Siam Commercial Bank Myanmar သည် မြန်မာနိုင်ငံဈေးကွက်တွင် ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းဆိုင်ရာများ စတင်

Siam Commercial Bank သည်“Siam Commercial Bank Myanmar”ကို မြန်မာနိုင်ငံ၏ဘဏ္ဍာရေးဈေးကွက်ကို အပြည့်အဝတိုးချဲ့ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းအပြည့်အဝပိုင်ဆိုင်သည့် လက်အောက်ခံဘဏ်အဖြစ် ဖွင့်လှစ်ရန် ခွင့်ပြုခဲ့သည့် တစ်ခုတည်းသောထိုင်းဘဏ်ဖြစ်သည်။SCB Myanmarသည်အာဆီယံအဖွဲ့၏ စီးပွားရေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ၎င်း၏ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းကျွမ်းကျင်မှုနှင့် အားသာ ချက်များကို အသုံးပြုပြီး မြန်မာနိုင်ငံ၏ထုတ်ကုန်များ၊ဝန်ဆောင်မှုများနှင့်ငွေပေးချေမှုစနစ်များကိုမြှင့်တင်သွားမည် ဖြစ်သည်။ ဤပြောင်းလဲမှုသည် စွမ်းဆောင်ရည်အသစ်များကိုဖွင့်ပေးပြီး SCB Myanmar သည် မြန်မာနိုင်ငံရှိ အကြီးမားဆုံး စီးပွားရေးကော်ပိုရေးရှင်းများ၊အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသို့မဟုတ် retail customer များအစရှိသည့် စီးပွားရေးလုပ်ငန်းအုပ်စုတိုင်း၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။ SCB Myanmar သည် CLMV+2 နိုင်ငံများအကြားဒေသတွင်းကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးကိုပေါင်းကူးပြီးချိတ်ဆက်ပေးခြင်းဖြင့် SCB ဘဏ်၏ရုံးခွဲကွန်ယက်များကို အရင်းအနှီးပြုမြှင့်တင်မည်ဖြစ်သည်။

Photo Source https://bit.ly/3oXCN1N

“မြန်မာနိုင်ငံတော်ဗဟိုဘဏ်က Siam Commercial Bank Myanmar ကို လုပ်ငန်းလည်ပတ်လုပ်ဆောင်ရန် ဘဏ်လုပ်ငန်း လိုင်စင်ချထားပေးခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင်တရားဝင်ဖွင့်လှစ်ခဲ့ပါတယ်။ အခုတိုးတက်မှုဟာ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း CLMV+2 နိုင်ငံများဖြစ်တဲ့ SCB ရဲ့နိုင်ငံရပ်ခြားကွန်ယက်ကို ဗျူဟာမြောက် ချဲ့ထွင်ခြင်းအတွက် အရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံသည်ဒေသတွင်း မဟာဗျူဟာမြောက် နိုင်ငံတစ်နိုင်ငံအနေနဲ့ အတူကမ္ဘာအနှံ့မှရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်တဲ့ ထိပ်ဆုံးနေရာတစ်ခုဖြစ်လာပါတယ်။ မြန်မာနိုင်ငံရဲ့ တည်နေရာဟာ အာရှဒေသအင်အားကြီးနိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နှင့်အိန္ဒိယနိုင်ငံတို့ကို ဆက်စပ်ချိတ် ဆက်ထားခြင်းဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းရှိနိုင်ငံများနည်းတူ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံဟာလည်း COVID-19 ပြဿနာများ ကြုံတွေ့နေရပေမယ့်လည်း မြန်မာနိုင်ငံအစိုးရမှ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်ကြိုဆိုထောက်ခံ နေခြင်းဖြစ်သည့် အားလျာ်စွာ SCB ဘဏ်အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလမ်းကြောင်းကို ပြောင်းလဲလိမ့်မယ် မဟုတ်ဘူးလို့ ယုံကြည်ပါတယ်” Siam Commercial Bank ၏ ဥက္ကဋ္ဌ Mr. SarutRuttanaporn မှ ပြောကြားသည်။
SCB ၏ အစုရှယ်ယာပိုင်ဆိုင်မှုအနေဖြင့် Siam Commercial BankMyanmarသည်လက်ရှိတွင် မြန်မာနိုင်ငံရှိ လက်အောက်ခံလိုင်စင်ချထားပေးသည့် တစ်ခုတည်းသော ထိုင်းဘဏ်တစ်ခုဖြစ်ပြီး ဒေသတွင်းဘဏ်များကဲ့သို့ Siam Commercial Bank Myanmar သည်ဘဏ်လုပ်ငန်းဝန်ဆောင်မှုအမျိုးမျိုးကို ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။ SCB Myanmar ၏ ဘဏ္ဍာရေးဝန်ဆောင်မှုများ တိုးချဲ့ခြင်းဖြင့် customer များကို ဝန်ဆောင်မှုပေးရန်နှင့် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများကိုမြှင့်တင်ရန်ကတိကဝတ်ပြုထားသည်။ လက်ရှိအချိန်တွင်စာရင်းဇယားများအရ လူဦးရေ၏ ၇၄ ရာခိုင်နှုန်းသည် ဘဏ္ဍာရေးဝန်ဆောင်မှုများမရရှိနိုင်ကြောင်း၊ ဂျီဒီပီ၏ပြည်တွင်းချေးငွေရာခိုင်နှုန်းမှာ ၂၀ ရာခိုင်နှုန်းမျှသာ ရှိကြောင်း တွေ့ရသည်။
“SCB ဘဏ်ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို အထောက်အကူပြုစေရန်အကြီးမားဆုံးစီးပွားရေးကော်ပိုရေးရှင်းများ၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အပါအဝင် လုပ်ငန်းစုအားလုံးအတွက် ငွေ‌ရေးကြေးရေး ဆိုင်ရာထုတ်ကုန်များ၊ ဝန်ဆောင်မှုများပေးခြင်းတို့ကိုအာရုံစိုက်လုပ်ကိုင်သွားမည်ဖြစ်ပါတယ်။ SCB ဘဏ် ရဲ့ ဘဏ္ဍာရေး အ‌တွေ့အကြုံများနဲ့ စွမ်းဆောင်ရည်အသစ်များတည်ဆောက်နိုင်ဖို့ customer အုပ်စုတိုင်းကို အောင်မြင်မှုဆီသို့ ဦးတည်နိုင်ရန်အတွက် နည်းပညာသစ်များကို သယ်ဆောင်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် SCB ဘဏ်ဟာ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းတိုးတက်လာတဲ့ ခေတ်ရေစီးကြောင်းနဲ့အညီ မြန်မာနိုင်ငံ၏စီးပွားရေးလုပ်ငန်းများ၊ ဒစ်ဂျစ်တယ် ဘဏ္ဍာရေးလုပ်ငန်းများအတွက် အရေးကြီးတဲ့ ဖြေရှင်းနည်းများကို အထောက်အပံ့ပြုပေးသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ သားများအတွက် ကျေနပ်ဖွယ်ကောင်းတဲ့ ဘဏ္ဍာရေးအတွေ့အကြုံများ ဖန်တီးနိုင်ရန်အတွက်လည်း SCB ဘဏ် ဟာအခုကတည်းက ဈေးကွက်ကိုလေ့လာနေပြီဖြစ်ပါတယ်။ ကျွန်တော်တို့လုပ်ငန်းဆောင်ရွက်မှုများကို စီးပွားရေး လုပ်ငန်းများအတွက် ကော်ပိုရေးရှင်းပေါ်တယ်နှင့် retail customer များအတွက် မိုဘိုင်းဘဏ်လုပ်ငန်းများ၊ ဒစ်ဂျစ်တယ် ငွေပေးချေစနစ်များဖွံ့ဖြိုးတိုးတက်ရေးမှစတင်မှာဖြစ်ပါတယ်။ အဲ့ဒီ ဝန်ဆောင်မှုများကို ၂၀၂၂ ခုနှစ်မှာ စတင်ရရှိနိုင် လိမ့်မယ်လို့ မျှော်လင့်ထားပြီး ဝန်ဆောင်မှုများဟာ စီးပွားရေးငွေပေးချေမှုကို အထောက်အကူပြုနိုင်တဲ့အပြင် တိုင်းပြည်အတွင်းမှာရှိတဲ့ ငွေသားအသုံးပြုမှုနဲ့စီမံခန့်ခွဲမှုစရိတ်များကို လျော့ချပေးနိုင်မှာပါ”ဟု Mr. Sarutက ဆက်လက်ပြော ကြားသည်။

Photo Source https://bit.ly/3oXCN1N

“မြန်မာနိုင်ငံမှာ ကြီးမားသောတိုးတက်မှုအလားအလာကောင်းများစွာရှိပါတယ်။ လက်လီချေးငွေများအတွက် ၁၀ ရာခိုင်နှုန်း နဲ့ နှိုင်းယှဉ်ရင် စီးပွားဖြစ်ချေးငွေများဟာ ၈၇ ရာခိုင်နှုန်း (သို့) ၁၈ ဘီလီယံဒေါ်လာရှိပြီး ဗဟိုဘဏ်က လက်လီ ချေးငွေတိုးတက်မှုဟာ အဆတိုးမြင့်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒါ့အပြင် ၂၀၁၈ မှ ၂၀၂၀ ခုနှစ် အတွင်း ပျမ်းမျှ လူဦးရေစုစုပေါင်းရဲ့ ၈၀ မှ ၉၀ ရာခိုင်နှုန်းအတွင်း smart ဖုန်းသုံးစွဲမှုတိုးတက်လာခြင်း၊ ၂၀၁၉ မှ ၂၀၂၀ ခုနှစ်အတွင်း အင်တာနက်သုံးစွဲသူ၁သန်းကျော်သိသာစွာတိုးတက်လာခြင်းတို့ကြောင့် ဒစ်ဂျစ်တယ်စနစ်ငွေချေးခြင်းဟာလည်း အရေးပါတဲ့ နေရာမှာပါဝင်လာပြီး ဒစ်ဂျစ်တယ်စနစ်ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သော ရည်မှန်းချက်ဖြစ်ပါတယ်” ဟု Mr. Sarut မှ ထပ်မံပြောကြားသည်။
Siam Commercial Bank Myanmar သည် မြန်မာနိုင်ငံ၏ အဓိကဘဏ္ဍာရေးခရိုင်ဖြစ်သောရန်ကုန်မြို့တွင် တည်ရှိပြီး Sule Square Office Tower တွင်ဖွင့်လှစ်ထားသည်။ အထွေထွေမန်နေဂျာ Mr. Rajesh Ahuja မှ ဦးဆောင်လျက်ရှိသည်။ ၂၀၁၂ ခုနှစ်တွင် ကိုယ်စားလှယ်ရုံးအဖြစ် မြန်မာနိုင်ငံဈေးကွက်သို့ ဝင်ရောက်ခဲ့ပြီး SCB သည် မြန်မာနိုင်ငံ၏ဈေးကွက်၊ ယဉ်ကျေးမှုနှင့် စည်းမျဉ်းစည်းကမ်းလိုအပ်ချက်များကို အပြည့်အဝနားလည်ထားသည်။ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ တရုတ်နှင့်စင်္ကာပူတို့ပါဝင်သော CLMV+2 နိုင်ငံများမှရင်းနှီးမြှုပ်နှံသူများအတွက် ဒေသတွင်းရင်းနှီးမြှုပ်နှံမှုများနှင့် ချိတ်ဆက်ရန်အဆင်သင့်ဖြစ်နေပြီဖြစ်သည်။