Barcamp Yangon 2020 ပွဲတွင် Barcamper ပေါင်း ၁၅၀၀ ကျော် တက်ရောက်ခဲ့ပြီး Topic ပေါင်း ၅၂ ခု ဝင်ရောက်ဆွေးနွေးခဲ့

နှစ်စဉ်ကျင်းပနေကြဖြစ်သော Barcamp Yangon 2020 ပွဲကြီးတွင် Barcamper ပေါင်း ၁၅၀၀ ကျော် တက်ရောက်ခဲ့ပြီး Topic ပေါင်း ၅၂ ခု ဝင်ရောက်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ အဆိုပါပွဲကြီးကိုလည်း Diamond Sponsor အဖြစ် Mytel မှပါဝင်ကူညီ အားဖြည့်ခဲ့သည်။
ယခုနှစ်ကျင်းပသော (၁၀) ကြိမ်မြောက် Barcamp Yangon 2020 ပွဲကြီးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နှင့် ၁၆ ရက်နေ့တွင် MICT Park Yangon ၌ စည်းကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပခဲ့ပြီး သတင်းအချက်အလက်နှင့်နည်းပညာအသစ် များအကြောင်းဆွေးနွေးမှုအတွက် စိတ်ဝင်စားသူပေါင်းထောင်နှင့်ချီတက်ရောက်ခဲ့ကြသည်။

Photo Source – https://www.facebook.com/barcampyangon/

Barcamp Yangon 2020 ပွဲတွင် နည်းပညာဆိုင်ရာအကြောင်းအရာများသာမက လူမှုရေး ၊ စီးပွားရေး ၊ ပညာရေး ၊ ကျန်းမာရေး စသည့် မတူညီသည့်ကဏ္ဍအသီးသီး မှ စိတ်ဝင်စားဖွယ်အကြောင်းအရာများကိုလည်း ဆွေးနွေးခဲ့ကြသည်။ Barcamp Yangon ဒုတိယမြောက်နေ့ ပိတ်ပွဲအခမ်းအနား၏ Lucky Draw အစီအစဉ်တွင် ပွဲသို့ တက်ရောက်လာသူများ ပျော်ရွှင်စွာ ကံစမ်းနိုင်ရန် Mytel Myanmar မှ Fiber to the Home FTTH ကံစမ်းမဲ (၃) ခုကို ဖွင့်လှစ်ပေးခဲ့သည်။
“နည်းပညာနှီးနှောဖလှယ်ပွဲတွေထဲကမှ လူစိတ်ဝင်စားမှုအများဆုံးပွဲတစ်ပွဲဖြစ်တဲ့ Barcamp Yangon ရဲ့ ၁၀ နှစ်ပြည့်ပွဲမှာ ကျွန်တော်တို့ Mytel က အခုလို Diamond Sponsor အဖြစ် ပါဝင်ကူညီပံ့ပိုးခွင့်ရတာ တကယ်ကို ဂုဏ်ယူဝမ်း မြောက်မိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ နည်းပညာဖွံဖြိုးတိုးတက်မှုအပိုင်းမှာ တစ်ကမ္ဘာလုံးနဲ့ရင်ဘောင်တန်းနိုင် ဖို့ဆိုရင် ဒီလိုပွဲမျိုးကို နှစ်စဉ်နှစ်တိုင်းကျင်းပနိုင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ နယ်ပယ်အသီးသီးက အတတ်ပညာရှင်တွေ ကလည်း မိမိတို့တတ်ကျွမ်းတဲ့ အကြောင်းအရာတွေ နဲ့ အခြားဗဟုသုတတွေ ကို ဝေမျှပေးလေ့ရှိတဲ့ ဒီလိုပွဲမျိုးကို Mytel က တစ်ထောင့်တစ်နေရာကနေ ပါဝင်ခွင့်ပေးခဲ့တဲ့သူတွေကိုလည်း Mytel အနေနဲ့ ကျေးဇူးတင်ရှိပါတယ်။ ဆက်လက်ပြီး တော့လည်း Mytel က ပြည်သူတွေအတွက် နည်းပညာဆိုင်ရာဗဟုသုတတိုးပွားဖို့ရာ ကူညီဆောင်ရွက်ပေးသွားဖို့ အမြဲ အဆင်သင့်ရှိလို့နေပါတယ်” ဟု Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ်ဖြစ်သူ ဦးဇော်မင်းဦးမှ ပြောကြားသည်။

Photo Source – https://www.facebook.com/barcampyangon/

Barcamp နည်းပညာနှီးနှောဖလှယ်ပွဲကို ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအသီးသီးတွင်လည်း ကျင်းပလေ့ရှိပြီး Barcamp Yangon ကို ၂၀၁၀ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် စတင်ကျင်းပလာခဲ့ခြင်းဖြစ်သည်။ စတင်ကျင်းပခဲ့သည့်အကြိမ်တွင်ပင် Barcamp Yangon 2010 သည် တစ်ကမ္ဘာလုံးတွင် ကျင်းပခဲ့သည့် Barcamp ပွဲများအနက် တက်ရောက်သူအများဆုံး Barcamp ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ မြန်မာနိုင်ငံတွင် Barcamp ကို ရန်ကုန်မြို့တွင်သာမက မန္တလေး၊ တောင်ကြီး၊ မကွေး ၊ ပခုက္ကူ ၊ မြင်းခြံ၊ လားရှိုး၊ ပြည်မြို့ အပြင် နည်းပညာတက္ကသိုလ် နှင့် ကွန်ပြူတာတက္ကသိုလ်တွင်လည်းကျင်းပခဲ့ပါကြောင်းလည်းသိရသည်။
ယခင်နှစ်များက ကျင်းပပြုလုပ်ခဲ့သော BarCamp များတွင် တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် ပါဝင်ဆင်နွှဲသူ သုံးထောင်ကျော်ဖြင့် အများဆုံးစံချိန်တင်ခဲ့ပြီး လူမှုရေး၊ စီးပွားရေး၊ နည်းပညာစသည့် ကဏ္ဍများစွာကို ပေါင်းကူးပေးတာ ဖြစ်သည့်အတွက် နည်းပညာရှိပြီး စီးပွားရေးအကြောင်းသိရှိလိုသူ၊ စီးပွားရေးနယ်ပယ်တွင် ထွန်းကားသော်လည်း နည်းပညာ ပိုင်းမှာ အားနည်းနေသူများ စသည့်သူများအချင်းချင်းကို တွေ့ဆုံပေးနိုင်ရန်အခွင့်အရေးတစ်ခုလည်းဖြစ်သည်။

Photo Source – https://www.facebook.com/barcampyangon/

BarCamp တွင် ရရှိနိုင်မယ့်အကျိုးအမြတ်များအနေဖြင့် နည်းပညာများ၊ စိတ်ကူးများကို မိမိတို့ အစီအစဉ်နှင့်သီးသန့် လုပ်ဆောင်သည့်အခါ ကုန်ကျမယ့် ငွေကြေးနှင့်အချိန်များကို လုံးဝလျှော့ချပေး လိုက်နိုင်မည်ဖြစ်ပြီး မိမိတို့ သဘောတ ရားများ၊ ထင်မြင်ယူဆချက်များ၊ ပြန်လှန်မေးခွန်းထုတ်ခြင်းတွေအတွက် လုံလောက်သော ပညာရှင်အများအပြား ကိုလည်း တွေ့မြင်နိုင်မည့်အခွင့်အရေးများရရှိမည်လည်းဖြစ်သည်။