အကြီးမားဆုံးအွန်လိုင်းဈေးရောင်းပွဲတော် 11.11 ကို Shop.com.mm မှ ကျင်းပမည်

မြန်မာနိုင်ငံ၏ အကြီးမားဆုံးသောအွန်လိုင်းဈေးရောင်းပွဲတော် 11.11 ကို Shop.com.mm မှဦးစီးကာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ လ ၁၁ ရက်နေ့တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ 11.11 အွန်လိုင်းဈေးရောင်းပွဲတော်ကြီးကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၁ မှ ၁၅ ရက်နေ့အတွင်း Shop မှာကျင်းပသွားမည်ဖြစ်ပြီး အီလက်ထရွှန်နစ်ပစ္စည်းမျိုးစုံ ၊ ဖက်ရှင်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်း များ၊ လူသုံးကုန်နှင့်စားသောက်ကုန်ပစ္စည်းများ၊ ကလေးအသုံးအဆောင်ပစ္စည်းများ ကို အထူးလျှော့ဈေးများဖြင့် ရောင်းချ ပေးသွားမည်လည်းဖြစ်သည်။

Photo Source – https://www.facebook.com/Shop.com.mm/

အဆိုပါ လျှော့ဈေးရက်များအတွင်းတွင် ၉၀ ရာခိုင်နှုန်းအထိလျှော့ဈေးနှင့်ရောင်းချပေးမည့်ပစ္စည်းများ၊ ၁၁ ကျပ်တည်းနှင့် ရောင်းချမည့် နာရီပိုင်းအထူးလျှော့ေဈေးများ၊ ၅၁,၁၁၁ ကျပ် လျှော့ဈေး Visa ကတ်ဖြင့်ရယူနိုင်မည့်အစီအစဉ်များ၊ ဖုန်းလှုပ်ပြီး ဘောက်ချာကုဒ်တွေရယူနိုင်မည့် Shake Shake အစီအစဉ်များ၊ ဂိမ်းများဆော့ကာ ဆုလက်ဆောင်များရယူနိုင် မည့်အစီအစဉ်များ VISA ကတ်ဖြင့်ဝယ်ယူပြီး ဈေးတန်လွန်းသည့် လျှော့ဈေးတွေရယူနိုင်မည့်အစီအစဉ်များနှင့် အခြားသော အစီအစဉ်ပေါင်းများစွာပါဝင်သွားမည်လည်းဖြစ်သည်။

Photo Source – https://www.facebook.com/Shop.com.mm/

Shop.com.mm အနေဖြင့် ကမ္ဘာ့အကြီးဆုံး 11.11 အွန်လိုင်းရောင်းပွဲတော်ကို မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်မြောက်အနေ ဖြင့်ကျင်းပပြုလုပ်ခြင်းလည်းဖြစ်သည်။ ထို့အပြင် 11.11 အွန်လိုင်းဈေးရောင်းပွဲတော်ကြီးတွင် ရောင်းချနိုင်မည့်လျှော့ ဈေးအစီအစဉ်များကိုလည်း Shop ၏ Facebook စာမျက်နှာတွင် ကြေညာပေးသွားမည်လည်းဖြစ်သည်။
11.11 အွန်လိုင်းဈေးရောင်းပွဲတော်ကြီးတွင် VISA ကတ်ဖြင့် ကြိုတင်ငွေပေးချေပြီး အထူးလျှော့ဈေးများကိုရယူနိုင်မည်ဖြစ်ပြီး VISA မှ Official Partner အနေဖြင့်လည်းပါဝင်ကူညီပေးထားခြင်းလည်းဖြစ်သည်။ နိုဝင်ဘာလ ၁၁ မှ ၁၅ ရက်အတွင်းမှာ VISA ကဒ်ဖြင့်ဝယ်ယူမှသာရရှိနိုင်မှသာ အထူးလျှော့ဈေးအစီအစဉ်များပါဝင်မည်လည်းဖြစ်သည်။

Photo Source – https://www.facebook.com/Shop.com.mm/

11.11 ဈေးရောင်းပွဲတော်အကြိုအနေဖြင့် လျှော့ဈေးအစီအစဉ်များကို အကြိုဝယ်ယူနိုင်မှာဖြစ်ပြီး အဆိုပါအစီအစဉ်များ ကိုလည်း နိုဝင်ဘာလ ၃ ရက်နေ့မှ ၉ ရက်နေ့အတွင်း Shop တွင်ရောင်းချသည့် မည့်သည်ပစ္စည်းမဆို VISA ကတ်ဖြင့်ဝယ်ယူပါက ၂၅ ရာခိုင်နှုန်းအထိလျှော့ဈေး (အများဆုံး ၅၀၀၀ ကျပ်) ရရှိမည်လည်းဖြစ်သည်။ နေ့စဉ် VISA ကတ်ဖြင့်ဝယ်ယူမှု အ‌ရေအတွက်ကိုကန့်သတ်ထားမည်လည်းဖြစ်သည်။ Shop တွင် VISA ကတ်အသုံးပြုပြီး ငွေပေးချေမှုနည်းလမ်းကို သိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်မည်လည်းဖြစ်သည်။
http://bit.ly/2NeTX9p
အဆိုပါ 11.11 အွန်လိုင်းဈေးရောင်းပွဲတော်မတိုင်မီ အခြားသော 11.11 အကြိုလျှော့ဈေးအစီအစဉ်များကိုအောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
http://bit.ly/365uTu4
နိုဝင်ဘာ ၁၁ မှ ၁၅ အတွင်းကျင်းပမည့် 11.11 အွန်လိုင်းဈေးရောင်းပွဲတော်ကြီးတွင်လည်း အောက်ပါ Link တွင် ဝင်ရောက်ဝင်ယူနိုင်မည်လည်းဖြစ်သည်။
https://www.shop.com.mm/11-11-sale/
11.11 အွန်လိုင်းဈေးရောင်းပွဲတော်တွင် ပါဝင်ဆင်နွှဲနိုင်ရန် Shop App ကိုအောက်ပါ Link တွင် Install ပြုလုပ်နိုင်ပါသည်။
http://bit.ly/2SjcJ0i
Shop.com.mm အနေဖြင့် Shop ကိုအသုံးပြုကာ ဈေးဝယ်လိုသူများကိုလည်း ပြည်နယ်နှင့်တိုင်း ၁၄ ခုကို ပို့ဆောင်ပေးလျက်ရှိပြီး ပစ္စည်းအိမ်ရောက်မှသာ ငွေပေးချေလို့ရသည့် စနစ် (Cash On Delivery) ကိုလည်း အသုံးပြုနိုင် ကြောင်းသိရသည်။