ဆူဇူကီးမှ နောက်ဆုံးပေါ်ကားများနှင့်နည်းပညာများအား နိုင်ငံတကာမော်တော်ယာဉ်ပြပွဲတွင်ပြသ

ဆူဇူကီး(မြန်မာ)မှ မော်တော်ကုမ္ပဏီလီမိတက်မှ နောက်ဆုံးပေါ်ကားများနှင့်ခေတ်မှီနည်းပညာများအား ဒုတိယအကြိမ် မြောက်ကျင်းပသည့် ရန်ကုန်နိုင်ငံတကာမော်တော်ယာဉ်ပြပွဲယနေ့တွင် ဝင်ရောက်ပြသခြင်းဖြစ်ပြီး အဆိုပါပြပွဲအား ဖေဖော်ဝါရီလ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိရန်ကုန်ကွန်ဗေးရှင်းစင်တာတွင်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ယခုနှစ်အတွက် ဆူဇူကီးအရောင်းပြခန်း၏ခေါင်းစဉ်မှာ မောင်းနှင်ခြင်း၏အနှစ်သာ ဟူ၍ဖြစ်ပြီး ကုမ္ပဏီအနေနှင့်သုံးစွဲသူ များ၏စိတ်ကျေနပ်မှုများကို ပိုမိုဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်ကာ ဝယ်ယူသူများအနေနှင့် သွားလာရန်အတွက် လိုအပ်သည့် ယာဉ်အနေနှင့်သာမက ကားမောင်းရခြင်း၏အနှစ်သာရကိုပါခံစားနိုင်ရန်အတွက်ရည်ရွယ်ကာအမည်ပေးထားခြင်းလည်းဖြစ် သည်။

Photo Source- https://www.facebook.com/suzukimyanmarmotorcoltd

“ဆူဇူကီး(မြန်မာ) မော်တော်ယာဉ်များအနေနဲ့ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း ဆူဇူကီးကားသစ် ၁၃,၂၀၅ စီးရောင်းချခဲ့ရပြီး ကုမ္ပဏီရဲ့ သမိုင်းမှာလည်း အရောင်းရဆုံးနှစ်ဖြစ်ခဲ့ပါတယ်။ သီလဝါအထူးစီးပွားရေဇုန်နဲ့ တောင်ဒဂုံမှာရှိတဲ့ ကျွန်တော်တို့ စက်ရုံနှစ်ခုကနေ တစ်လကို အစီးရေ ၁,၃၀၀ စီး လတ်တလော ထုတ်လုပ်လျှက်ရှိပါတယ်”ဟု ဆူဇူကီး(မြန်မာ) မော်တော်ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ Mr Keiichi Asanoမှ က ပြောကြားသည်။
ယခုကားပြပွဲတွင် ဆူဇူကီးမှ Ertiga Upgraded မော်ဒယ်ကားသုံးစီးနှင့်အတူ ဆူဇူကီး၏ နာမည်ကြီးမော်ဒယ်တစ်ခုဖြစ်သည့် Swift GLX ကို Suzuki Genuine Accessories များနှင့် အလှဆင်ထားသည့်တစ်စီး နှင့် အလှဆင်ထားမှုမရှိသည့်ပုံမှန် တစ်စီးပါထည့်သွင်းပြသထားသည်။ ထို့အပြင် Smash 2020 မော်ဒယ်မော်တော်ဆိုင်ကယ်အသစ်ကိုလည်း မော်တော်ယာဉ် အရောင်းပြပွဲတွင်ထည့်သွင်းပြသွားမည်ဖြစ်သည်။ ဆူဇူကီးအနေဖြင့်၂၀၁၉ ခုနှစ် ဧပြီလမှ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ အတွင်း ခုနှစ်ယောက်စီး MPV Ertiga တတိယမျိုးဆက်မော်ဒယ်အစီးပေါင်း ၄,၂၆၄ စီး ရောင်းချခဲ့ပြီးဖြစ်ကြောင်းလည်းသိရသည်။

Photo Source- https://www.facebook.com/suzukimyanmarmotorcoltd

ဖေဖော်ဝါရီလဆန်းပိုင်းတွင်လည်း လုပ်ဆောင်မှုအသစ်လေးခုပါဝင်သည့် Ertiga Upgraded Model အား ဆူဇူကီးမှ မိတ်ဆက်ခဲ့ပြီး အဆိုပါလုပ်ဆောင်မှုများမှာ Automatic လေအေးပေးစက် စနစ်၊ Touch panelကိုဖုန်းဖြင့်ချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်သည့် အပြင် Android Autoနှင့် Apple Car Play များနှင့်ချိတ်ဆက်နိုင်ခြင်းနှင့် GPS စနစ်ပါ ထည့်သွင်းထားခြင်း၊ ကားအနောက်ခန်းတွင် လက်တင်တန်းပါဝင်ခြင်းနှင့် ကားပါကင်ထိုးရာတွင်ပိုမိုအန္တရာယ်ကင်းရှင်းပြီး လွယ်ကူစေရန်အတွက် နောက်ကြည့်ကင်မရာ တို့ပါဝင်သည်။
ယခ ုErtiga upgraded model အားအရောင်လေးရောင်ဖြစ်သောBrave Khaki Pearl, Snow White Pearl, Cool Black Pearl Metallic နှင့် Magma Grey Metallic တို့ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး ဈေးနှုန်းမှာလည်း အများတတ်နိုင်သည့် ပမာဏဖြစ်သည့် မြန်မာကျပ်ငွေ ၂၉,၅၀၀,၀၀၀ သတ်မှတ်ထားပြီး မော်တော်ယာဉ်အရောင်းပြပွဲရှိ ဆူဇူကီးအရောင်းပြ ခန်းတွင် ခင်းကျင်းပြသထားခြင်းဖြစ်သည်။

Photo Source- https://www.facebook.com/suzukimyanmarmotorcoltd

ဝယ်ယူသုံးစွဲလိုသူများအနေနှင့် ဆူဇူကီးကားသစ်များကိုတရားဝင်အရောင်းကိုယ်လှယ်များဆီမှတဆင့် အရစ်ကျငွေပေး ချေမှုပုံစံများဖြစ်သော AYA ဘဏ်၏ “AYA Super Suzuki Finance”နှင့် CBဘဏ်၏ “CB-Suzuki Easy Finance” တို့မှ ပေးချေနိုင်မည်ဖြစ်ကြောင်းသိရသည်။
ဆူဇူကီးအနေနှင့် ကိုယ်စားလှယ်များ ထပ်မံတိုးချဲ့လက်ခံလျှက်ရှိပြီး လတ်တလောတွင်တစ်နိုင်ငံလုံးရှိ ကားအရောင်းပြခန်း ၅၅ ခန်းနှင့် ဆိုင်ကယ်အရောင်းကိုယ်စားလှယ် ၁၄ ခုရှိပြီး ကောင်းမွန်စွာလေ့ကျင့်ထားသောဝန်ထမ်းများနှင့် ထိရောက်မှုရှိပြီးမြန်ဆန်သောအရည်အသွေးမြင့်ဝန်ဆောင်မှုများပေးလျှက်ရှိသည်။
ပိုမိုသိရှိလိုပါက အောက်ပါ Link များတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/suzukimyanmarmotorcoltd
https://www.suzukimyanmar.com