Flexible Pass Platform နှင့် Prudential တို့က မြန်မာနိုင်ငံလူနေမှုဘဝများတိုးတက်မြှင့်တင်ရန်ပူးပေါင်း

မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော ကျန်းမာရေးနှင့်ကာယကြံ့ခိုင်ရေးဆိုင်ရာ အက်ပလီကေးရှင်းဖြစ်သည့် Flexible Pass နှင့် အာရှထိပ်တန်း အသက်အာမခံလုပ်ငန်းကြီးဖြစ်သည့် Prudential Corporation Asia လက်အောက်ရှိ အပိုင်လုပ်ငန်းခွဲဖြစ် သော Prudential Myanmar Life Insurance Ltd. (Prudential Myanmar) တို့လက်တွဲကာ မြန်မာနိုင်ငံရှိ မိသားစုနှင့် လူမှုအသိုက်အဝန်းများအကြား ပျော်ရွှင်ကျန်းမာသည့် လူနေမှုဘဝ ပိုမိုတိုးတက်မြင့်မားလာစေရန်ရည်ရွယ်ကာ အထူးသီး သန့်ဒစ်ဂျစ်တယ် ဦးစားပေးပူးပေါင်းဆောင်ရွက်မှုတစ်ခု စတင်လိုက်ပြီဖြစ်ကြောင်းသိရသည်။
Flexible Pass ကို ၂၀၁၇ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး အသုံးပြုသူများအား ရန်ကုန်၊ မန္တလေးနှင့် ပြင်ဦးလွင်မြို့များရှိ gyms ၊ fitness centres နှင့် hotels ပေါင်း (၁၈၀) တွင် ကျန်းမာရေးနှင့် ကာယကြံ့ခိုင်ရေးဆိုင်ရာ လှုပ်ရှားမှုအမျိုး အစားပေါင်း (၃၀) အထိ ပြုလုပ်နိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိကြောင်းသိရသည်။ ကိုယ်ကာယကြံ့ခိုင်ရေးစင်တာများတွင် ပေး ရသည့်ပုံမှန်ဈေးထက် ပိုမိုသက်သာသော Flexible Pass ပွိုင့်များ အသုံးပြု၍ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရန် လစဉ် booking ပေါင်း ၂၅၀၀ ကျော် ဆောင်ရွက်လျက်ရှိပြီး ပုံမှန်အသုံးပြုသူပေါင်း ၁၀၀၀ ကျော်အတွက် ဝန်ဆောင်မှုပေးနေ သော ပလက်ဖောင်း တစ်ခုလည်းဖြစ်သည်။

Photo Source – https://wwwflexiblepass.com

ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် Prudential Myanmar ဝန်ဆောင်မှုအသုံးပြုသူများအတွက် အထူးဈေးနှုန်းဖြင့် ရရှိနိုင်မည့် Flexible Pass ပွိုင့်များ၊ အများပြည်သူပါဝင်ဆင်နွှဲနိုင်မည့် ကျန်းမာကြံ့ခိုင်ရေး လှုပ်ရှားမှုအခမ်းအနားများ အပါအဝင် လက်တွဲဆောင်ရွက်သွားမည့် အစီအစဉ်ကောင်းများစွာကို မကြာမီ အသိပေးကြေညာသွားမည်ဖြစ်ကြောင်းသိရသည်။
Flexible Pass သည် မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ဖန်တီးရာ၏ ကမ္ဘာ့ဦးဆောင် နည်းပညာအိုင်ဒီယာ accelerator နှင့် လုပ်ငန်းတည်ထောင်နိုင်ရေး ပရိုဂရမ်ဖြစ်သော Founder Institute မှ ပံ့ပိုးမှုရရှိခဲ့သည့် လုပ်ငန်းတစ်ခုလည်းဖြစ်သည်။ Flexible Pass သည် ၂၀၁၇ ခုနှစ်တွင် Startup of the Year ဆု၊ Myanmar Rice Bowl Startup Awards မှ ပေးအပ်သည့် ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်အတွက် Best HealthTech Startup of the Year ဆု၊ ၂၀၁၉ ခုနှစ် အတွက် Founder Of the Year ဆုများကို ရရှိခဲ့သည့် ထိပ်တန်း နည်းပညာပလက်ဖောင်းတစ်ခုလည်းဖြစ်သည်။

Photo Source – https://wwwflexiblepass.com

“ကမ္ဘာ့ထိပ်တန်း အာမခံလုပ်ငန်းတစ်ခုဖြစ်တဲ့ Prudential နဲ့ အခုလို ပူးပေါင်းဆောင်ရွက်နိုင်တဲ့အတွက် ကျွန်တော်တို့ အရမ်းကို ဝမ်းသာဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီနှစ်ခုစလုံးက လူတွေကိုပိုပြီး ကျန်းမာတက်ကြွတဲ့ လူနေမှု ဘဝတွေရအောင် ကူညီပေးချင်တဲ့ ရည်ရွယ်ချက်ချင်းတူညီတာကြောင့် အခုပူးပေါင်းမှုကနေ ကျန်းမာကြံ့ခိုင်တဲ့ လူနေမှုဘဝ ရရှိအောင် အားပေးမယ့်အစီအစဉ်တွေ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာ Flexible Pass အနေနဲ့ သိသိ သာသာ တိုးတက်ပြောင်းလဲလာခဲ့ပြီး အခုလို Prudential Myanmar နဲ့ လက်တွဲလုပ်ကိုင်နေပြီဖြစ်တဲ့အတွက် ရှေ့ဆက်ပြီး မြန်မာနိုင်ငံက ပြည်သူတွေရဲ့ဘဝကို ဆက်လက်အကျိုးပြုနိုင်အောင်၊ နိုင်ငံရဲ့ ကျန်းမာရေးနဲ့ ကာယကြံ့ခိုင်ရေးလုပ်ငန်း နယ်ပယ်ကို ပိုမို တိုးချဲ့မြှင့်တင်နိုင်အောင် ကြိုးစားသွားပါမယ်” ဟု Flexible Pass ၏ Founder and CEO ဖြစ်သူ Sully Bholat က ပြောသည်။

Photo Source – https://facebook.com/flexiblepass

လာမည့်လအနည်းငယ်အတွင်း မြန်မာနိုင်ငံရှိ ပြည်သူများအားလုံး ကျန်းမာရေးစောင့်ရှောက်မှုများကို ဈေးနှုန်းသက်သာ စွာဖြင့် အလွယ်တကူချိတ်ဆက်ရယူနိုင်ရန် ရည်ရွယ်၍ Prudential Myanmar ၏ ပထမဦးဆုံးသော ဒစ်ဂျစ်တယ်နည်းပညာ သုံး ကျန်းမာရေးဆိုင်ရာ မိုဘိုင်းအက်ပလီကေးရှင်းတစ်ခုဖြစ်သည့် “Pulse by Prudential” ကို စတင်မိတ်ဆက်ပေး သွားမည်လည်းဖြစ်သည်။ အဆိုပါ အက်ပလီကေးရှင်းဖြင့် (လူသားဉာဏ်ရည်တု) AI နည်းပညာအသုံးချ ကျန်းမာရေးဆိုင်ရာ အချက်အလက်များနှင့် တစ်ကိုယ်ရေ ကျန်းမာရေး ဝန်ဆောင်မှုများကို ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။
အသေးစိတ်သိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://wwwflexiblepass.com
https://facebook.com/flexiblepass