Covid 19 နှင့်ပတ်သက်၍ Viber ၏ ကူညီစွမ်းဆောင်ပေးနိုင်မှုများ

နိုင်ငံအတွင်း COVID-19 တွေ ပြန့်ပွားမှုမြင့်တက်နေတဲ့အချိန်မှာ COVID-19 နဲ့ ပတ်သက်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့ တစ်ပြေးညီ သိရှိထားခြင်းက မလိုလားအပ်တဲ့ ဆိုးကျိုးတွေ မဖြစ်ပွားစေဖို့ လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် Viber က အခုလိုကာလမှာ မြန်မာပြည်သူပြည်သားတွေအတွက် တစ်ဖက်တစ်လမ်းကကူညီပေးတဲ့အနေနဲ့ COVID 19 နဲ့ သက်ဆိုင်တဲ့ ကာကွယ်ရေး၊ ကုသရေးဆိုင်ရာ သတင်းအချက်အလက်၊ ဗဟုသုတတွေကို မျှဝေပေးနိုင်တဲ့ Community တွေကို လုပ်ဆောင်ပေးထားတာလည်း ဖြစ်ပါတယ်။
(၁) WHO Myanmar COVID 19 Info ဆိုတဲ့ Community မှာဆိုရင် WHO နဲ့ ပူးပေါင်းပြီး ကပ်ရောဂါဆိုင်ရာ သတင်းအမှားတွေကို တိုက်ဖျက်ဖို့အတွက် COVID-19 နဲ့ပတ်သတ်တဲ့ နောက်ဆုံးရ သတင်းအချက်အလက်တွေအပြင် အမေးများတဲ့ မေးခွန်းတွေအဖြေတွေကိုပါ ထည့်သွင်းပေးထားပါတယ်။
(၂) Myanmar Red Cross Society ကတော့ မြန်မာနိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ဒေသတွေမှာရှိတဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်နိုင်ဖို့ ရည်ရွယ်ပြီး တည်ဆောက်ထားတဲ့ Community ပဲ ဖြစ်ပါတယ်။ လူမှုလုပ်ငန်းတွေမှာ ကူညီစောင့်ရှောက်ပေးဖို့ စိတ်ပါဝင်စားသူတွေအနေနဲ့လည်း အဆိုပါ Community မှာ ဝင်ရောက်ပြီး သတင်းအချက်အလက်တွေ ရယူနိုင်ပါတယ်။
နောက်ပြီး အခုလို ခက်ခဲနေတဲ့အချိန်မှာ မိမိချစ်ခင်ရတဲ့ မိသားစုတွေ၊ အသိုင်းအဝိုင်းတွေနဲ့ မိမိတန်ဖိုးထားရတဲ့ အရာတွေကို အဆင်ပြေချောမွေ့စွာ ဆက်သွယ်ဆောင်ရွက်သွားနိုင်စေဖို့အတွက် Viber ကနေ ထည့်သွင်းပေးထားတဲ့ လုပ်ဆောင်ချက်တွေလည်း ရှိပါသေးတယ်။ အဓိကကတော့ Viber အသုံးပြုသူတွေ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုံခြုံစိတ်ချစွာ လုပ်ဆောင်နိုင်ဖို့နဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးဖို့ပဲ ဖြစ်ပါတယ်။

Photo Source https://web.facebook.com/viber

(၃) နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပျက်ကွက်လစ်ဟင်းမှုမရှိစေပဲ အစီအစဉ်တကျ လုပ်ဆောင်နိုင်ဖို့က အရမ်းပဲအရေးကြီးလှပါတယ်။ ကပ်ရောဂါကို ကာကွယ်တိုက်ထုတ်ရင်း ကျန်းမာရေးကို ပူပန်ရ၊ လုပ်ငန်းတာဝန်တွေနဲ့ လူမှုကိစ္စအဝဝအတွက်ပါ စိုးရိမ်ရနဲ့ အရာအားလုံးကို တစ်ပြိုင်နက်ထဲ စီမံခန့်ခွဲနိုင်ဖို့အတွက်က အခက်အခဲတွေ ရှိလာတတ်ပါတယ်။ အရေးကြီးတဲ့ အရာတွေကို သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာတွေအတွင်း ချောမွေ့စွာ ပြီးမြောက်အောင် စီမံနိုင်ခြင်းက နေ့စဉ်ဘဝရဲ့ အောင်မြင်မှုတစ်ခုလို ဖြစ်လာပါတယ်။ ဒါကြောင့် နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Viber က My Notes ဆိုတဲ့ လုပ်ဆောင်ချက်ကို ဖြည့်သွင်းပေးလိုက်တာပဲ ဖြစ်ပါတယ်။ My Notes က အသုံးပြုသူတွေရဲ့ လုပ်ငန်းတာဝန်တွေကို အက်ပလီကေးရှင်းအတွင်းဖြည့်သွင်းပြီး မမေ့လျာ့စေရန် အချက်ပေးသည့် စနစ်ကိုပါ ထည့်သွင်းလုပ်ဆောင်ပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် My Notes အသုံးပြုခြင်းဖြင့် အိမ်တာဝန်ရော၊ အလုပ်တာဝန်များကိုပါ အခက်အခဲမရှိ ချောမွေ့စွာ လုပ်ဆောင်နိုင်ကြမှာပါ။
(၄) Viber Group Calls: လုပ်ဖော်ကိုင်ဖက်တွေနဲ့ အစည်းအဝေးတွေပြုလုပ်ရာမှာ အဆင်ပြေစေဖို့အတွက် အယောက် ၃၀ အထိ တစ်ပြိုင်နက်တည်း ခေါ်ဆိုနိုင်သော group call လုပ်ဆောင်ချက်ကိုလည်း Viber မှာ ရရှိနိုင်ပြီ ဖြစ်ပြီး အဆိုပါ လုပ်ဆောင်ချက်အတွင်းမှာပင် မိမိစကရင်မျက်နှာပြင်အား အများကြည့်ရှုနိုင်စေရန်လည်း မျှဝေနိုင်ပြီဖြစ်တဲ့အတွက် ယခုကဲ့သို့ နေအိမ်မှ အလုပ်လုပ်ကိုင်ကြရတဲ့အခါမှာ များစွာ အထောက်အကူဖြစ်စေပါတယ်။
နေအိမ်မှာပင် အလုပ်တာဝန်များ ပြီးမြောက်အောင်ဆောင်ရွက်ရသည့် လုပ်ငန်းခွင်ပုံစံသစ်ပြောင်းလဲလာခြင်းက ယုံကြည်စိတ်ချရပြီး ချောမွေ့ကောင်းမွန်တဲ့ နည်းပညာထောက်ပံ့မှု လိုအပ်ချက်ကို ပိုမိုကြီးမားလာစေပါတယ်။ ထို့ကြောင့် Viber ဖြင့်လည်း မှန်ကန်သည့် သတင်းအချက်အလက်များ ရယူနိုင်သလို လုပ်ငန်းတာဝန်ဆိုင်ရာ စွမ်းဆောင်ရည်များကိုလည်း မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။