နေ့စဉ်ဘဝကို ပိုမိုလွယ်ကူချောမွေ့စေမယ့် မျိုးဆက်သစ် AI ဖုန်းအသစ်ကို မြင်တွေ့ရတော့မယ့် Samsung ရဲ့ Galaxy Unpacked February 2026
နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အနှောက်အယှက်ကင်းကင်းနဲ့ ချောမွေ့စွာလုပ်ဆောင်နိုင်အောင် ဒီဇိုင်းပြုလုပ်ထားတဲ့ မိုဘိုင်းလ် သုံးစွဲမှုအတွေ့အကြုံအသစ်အတွက် အသင့်ပြင်ထားရမယ့်အချိန်ရောက်လာပါပြီ။ နေ့စဉ်လုပ်ဆောင်ချက်တွေကို ပိုမို ရှင်းလင်းလွယ်ကူစေပြီး သုံးစွဲသူရဲ့ ယုံကြည်စိတ်ချမှုကို မြှင့်တင်ပေးနိုင်သလို စတင်ကိုင်တွယ်တဲ့ အခိုက်အတန့်ကစပြီး Galaxy AI စနစ်တစ်ခုလုံးနဲ့ တစ်သားတည်းကျစွာ ချောချောမွေ့မွေ့ အသုံးပြုနိုင်အောင် ဖန်တီးပေးထားတဲ့ Galaxy S Series စမတ်ဖုန်းအသစ်တွေကို မကြာခင်မှာပဲ တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။
Samsung Electronics ကနေ Galaxy Unpacked မိတ်ဆက်ပွဲကြီးကို ဆန်ဖရန်စစ္စကို မြို့မှာ ကျင်းပသွားတော့မှာဖြစ်ပြီး Samsung ရဲ့ ဆန်းသစ်တီထွင်မှုတွေနဲ့ နောက်ဆုံးပေါ် Galaxy အသစ်တွေကို မိတ်ဆက်ပေးလာတော့မှာပါ။ ဉာဏ်ရည်တုနည်းပညာက သုံးစွဲသူတွေနဲ့တစ်သားတည်းဖြစ်လာပြီး ကိုယ့်လိုအပ်ချက်အလိုက် ပြောင်းလဲကူညီပေးနိုင်လာတာနဲ့အမျှ AI ခေတ်ရဲ့ အပြောင်းအလဲသစ်တစ်ခုကို ယူဆောင်လာတော့မှာပဲဖြစ်ပါတယ်။ အဆိုပါ Galaxy Unpacked February 2026 ပွဲကြီးရဲ့ ရင်ခုန် စိတ်လှုပ်ရှားစရာ အခိုက်အတန့်တွေကို samsung.com.mm၊ Samsung Newsroom ၊ Samsung Myanmar Facebook Page နဲ့ Samsung Myanmar YouTube Channel တို့မှာ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်ပေးသွားဦးမှာဖြစ်ပြီး ဖေဖော်ဝါရီလ (၂၆) ရက်နေ့၊ မြန်မာစံတော်ချိန် ည (၁၂) နာရီခွဲအချိန်မှာ စတင်ကြည့်ရှုနိုင်မှာပါ။

Image: Samsung
Galaxy Unpacked ပွဲကြီးကို စောင့်မျှော်ရင်း ယခုဖော်ပြပါလင့်ခ် (http://smsng.co/invitation-galaxy-unpacked-pr) မှာ Register ပြုလုပ်ပြီး စာရင်းပေးသွင်းထားမယ်ဆိုရင်တော့ Pre-order မှာယူရင်းအသစ်ထွက် Galaxy S Series စမတ်ဖုန်းများ ထပ်မံပိုင်ဆိုင်ခွင့် (၃ လုံး ကံထူးခွင့်) နဲ့ ကံထူးရှင် အယောက် (၁၀၀) အထိကို ပေးအပ်သွားမယ့် ဖုန်းဘလ် Top-Up (၁၀,၀၀၀) ကျပ်စီ ကံထူးခွင့် တို့ကို ကံစမ်းနိုင်မယ့် အခွင့်အရေးတွေလည်း ရရှိနိုင်ဦးမှာဖြစ်ပါတယ်။ ကံထူးရှင်များကိုတော့ Samsung Myanmar Facebook Page မှာ မတ်လအတွင်း ကြေငြာပေးသွားမှာပါ။
Samsung ရဲ့ Galaxy Unpacked မိတ်ဆက်ပွဲကြီးနဲ့ နောက်ဆုံးပေါ် Galaxy ထုတ်ကုန်တွေနဲ့ပတ်သတ်ပြီး အချိန်နဲ့ တပြေးညီသိရှိလိုရင်တော့ Samsung Myanmar ရဲ့ တရားဝင် Website နဲ့ Facebook စာမျက်နှာများမှာလည်း ဝင်ရောက်ကြည့်ရှုမေးမြန်းနိုင်မှာဖြစ်ပါတယ်။



