စိတ်ချယုံကြည်ရတဲ့ ဝန်ဆောင်မှုတွေနဲ့ ရန်ပုံငွေစုဆောင်းနိုင်တဲ့ Su See Yar Crowdfunding Platform

Su See Yar Crowdfunding Platform ဆိုတာကတော့ မြန်မာနိုင်ငံမှာရှိတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်များနဲ့ အသေးစားလုပ်ငန်းများ အတွက် ငွေကြေးအရင်းအနှီး၊ ရန်ပုံငွေကို မြှင့်တင်နိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံသူတွေနဲ့ တစ်နေရာတည်း တွေ့ဆုံပေးတဲ့ Online Crowdfunding Platform တစ်ခုဖြစ်ပါတယ်။ ပရဟိတလုပ်ငန်းတွေအနေနဲ့လည်း Su See Yar Platform ကနေတစ်ဆင့် ရန်ပုံငွေ ရှာဖွေပြီး လူမှုအကျိုးပြုလုပ်ငန်းတွေကို ကူညီအားဖြည့်နိုင်ဦးမှာပါ။
မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့နိုင်ငံတစ်ခုဖြစ်ပေမယ့် လှူဒါန်းမှု၊ ကူညီထောက်ပံ့မှု ဖောင်ဒေးရှင်းတွေကတော့ ကမ္ဘာ့လှူဒါန်းမှု အညွှန်းကိန်း World Giving Index မှာ (၄) နှစ်ဆက်တိုက် တိုက်ဆုံးကနေ ရပ်တည်ခဲ့ဖူးပါတယ်။ အလှူအတန်းရက်ရောမှုနဲ့ ပက်သက်ရင် မြန်မာနိုင်ငံက အတော်လေးကို စိတ်အားထက်သန်မှုရှိလှပါတယ်။ ဒါကြောင့် အလိမ်အညာမပါပဲ လူသားချင်း စာနာတဲ့ အလူခံတွေကို သေချာစီစစ်ပြီး လှူဒါန်းမှုတွေ၊ ထောက်ပံ့မှုတွေ ပြုလုပ်ပေးနိုင်တဲ့ တစ်ရာတစ်ခုတည်ဆောင်ပေးဖို့ လိုအပ် လာပါတယ်။

Photo source https://suseeyar.net/
Su See Yar Platform အနေနဲ့ ကူညီထောက်ပံ့ချင်တဲ့သူ၊ လှူဒါန်းချင်တဲ့သူတွေကို တစ်နေရာတည်း စုစည်းပေးပြီးတော့ မည်သူမဆို ဖြစ်ပေါ်တွေ့ကြုံနေရတဲ့ အခက်အခဲကို တင်ပြပြီးတော့ အွန်လိုင်းကနေတစ်ဆင့် ကမ်ပိန်း ပြုလုပ်ဖန်တီးနိုင်ပါတယ်။ လှူဒါန်းချင်တဲ့သူတွေ အနေနဲ့လည်း မိမိထောက်ပံ့ပေးချင်တဲ့ ပညာရေး၊ ကယ်ဆယ်ရေး၊ နာရေးကူညီမှု၊ ဘာသာ/သာသနာရေး စတဲ့ Campaign တွေကို ကဏ္ဍအလိုက်ရွေးချယ်ပြီး ထောက်ပံ့မှုပေးနိုင်ပါသေးတယ်။ ပရဟိတအသင်းအဖွဲ့ပဲဖြစ်ဖြစ် တစ်ဦးချင်းပဲ ဖြစ်ဖြစ် အခက်အခဲကိုတင်ပြပြီးတော့ အွန်လိုင်းကနေ အလွယ်တစ်ကူ ကမ်ပိန်း ပြုလုပ်ပြီး Su See Yar Crowdfunding Platform ကနေတစ်ဆင့် Fund ငွေရှာဖွေနိုင်ပါတယ်။ ကမ်ပိန်းပြုလုပ်သူနဲ့ ထောက်ပံ့ပေးတဲ့သူတွေကိုလည်း လှူဒါန်းတဲ့အခါ လုံခြုံစိတ်ချမှု ရှိအောင် ပြုလုပ်ပေးပါတယ်။
ယခုလက်ရှိမှာတော့ စားဝတ်နေရေးခက်ခဲနေကြတဲ့ လူတစ်ချို့အတွက် အလှူငွေစုဆောင်းနေတဲ့ ကမ်ပိန်းများ၊ စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ မိသားစုတွေကို အခြေခံစားနပ်ရိက္ခာများ လှူဒါန်းမယ့် ကမ်ပိန်းများ၊ အလူရှင်များရဲ့ လှူဒါန်းမှုနဲ့ ရပ်တည် နေရပြီး စားဝတ်နေရးခက်ခဲနေတဲ့ မိဘမဲ့ဂေဟာတွေကို ကူညီထောက်ပံ့ပေးမယ့် ကမ်ပိန်းများ၊ လူငယ်များ ဦးဆောင် ပြုလုပ်နေတဲ့ အခမဲ့ ကွန်ပြူတာသိပ္ပံပညာရေး ကမ်ပိန်းနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ပညာပေးကမ်ပိန်းတွေ ကို Su See Yar Platform မှာ ရန်ပုံငွေ မြင့်တင်နိုင်ဖို့နဲ့ ပါဝင်အားဖြည့်ချင်တဲ့သူတွေ ပါဝင်လှူဒါန်းနိုင်ဖို့အတွက် ကမ်ပိန်းပြုလုပ်ပြီး အလှူငွေကောက်ခံထားပါတယ်။ လတ်တစ်လောမှာတော့ အခုလိုကာလ ဆေးရုံဆေးခန်းခတွေလဲ မြင့်တက်ပြီး ဆေးကုသဖို့ ဆေးဖိုးဝါးခ အခက်အခဲဖြစ်နေတဲ့ Rider တစ်ယောက်ကို ကူညီထောက်ပံ့ပေးကြဖို့ ဖိတ်ခေါ်ထားတဲ့ ကမ်ပိန်းကိုလဲ တွေ့မြင်ရမှာပါ။
Su See Yar Crowdfunding Platform မှာရှိတဲ့ ကမ်ပိန်းတွေဟာ ကူညီထောက်ပံ့ပေးကြတဲ့ မိတ်ဆွေတို့အတွက် ထောက်ပံ့လှူဒါန်း ပြီးတာနဲ့ စိတ်မှာတသသ ကြည်နူးပြီး ပီတိကိုစား အားရှိစေနိုင်တဲ့ စိတ်ခံစားချက်မျိုး ဖြစ်ပေါ်စေနိုင်မှာ ဖြစ်ပါတယ်။ Su See Yar အနေနဲ့ လူ့အဖွဲ့အစည်းအတွက် လူသားချင်းစာနာထောက်ထားမှုကို ဦးစားပေးပြီး အခက်အခဲ ဖြစ်နေသူ တွေ လိုအပ်နေသူတွေကို ကူညီအားပေးပြီး ကူညီထောက်ပံ့နိုင်ဖို့အတွက် တင်ပြလာတဲ့ ကမ်ပိန်းတွေကို အချက်အလက် ပြည့်စုံစွာ စီစစ်ပြီးမှ အလှူငွေ ကောက်ခံနိုင်ဖို့ ကမ်ပိန်းပြုလုပ်ပေးတာလဲ ဖြစ်ပါတယ်။

Photo source https://suseeyar.net/
Su See Yar ကိုစတင် အသုံးပြုလိုသူတွေအနေနဲ့ Email ဒါမှမဟုတ် Facebook Account နဲ့ အလွယ်တကူ အကောင့်ဖွင့်နိုင်ပြီးတော့ လှူဒါန်းထောက်ပံ့လိုတဲ့ ကမ်ပိန်းအမျိုးအစား၊ ရင်းနှီးမြှုပ်နှံလိုတဲ့ ကမ်ပိန်းအမျိုးအစားကို ရွေးချယ်ပြီး Visa/Master Card, MPU Card တွေကိုအသုံးပြုပြီး ဝင်ရောက် အားဖြည့် နိုင်ပါတယ်။ မိမိထောက်ပံ့ပေးခဲ့တဲ့ ကမ်ပိန်းအောင်မြင်သွားတဲ့အခါမှာလည်း ကမ်ပိန်းပြုလုပ်သူ ဘက်က ပြန်လည်ပေးအပ်တဲ့ အကျိုးအမြတ်ကိုလည်း ပြန်လည်ခံစားရရှိနိုင်ဦးမှာ ဖြစ်ပါတယ်။
Su See Yar Crowdfunding Platform နဲ့ပက်သက်ပြီး ထပ်မံသိရှိလိုတာတွေအတွက် ဖုန်းနံပါတ် 09251926616 ကိုဆက်သွယ်နိုင်သလို Su See Yar ရဲ့ Official Facebook Page https://www.facebook.com/suseeyarcrowdfunding/ နဲ့ Website https://suseeyar.net/ တို့ကနေလည်း ဆက်သွယ်နိုင်ပါတယ်။