးတည်ဆောင်ရွက်နေသော ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သည်။ Mytel သည် မြန်မာနိုင်ငံတွင် 5Gကွန်ရက်၊ e-SIM နှင့် VoLTE စနစ်တို့ကို ပထမဆုံး မိတ်ဆက်ပေးခဲ့သည့် အော်ပရေတာလည်းဖြစ်သည်။
အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိလိုပါက https://www.facebook.com/mytelmyanmar တွင် ဝင်ရောက် ကြည့်ရှု့နိုင်သည်။