SocialBakers ထုတ်ပြန်ချက်အရ အာရှပစိဖိတ်ဒေသလုပ်ဆောင်ချက်အကောင်းဆုံး နံပါတ်တစ် Facebook စာမျက်နှာအဖြစ် Mytel စာမျက်နှာ ရပ်တည်

၂၀၂၀ ခုနှစ် စတုတ္ထသုံးလပတ်တွင်လည်း အာရှပစိဖိတ်ဒေသ၏ လုပ်ဆောင်ချက် အကောင်းဆုံး နံပါတ် ၁ စာမျက်နှာအဖြစ် ဆက်လက်ရပ်တည်နေကြောင်း Socialbakers အဖွဲ့အစည်းက ထုတ်ပြန်ကြေငြာခဲ့သည်။ Socialbakersမှ ထုတ်ပြန်ထားသည့် ဆန်းစစ်ချက် အစီရင်ခံစာအရ Mytel ဖေ့စ်ဘွတ်စာမျက်နှာသည် ၂၀၂၀ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း ပို့စ်ပေါင်း ၄၉၉ ပို့စ်နှင့် engagement ပေါင်း ၅,၁၀၃,၈၂၀ ခု ရှိကြောင်းသိရသည်။
Socialbakers သည် လူမှုကွန်ရက်ပေါ်ရှိ စီးပွားရေးလုပ်ငန်းစာမျက်နှာများ၏ လုပ်ဆောင်ချက်များ၊ ထိရောက်မှုအတိုင်းအတာ၊ လူထုတုံ့ပြန်မှု အစရှိသည်တို့ကို ဆန်းစစ်ကာ အစီရင်ခံစာများ ထုတ်ပြန်ပေးနေသော Artificial Intelligence နည်းပညာအသုံးပြုသည့် social media marketing ကုမ္ပဏီတစ်ခုဖြစ်သည်။ ယင်းတို့ထုတ်ပြန်သော အစီရင်ခံစာမှာ ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းများက အရေးတယူ စောင့်ကြည့်လေ့လာရသော အစီရင်ခံစာ တစ်ခု ဖြစ်သည်။ Mytel စာမျက်နှာသည် မြန်မာနိုင်ငံရှိ လူမှုစာမျက်နှာများအနက် Socialbakers ၏ ၂၀၂၀ ခုနှစ်၏ တတိယနှင့် စတုတ္ထသုံးလပတ် အစီရင်ခံစာများတွင် အာရှပစိဖိတ်ဒေသလုပ်ဆောင်ချက်အကောင်းဆုံး နံပါတ် ၁ လူမှုစာမျက်နှာ အဖြစ် ဖော်ပြခြင်းခံရသော မြန်မာနိုင်ငံ၏ ပထမဆုံးလူမှုစာမျက်နှာဖြစ်သည်။

Photo Source https://www.facebook.com/mytelmyanmar

မြန်မာ့ဆက်သွယ်ရေးနယ်ပယ်သို့ စတုတ္ထမြောက်ဝင်ရောက်လာခဲ့သော Mytel သည် နှစ်နှစ်အတွင်းတွင် မှတ်တိုင်များစွာကို စိုက်ထူကာ မြန်မာနိုင်ငံ၏ ဂရုအစိုက်ဆုံး အော်ပရေတာအဖြစ် ရပ်တည်နေပါသည်။ မြန်မာလူမျိုးတို့၏ အကျိုးစီးပွားကိုရှေးရှုသော ဂရုအစိုက်ဆုံးအော်ပရေတာ Mytel သည် ခေတ်မီဆန်းသစ်သော နည်းပညာများဖြင့် သုံးစွဲသူများအား အထောက်အပံ့ ဖြစ်စေနိုင်မည့် အတွေ့အကြုံကောင်းများကို ပေးစွမ်းနိုင်ပြီး မြန် မာလူ မျိုးတို့၏ သုံးစွဲမှုအလေ့အထနှင့် ကိုက်ညီသည့် အရည်အသွေးပြည့်မီကောင်းမွန်သော ဆက်သွယ်ရေး ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ Mytel သည် မြန်မာနိုင်ငံနှင့်ကိုက်ညီပြီး အသုံးပြုသူများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ဆန်းသစ်တီထွင်မှုများနှင့် ဝန်ဆောင်မှုများအား ပံ့ပိုးပေးနိုင်ရန် အထူး အာရုံ စိုက်၍ ဆက်လက်ဖော်ထုတ်သွားမည် ဖြစ်သည်။
Mytel ကုမ္ပဏီသည် နိုင်ငံတကာဆက်သွယ်ရေးဝန်ဆောင်မှုဈေးကွက်များတွင် ဆယ်စုနှစ်တစ်ခုကျော်တိုင် အတွေ့ အကြုံရှိသော မိတ်ဖက်အဖွဲ့ဝင် တစ်ခုဖြစ်သည့် Viettel ၏ နည်းပညာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ Mytel သည် မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုအလေ့အထနှင့်ကိုက်ညီသည့် အရည်အသွေးပြည့်မီပြီး ကောင်းမွန်သော သုံးစွဲသူ အကြိုက် ဝန်ဆောင်မှုများကို ပြည်သူပြည်သားများအတွက် နောက်ဆုံးပေါ်နည်း ပညာများဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။ Mytel သည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ခေတ်အမီဆုံး ဆက်သွယ်ရေး အခြေခံအဆောက်အအုံများ တည်ဆောက်၍ အကျယ်ပြန့်ဆုံး 4.5G ကွန်ရက်ဖြန့်ကျက်မှုဖြင့် ပြည်သူလူထု၏ လူနေမှုဘဝများကို စွမ်းအားမြှင့်တင် ပေးနိုင်သော ဒီဂျစ်တယ်စနစ်သို့ကူးပြောင်းနိုင်ရန် ဦးတည်ဆောင်ရွက်နေသော ဆက်သွယ်ရေးအော်ပရေတာ တစ်ခုဖြစ် သည်။

Photo Source https://www.facebook.com/mytelmyanmar

Mytel သည် မြန်မာနိုင်ငံတွင် 5G ကွန်ရက်၊ e-SIM နှင့် VoLTE စနစ်တို့ကို ပထမဆုံးမိတ်ဆက်ပေးခဲ့သည့် အော်ပရေတာလည်းဖြစ်သည်။
Mytel သည် ၂၀၂၀ ခုနှစ်တွင် ယင်း၏ “Empower My Children” ဖောင်ဒေးရှင်းကို Mytel ၂ နှစ်မြောက်နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် တရားဝင်မိတ်ဆက်ခဲ့သည်။ ယခုအချိန်အထိ Mytel သည် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေး အော်ပရေတာများအနက် ပရဟိတဖောင်ဒေးရှင်း ထူထောင်ထားသည့် ပထမဆုံးအော်ပရေတာလည်း ဖြစ်သည်။ Mytel သည် COVID-19 ကပ်ရောဂါကျရောက်နေချိန်အတွင်းတွင် မြန်မာလူထုနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ကူညီပံ့ပိုး ရန် ရည်ရွယ်ကာ “Together We Fight COVID-19“ အစီအစဉ် ကို အကောင်အထည် ဖော်ခဲ့ရုံမျှမက ဆေးရုံများ၊ ကျောင်းများကို အလှူငွေများ၊ လိုအပ်သော ဆေးဝါးများ၊ Surgical Mask , PPE ဝတ်စုံများ၊ Hand-Gel အစရှိသော COVID-19 ရောဂါနှင့်ဆက်စပ်ပစ္စည်းများအပြင် Internet ဝန်ဆောင်မှုအခမဲ့နှင့် ဈေးများတွင် Beach Umbrella များ လှူဒါန်းခြင်း အစရှိသည်တို့ကိုလည်း လုပ်ဆောင်ခဲ့သည်။
အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/mytelmyanmar