သြဂုတ်လမှစတင်ပြီး TV ကြည့်ရင်း ဈေးဝယ်နိုင်တော့မည့် TV SHOP

ရုံးပိတ်ရက်အားလပ်ချိန်တွေမှာ လူတိုင်းကတော့ သက်သောင့်သက်သာအနားယူချင်ကြတဲ့သူတွေချည်းပါပဲ။ ဖုန်းအသုံးပြုပြီး ဖြစ်စေ၊ TV ကြည့်ရင်းနဲ့ဖြစ်စေ တချို့ကလည်းအနားယူတတ်ကြပြန်ပါတယ်။ ဖုန်းနဲ့ Facebook သုံးနေရင်းလိုချင်တဲ့ပစ္စည်း လေးတွေတွေ့ရင် လိပ်စာနဲ့ဓာတ်ပုံကို Save ထားပြီး ဝယ်ချင်တဲ့အချိန်မှ ဝယ်ယူကြတတ်ကြတဲ့သူတွေရှိသလို Online Shopping ကနေ တိုက်ရိုက်လှမ်းမှာကြတဲ့သူတွေလည်းရှိပါတယ်။
အားလပ်ရက်မှာ ဈေးဝယ်ထွက်ဖို့ပျော်တဲ့သူတွေရှိသလို အိမ်ထဲကအိမ်ပြင်မထွက်ချင်တဲ့သူတွေလည်းရှိတတ်ကြပြန်ပါတယ်။ တကယ်လိုအပ်တဲ့ပစ္စည်း တွေရှိရင်တောင် Online Shopping ဖြစ်စေ၊ လမ်းကြုံမှဖြစ်စေ ဝယ်ယူတတ်ကြတာပါပဲ။ လိုချင်တဲ့ ပစ္စည်းတွေကလည်း တစ်နေရာတည်းမှာစုံစုံလင်လင်ဝယ်ချင်တယ်။ ဈေးနှုန်းကလည်း သက်သာစေတဲ့နေရာမျိုးကလည်း ရှားပါးပါတယ်။ အဲ့ဒီအတွက်ကြောင့်လည်း သွားဝယ်ရမယ့်နေရာတစ်ခုကို စဉ်းစားရတာခေါင်းရှုပ်စရာကိစ္စတစ်ခုပါပဲ။

Photo Source – https://www.facebook.com/pg/TV-SHOP

အိမ်ရှင်မတွေအနေနဲ့လည်း အိမ်မှုကိစ္စတွေနဲ့ မအားလပ်တဲ့အခါမျိုးတွေမှာ အလွယ်တကူဝယ်ယူလို့ရနိုင်တဲ့နေရာမျိုးကိုသိရှိ ထားတော့ အချိန်အများကြီးမပေးရတော့သလို အိမ်မှုကိစ္စတွေလည်း ပိုမိုမြန်ဆန်စွာပြီးစီးစေပါတယ်။ အားလပ်တဲ့အချိန်ခဏ လေးမှာလိုချင်တဲ့ပစ္စည်းတွေရှာဖို့ TV ခဏဖွင့်ကြည့်တာနဲ့သိရှိနိုင်တာကလည်း အိမ်ရှင်မတွေအကြိုက်တွေ့စေမှာအသေအ ချာပါပဲ။
အသက်အရွယ်ကြီးမြင့်နေပြီဖြစ်တဲ့ သက်ကြီးပိုင်းတွေအနေနဲ့လည်း လက်ကိုင်ဖုန်းကိုသုံးပြီးဝယ်ချင်တာကို ရှာဖွေရတဲ့အခါ အဆင်မပြေတာမျိုးတွေလည်းဖြစ်တတ်ကြပါတယ်။ အိမ်မှာပဲအနားယူရင်းကြည့်နေတဲ့ TV ကနေတဆင့် လိုချင်တဲ့အသုံးအ ဆောင်ပစ္စည်းတွေကို ရွေးချယ်ဝယ်ယူနိုင်ခြင်းကလည်းကောင်းမွန်တဲ့နည်းလမ်းတစ်ခုဖြစ်နေတတ်ပြန်ပါတယ်။

Photo Source – https://www.facebook.com/pg/TV-SHOP

ဒီခေတ်မှာတော့ Online Shopping တွေကနည်းပညာပိုင်းဆိုင်ရာပစ္စည်းတွေနဲ့ လူအသုံးအဆောင်ပစ္စည်းတွေကိုသာအဓိက ရောင်းချတတ်ကြပါတယ်။ Online Shopping တွေကို လူကြိုက်များခေတ်စားတယ်ဆိုပေမယ့် အသုံးအဆောင်ပစ္စည်းနဲ့ အစားအသောက်တွေကအများဆုံးမို့ အခြားလိုချင်တဲ့ပစ္စည်းတွေက Online Shopping တွေမှာမရောင်းချတဲ့ပစ္စည်းမျိုး တွေရှိပါတယ်။ အဲ့ဒီအတွက်လည်း လိုချင်တာကိုလူကိုယ်တိုင်သွားစရာမလိုပဲ အလွယ်တကူဝယ်ယူလို့မရတဲ့အခက်အခဲမျိုး တွေလည်းကြုံရပြန်ပါတယ်။

Photo Source – https://www.facebook.com/pg/TV-SHOP

လူကိုယ်တိုင်သွားစရာမလိုပဲ ဝယ်ယူလို့ရတဲ့ပစ္စည်းတွေကတစ်ခါတစ်လေမှာ ဝယ်မှပြီးမှစိတ်တိုင်းမကျတာမျိုးတွေ၊ လွဲနေ တတ်တာမျိုးတွေကလည်း မကြာခဏဆိုသလိုဖြစ်လေ့ဖြစ်ကြရှိကြပါတယ်။ ပြန်လည်လဲလှယ်ယူလို့ရရင်တော့ ပြဿနာမရှိ ပေမယ့် ပြန်လည်လဲလှယ်ယူလို့မရတဲ့ပစ္စည်းဆိုရင်တော့ ဝယ်ယူတဲ့သူအနေနဲ့ငွေကြေးကုန်ကျမှုအရာမရောက်စေသလို စိတ် ရှုပ်ထွေးမှုလည်းဖြစ်စေတာအမှန်ပါ။ အဲ့ဒီအတွက်ကြောင့်လည်း လူကိုယ်တိုင်သွားစရာမလိုပဲ မှန်ကန်ကောင်းမွန်တဲ့ ဈေးဝယ်ယူလို့ရတဲ့နေရာတစ်ခုခုကိုတော့ လူတိုင်းအတွက်သိရှိထားဖို့လိုပြန်ပါတယ်။

Photo Source – https://www.facebook.com/pg/TV-SHOP

ခုဖော်ပြပေးတဲ့ TV SHOP အစီအစဉ်ကတော့ ဇူလိုင်လကနေစပြီး www.tvshop.com.mm website မှာစတင်ဝယ်ယူနိုင်ပြီး သြဂုတ်လမှာတော့ TV ကြည့်ရင်းဈေးဝယ်ယူနိုင်မယ့် အစီအစဉ်သစ်တစ်ခုလည်းဖြစ်ပါတယ်။ လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ လျှပ်စစ်ပစ္စည်းများ၊ နည်းပညာပိုင်းဆိုင်ရာပစ္စည်းများ၊ စာရေးကိရိယာပစ္စည်းများ၊ ဆေးဝါးများ၊ ကျန်းမာရေးနဲ့ညီညွှတ်စေတဲ့ စားသောက် ကုန်ပစ္စည်းများစတဲ့ အမျိုးအစားစုံလင်တာကိုတွေကို TV ကြည့်ရင်းဝယ်ယူနိုင်တဲ့အခွင့်အရေးတစ်ခုလည်းဖြစ် ပါတယ်။

Photo Source – https://www.facebook.com/pg/TV-SHOP

အားလပ်ရက်တွေမှာ မိသားစုတွေနဲ့ TV အတူကြည့်ရင်း အိမ်အတွက်လိုအပ်တဲ့ပစ္စည်းတွေ၊ အစားအသောက်တွေ၊ မိတ်ဆွေ သူငယ်ချင်းအတွက် လက်ဆောင်ဝယ်ပေးချင်တဲ့ပစ္စည်းတွေကို TV ကြည့်ရင်းအလွယ်တကူရှာဖွေဝယ်ယူနိုင်တော့မှာမို့ အားလုံးအတွက်အဆင်ပြေသွားစေတာတော့အမှန်ပါပဲ။
အသေးစိတ်သိလိုပါက အောက်ပါ Link မှာဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/pg/TV-SHOP