ပစ္စည်းအမျိုးအစားများစုံလင်စွာဝယ်ယူနိုင်သည့် E-Commerce Platform တစ်ခုဖြစ်သော Spree.com.mm Website အသစ်မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ Novotel Hotel တွင်ကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။
Spree.com.mm သည် လျှပ်စစ်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းနှင့်ခရီးဆောင်ပစ္စည်းများ၊ ဖက်ရှင်အလှအပဆိုင်ရာပစ္စည်းများ၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ အားကစားနှင့်အစားအသောက်ပစ္စည်းများ စသည့်ကုန်ပစ္စည်းအမျိုးအစားပေါင်းများစွာ ကို နေ့စဉ်ပရိုမိုးရှင်းအစီအစဉ်များဖြင့်ရောင်းချပေးနေသော ဈေးဝယ် Website တစ်ခုဖြစ်သည်။
Photo Source By Myanmar Tech Press
“မြန်မာနိုင်ငံရဲ့ E-Commerce အခြေအနေဟာ အရုဏ်တက်နေထွက်စအခြေအနေလိုပါပဲ။ အခုအခြေအနေမှာ ဘယ်သူက ဈေးကွက်ဘုရင်ဆိုပြီး သရဖူဆောင်းပြဖို့က စောပါသေးတယ်။ ကျွန်တော်တို့ Spree ရဲ့နည်းလမ်းကတော့ ဝယ်သူများအ တွက် ပစ္စည်းများနဲ့တင်သွင်းရောင်းချသူကို ရှာဖွေပေးခြင်းသာမက ပိုမိုကောင်းမွန်တဲ့ ရောင်းချသူများထံမှ အကောင်းဆုံးအ တန်ဆုံးပစ္စည်းတွေကို ဝယ်ယူသူဆီအရောက်ပို့ပေးခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရောင်းတဲ့ပစ္စည်းတွေအတွက် ဝယ်ယူသူ ကိုရှာဖွေခြင်းမဟုတ်ပဲ ကျွန်တော်တို့ဆီက ဝယ်ယူသူများအတွက် ပစ္စည်းကောင်းများကို ှရှာဖွေပေးနေခြင်းဖြစ်ပါတယ်။ ဝယ် ယူသူကာစတန်မာတွေ အတွေ့အကြုံကောင်းရစေဖို့ နှလုံးသားထဲကနေအလေးထားဆောင်ရွက်ပေးခြင်းဖြင့် အကျိုးတူပူး ပေါင်းဆောင်ရွက်နေသော မိတ်ဖက်ကုမ္ပဏီများရဲ့ အထောက်အပံ့ကောင်းများနဲ့ Spree ကိုပိုမိုကောင်းမွန်ကြီးမာသော E- Commerce Platform ဖြစ်လာစေဖို့ ရည်ရွယ်ထားပါတယ်”ဟု Spree.com.mm ၏ CEO ကိုဇေယျာထွန်းမှ ပြောကြားသည်။
Photo Source – https://www.facebook.com/spree.com.mm/
Spree.com.mm ကို Website၊ WAP၊ IOS နှင့် Android Version တို့နှင့်အသုံးပြုနိုင်ပြီဖြစ်ပြီး ငွေပေးချေမှုများအတွက် Visa၊ Master Card၊ MPU၊ KBZPay၊ Wave Money တို့ဖြင့် ပေးချေနိုင်သည့်အပြင် အိမ်အရောက်ငွေပေးချေစနစ်ဖြင့်လည်း ဝယ်ယူရရှိနိုင်မည်လည်းဖြစ်သည်။ Spree.com.mm ကို Daung Capital၊ Get Ride၊ Flymya၊ KBZPay၊ Ninja Van စသော မိတ်ဖက်ကုမ္ပဏီများဖြင့်လက်တွဲဆောင်ရွက်ထားခြင်းလည်းဖြစ်သည်။
Spree.com.mm တွင်ရောင်းချသောပစ္စည်းများကိုဝယ်ယူလိုပါကလည်း ဦးစွာအကောင့်တစ်ခုဖွင့်လှစ်ထားရန်လိုအပ်မည်ဖြစ် ပြီး ဖုန်းနံပါတ်တစ်ခုတည်းဖြင့် အကောင့်ဖွင့်ဝယ်ယူနိုင်သလို Facebook ဖြင့်လည်းချိတ်ဆက်ဝင်ရောက်နိုင်အောင်ပြုလုပ် ထားကြောင်းလည်းသိရသည်။
Spree ကိုမြန်မာနိုင်ငံသားစွန့်ဦးတီထွင်သူများနှင့်ပြည်ပတွင် ပညာသင်ကြားခဲ့သော မြန်မာနိုင်ငံသားလူငယ်များနှင့်ပြည်တွင်း မှအတတ်ပညာရှင်လူငယ်များက ဦးဆောင်ပြီး ဒီဂျစ်တယ်စီးပွားရေးတစ်ရပ်အဖြစ်ရည်ရွယ်ထူထောင်ထားခြင်းလည်းဖြစ် သည်။

Photo Source – https://www.facebook.com/spree.com.mm/
၂၀၁၉ ခုနှစ်တွင် အင်တာနက်သုံးစွဲသူ ၂၁ သန်းရှိနေပြီဖြစ်သော်လည်း E-Commerce ကိုသုံးစွဲနေသူမှာ အင်တာနက် သုံးစွဲသူအားလုံး၏ ၅ ရာခိုင်နှုန်းခန့်သာရှိနေသေးကြောင်းနှင့် ထို ၅ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံ Alibaba Group ၏ လက် ခွဲဖြစ်သော Daraz ကုမ္ပဏီပိုင် Shop.com.mm ကလွှမ်းမိုးနေရာယူထားပြီး ကျန်ရာခိုင်နှုန်းများစွာကလည်း ဈေးကွက်နေရာ သစ်များစွာအဖြစ် ကျန်ရှိနေသေးကြောင်း Spree ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။
ပြည်ပရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင်းကုန်သွယ်မှုများ ပိုမိုခွင့်ပြုလာပြီး အင်တာနက်မြန်နှုန်းမြင့်လာခြင်း၊ ပို့ဆောင်ရေးလုပ်ငန်း၊ ငွေ ပေးချေခြင်းစသည့် စီးပွားရေးလုပ်ငန်းများအတွက် အထောက်အကူပြုလုပ်ငန်းများပါတိုးတက်လာသည်နှင့်အမျှ နောက်လာ မည့် ငါးနှစ်အတွင်း E-Commerce လုပ်ငန်းတိုးတက်လာမည်ဖြစ်ပြီး လူအများအွန်လိုင်းပေါ်တွင် အချင်းချင်းဆက်သွယ်ကြ ပြီး အွန်လိုင်းပေါ်တွင် ရောင်းဝယ်ဖောက်ကားမှုများကြောင့် အပိုဝင်ငွေများရရှိကာ ပိုမိုတိုးတက်လာနိုင်ကြောင်းလည်း ယခု နှစ် အွန်လိုင်းအသုံးပြုဈေးဝယ်ယူကြခြင်း E-Commerce အခြေအနေသည် ၂၀၀၀ ခုနှစ် တရုတ်နိုင်ငံ၏ E-Commerce အတိုးတက်ဆုံးအချိန်နှင့်နှိုင်းယှဉ်ပါက တန်းတူညီမျှသည့်အခြေအနေတစ်ရပ်ဖြစ်နေပြီးဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ရေး သားဖော်ပြထားသည်။
အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://spree.com.mm/