Galaxy Z Fold6 | Z Flip6 Pre-Order မှာယူသူများ Samsung | EDKZ Limited Edition Bag ကို ရယူနိုင်မယ့်အခွင့်အ‌ရေး တိုးမြှင့်သတ်မှတ်

Samsung ရဲ့ နောက်ဆုံးထွက် Galaxy Z Fold6 | Z Flip6 Pre-order မှာယူသူတွေအတွက် Samsung နဲ့ အိန္ဒြာကျော်ဇင်တို့ ပူးပေါင်းဖန်တီးထုတ်လုပ်ထားတဲ့ Samsung | EDKZ Limited Edition Bag အလုံးရေ (၂၀၀) အကန့်အသတ် ဖြင့်  Pre-order ကာလတလျှောက် ကံစမ်းရယူခွင့်ပေးထားခဲ့ပြီး ယခုအခါ Form ဖြည့်သွင်း ကံစမ်းခွင့်ကာလကို ဩဂုတ်လ (၁၀) ရက်နေ့အထိ တိုးမြှင့် သတ်မှတ်ပေးလိုက်ပြီဖြစ်သည်။

Image: Samsung

ပေါ့ပါးစတိုင်ကျပြီး Foldable ဖုန်းအပြင် Galaxy Buds ကိုပါ ကျစ်ကျစ်လစ်လစ်နဲ့ ထည့်သွင်း ယူဆောင်သွားနိုင်စေဖို့ ဖန်တီးပေးထားတဲ့ Limited Edition Bag တွေမှာ တမူထူးခြားစေဖို့အတွက် မိမိနာမည်အစ စာလုံးကိုပါ customize ပြုလုပ်ပြီး ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

Image: Samsung

Galaxy Z Series အသစ်သည် ပါးလွှာပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူသည့်အပြင် စွမ်းဆောင်ရည်မြင့် Snapdragon 8 Gen3 for Galaxy ပါဝင်သည့်အတွက် သုံးစွဲသူအတွေ့အကြုံအားလည်း အဖက်ဖက်က ပိုမိုကောင်းမွန်စေမည်ဖြစ်သည်။ အဆင့်မြှင့်တင်ပေးထားသည့် Galaxy AI မှလည်း သုံးစွဲသူ၏ ဖန်တီးနိုင်စွမ်း၊ အလုပ်လုပ်နိုင်စွမ်း ပိုမိုတိုးတက်စေရန် ထောက်ပံ့ပေးနိုင်မည်ဖြစ်ပြီး Armor Aluminum နှင့် Corning Gorilla Glass Victus 2 ကြောင့် ဖုန်း ကြံ့ခိုင်မှုပိုင်းတွင်လည်း ပိုမိုအား‌ကောင်းလာမည် ဖြစ်သည်။ ထို့အပြင် ဖုန်းအပူချိန်လျှော့ချပေးနိုင်ရန်အတွက် Vapor Chamber အား Galaxy Z Fold6 ၌ ပိုမိုကြီးမားသည့် အရွယ်အစားအနေဖြင့်လည်းကောင်း၊ Galaxy Z Flip6 ၌ ပထမဆုံးအနေဖြင့်လည်းကောင်း ထည့်သွင်းပေး လိုက်သည်။

Image: Samsung

Z Fold6 | Z Flip6 Pre-order မှာယူထားသူတွေအနေနဲ့ http://smsng.co/GalaxyZseries-exclusivebag မှာ Pre-order မှာယူမှုမှတ်တမ်းနဲ့ Limited Edition Bag မှာ customize ထည့်သွင်းလိုတဲ့ နာမည်အစစာလုံးကို ဖြည်သွင်းလိုက်ရုံနဲ့ ကံစမ်းရယူခွင့် ရရှိနိုင်မှာဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက Samsung Myanmar Facebook Page မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။