MPT Money မှ လက်ရှိအေးဂျင့် ၂၅၀၀၀ ရှိပြီး မကြာမီ အေးဂျင့်ကွန်ရက်ကို နှစ်ဆတိုးမြှင့်မည်

MPT Money ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၈ ရက်နေ့တွင်စတင်မိတ်ဆက်ခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၂၇၅ ခုနှစ်တွင် အေးဂျင့်ပေါင်း ၂၅၀၀၀ ကျော်ဖြင့် ငွေကြေးဝန်ဆောင်မှုများကိုပေးအပ်လျက်ရှိရာ မကြာမီကာလတွင် အေးဂျင့်ကွန်ရက်ကို နှစ်ဆတိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ MPT Money မိတ်ဆက်ပွဲအခမ်းအနားကိုလည်း ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၈ ရက်နေ့ ရန်ကုန်မြို့Lotte Hotel တွင်ကျင်းပပြုလုပ်ခဲ့သည်။

Photo Source By Myanmar Tech Press

MPT Money အနေဖြင့်လည်း မြန်မာနိုင်ငံအတွင်း ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ယုံကြည်စိတ် ချရမှုအပြည့်ရှိသော ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများကို ပိုမိုဆန်းသစ်တီထွင်ရန်နှင့် ငွေရေးကြေးရေးကဏ္ဍတွင် လူတိုင်း လက်လှမ်းမှီပါဝင်နိုင်စေရန်ဆောင်ရွက်ခြင်းတစ်ရပ်လည်းဖြစ်သည်။ သုံးစွဲသူများအတွက် ရိုးရှင်းလွယ်ကူစေမည့် MPT Money ၏ နည်းပညာကို အသုံးပြုခြင်းဖြင့် အီလက်ထရောနစ်စနစ်သုံးငွေကြေးလွှဲပြောင်းပေးခြင်းအပါအဝင် ငွေပေးချေခြင်း ဆိုင်ရာလုပ်ဆောင်ချက်များဖြစ်သည့် နှစ်ဦးနှစ်ဖက် တိုက်ရိုက်ငွေလွှွှဲပြောင်းခြင်း၊ Mobile Wallet ဖြင့်ငွေပေးချေခြင်း၊ MPT နှင့်အခြားသောအော်ပရေတာများသို့ ဖုန်းငွေဖြည့်သွင်းခြင်းနှင့် ငွေတောင်းခံလွှာများပေးချေခြင်း၊ အခြားသောငွေကြေးဆိုင် ရာဝန်ဆောင်မှုများကို သုံးစွဲသူများနှင့်ရောင်းချသူများအကြား အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ အခြားသောတယ်လီကွန်းအော်ပရေတာများ၏ ဆင်းမ်ကတ်များကိုအသုံးပြုသူများအနေဖြင့် လည်း MPT Money ဝန်ဆောင်မှုများကို သုံးစွဲနိုင်ကာ ကိုယ်ပိုင်အကောင့်များဖြင့် မှတ်ပုံတင်ပြီး အသုံးပြုနိုင်မည်ဖြစ်သည်။ ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများကို မည်သည့်လူမှုအသိုက်အဝန်းတွင်မဆို လက်လှမ်းမှီအသုံးပြုနိုင်မည်ဖြစ်ပြီး လုံခြုံစိတ် ချရသည့် ငွေကြေးလွှဲပြောင်းခြင်းများကိုလည်း ပရိုမိုးရှင်းအစီအစဉ်အဖြစ် ၁၀၀ ရာခိုင်နှုန်းအပြည့်ငွေလွှဲခပြန်လည်ပေးအပ် သည့် Cash-Back စနစ်ဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ MPT Money ဝန်ဆောင်မှုတွင် နှစ်ထပ်ကွမ်းလုံခြုံရေးအစီအစဉ်အ ဖြစ် OTC စနစ်ဖြင့် ငွေလွှဲပြောင်းခြင်းကို ဆောင်ရွက်နိုင်ကာ ပိုမိုလုံခြုံစေနိုင်မည်ဖြစ်သည်။

Photo Source – https://www.facebook.com/MPTMoneyOfficial/

MPT Money ၏ ၁၀၀ ရာခိုင်နှုန်းအပြည့်ငွေလွှဲခပြန်အမ်းသည့် Cash-Back ပရိုမိုးရှင်းအစီအစဉ်သည် သုံးစွဲသူများက အေး ဂျင့်ဆိုင်များတွင် ဆောက်ရွက်သည့် ငွေလွှဲပြောင်းမှုအားလုံးအတွက် အကျုံးဝင်ပါသည်။ သုံးစွဲသူများအနေဖြင့် Mobile Wallet အကောင့်ဖွင့်ထားရန်လိုအပ်ပြီး ပြန်အမ်းငွေ cash-back အားပေးပို့သူ၏ Mobile Wallet အကောင့်ကို ရိုးရှင်းစွာ ထည့်သွင်းပေးသွားမည်ဖြစ်သည်။

Photo Source – https://www.facebook.com/MPTMoneyOfficial/

“မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်ရခြင်းဟာ ငွေရေးကြေးရေးကဏ္ဍမှာ ဝန်ဆောင်မှုတွေကို တိုးတက်ပေးစွမ်းနိုင်ဖို့နဲ့ ငွေသားကိုင်တွယ်သုံးစွဲဖို့မလိုတဲ့ လူမှုအဖွဲ့အစည်းတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့ ရည်မှန်းချက်ကတော့ ဒီဂျစ်တယ်ငွေကြေးလွှဲပြောင်းတဲ့ ဝန်ဆောင်မှုတွေကို လူတိုင်းလူတိုင်းနေရာတိုင်းမှာ လက်လှမ်းမှီနိုင်ပြီး လုံခြုံစိတ်ချရတဲ့မိုဘိုင်းလ်ငွေကြေးလွှဲပြောင်းမှုတစ်ခုအဖြစ် အထူးအလေးပေးသုံးစွဲနိုင်စေဖို့ဖြစ်ပါတယ်။ Mobile Wallet ဝန်ဆောင်မှုကို သုံးစွဲသူတွေနဲ့ ချိတ်ဆက်ပေးလိုက်ခြင်းအားဖြင့် သန်းပေါင်းများစွာသော မြန်မာနိုင်ငံသား တွေအနေနဲ့ ငွေကြေးဝန်ဆောင်မှုကို လက်လှမ်းမှီလာပြီး စီးပွားရေးလုပ်ငန်းတွေ တိုးတက်ဆောင်ရွက်နိုင်မယ့်အပြင် လူနေ မှုအဆင့်အတန်းကိုလည်း ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့ ရည်ရွယ်ထားပါတယ်။ MPT Money ရဲ့ အကျိုးကျေးဇူးတွေ ကြောင့် မဝေးတော့တဲ့အနာဂတ်မှာ ငွေတောင်းခံလွှာတွေပေးဆောင်တဲ့ ကိစ္စတွေဒါမှမဟုတ် ပင်စင်လစာရဖို့ တန်းစီစောင့် ဆိုင်းရတာတွေကို ရှောင်ရှားနိုင်တော့မှာဖြစ်ပါတယ်”ဟု MPT Money ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဦးခင် မောင်မြင့်က ပြောကြားသည်။
လက်ရှိတွင် MPT Money သုံးစွဲသူများအနေဖြင့် ငွေကြေးလွှဲပြောင်းမှုများ၊ လျင်မြန်သည့်မိုဘိုင်းလ်ဖုန်းငွေဖြည့်သွင်းခြင်းများ သို့မဟုတ် အငှားယာဉ်များနှင့် ရန်ကုန်မြို့ရှိ merchants များအတွက် အီလက်ထရွန်းနစ်ငွေပေးချေမှုများတွင် အဆင်ပြေ လွယ်ကူစွာ ဆောင်ရွက်နိုင်ပြီလည်းဖြစ်သည်။
MPT Money နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက 990 သို့ဆက်သွယ်ခေါ်ဆိုပြီးဖြစ်စေ အောက်ပါ Link မှဖြစ်စေ ဝင်ရောက်လေ့ လာနိုင်မည်ဖြစ်သည်။
https://web.facebook.com/MPTMoneyOffical
MPT Money Application ကိုအောက်ပါ Link မှ Install ပြုလုပ်နိုင်မည်ဖြစ်သည်။
https://bit.ly/2SvVZ5x
https://apple.co/2IFITD6