ချက်နည်းပြုတ်နည်းများစွာကို စုံလင်စွာသိရှိနိုင်တဲ့ Taste Window Application

ယနေ့ခေတ်မှာတော့ သိချင်တဲ့အရာတစ်ခုကို စာအုပ်ဆိုင်တွေမှာ သွားရောက်ဝယ်ယူဖတ်ရှုကြတယ်ဆိုတာ အင်မတန်နည်း ပါးလာပါတယ်။ သိချင်တာတွေကို စာအုပ်တွေမဖတ်တော့ဘဲ ခေတ်မှီဖွံ့ဖြိုးလာတဲ့ခေတ်မှာတော့ E-book တွေကိုအသုံးပြုပြီး ဖတ်ရှုလေ့လာကြပါတယ်။ E-book တွေကနေ တစ်ဖြည်းဖြည်း Video Clip တွေကိုကြည့်ရှုပြီး လေ့လာမှတ်သားကြပြီး လက်ကိုင်ဖုန်းတွေကနေတစ်ဆင့် အဓိကရှာဖွေတတ်လာကြတာကလည်း ကောင်းမွန်တဲ့ အားသာချက်တစ်ခုပဲ ဖြစ်ပါတယ်။ မိမိတို့ရဲ့ လက်ကိုင်ဖုန်းတွေမှာ App တွေထည့်ထားပြီး အသုံးပြုလာကြသလို ကဏ္ဍမျိုးစုံအတွက်လည်း သက်ဆိုင်ရာ Mobile Application တွေကလည်း များ စွာထွက်ပေါ်လာနေပါပြီ။
ပညာရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ လူမှုရေး စတဲ့ ကဏ္ဍပေါင်းစုံအတွက် Mobile Application တွေများစွာရှိ သလို အိမ်မှုကိစ္စတွေမှာကူညီဖြေရှင်းပေးနိုင်တဲ့ App တွေလည်း ထွက်ရှိနေပြီလည်းဖြစ်ပါတယ်။ အိမ်တစ်အိမ်ရဲ့ စား သောက်ဖွယ်ရာ ချက်ပြုတ်တယ်ဆိုတာကလည်း လွယ်မယောင်ယောင်နဲ့ တကယ်တော့ ခက်ပါတယ်။ မစားဖူးသေးတဲ့အ စားအစာ မသိသေးလို့မစားဖူးသေးတဲ့ အစားအစာတွေကလည်း များစွာရှိနေအုံးမှာပါပဲ။

Photo Source – https://www.facebook.com/foodmagazinemyanmar/

ဟင်းချက်တာအတွေ့အကြုံမရှိတဲ့သူတွေအတွက် တခါတလေအိမ်မှာ ဖွယ်ဖွယ်ရာရာလေးတွေ ချက်ပြုတ်စားသောက် ချင်တဲ့အခါ ဟင်းချက်နည်းတွေ ကိုမသိတော့ အင်မတန်မခက်တွေ့စေပါတယ်။ ဒါ့အပြင် အိမ်ရှင်မတွေအနေနဲ့လည်း ကိုယ်တိုင်မချက်ဖူးတဲ့ ကောင်းမွန်တဲ့ ဟင်းလျှာဟင်းလျှာအသစ်အဆန်းတွေကို မိသားစုကို ရံဖန်ရံခါချက်ကျွေး ချင်ကြမှာ အမှန်ပါပဲ။ အဲ့ဒီအတွက်ကြောင့် စုံလင်တဲ့ဟင်းချက်နည်းတွေကို တစ်နေရာတည်းမှာ စုံစုံလင်လင်ရှိနေနိုင်တဲ့ အရာကိုသိရှိ ထားရင် အရမ်းကိုအဆင်ပြေသွား စေမှာလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် စုံလင်တဲ့ဟင်းချက်နည်းတွေကို တစ်နေရာတည်းမှာ စုံစုံလင်လင်ရှိနေနိုင်တဲ့ အရာကိုသိရှိထားရင် အရမ်းကိုအဆင်ပြေသွား စေမှာလည်းဖြစ်ပါတယ်။

Photo Source – http://bit.ly/32c9XAj

အရသာပြတင်းပေါက် အက်မလီကေးရှင်းကို ပျော်ရွှင်တဲ့ မိသားစုတိုင်းအတွက် ရည်ရွယ်တာဖြစ်ပါတယ်။ အစားအ သောက်ပြင်ဆင်ချက်ပြုတ်ခြင်း၊ အစားအသောက်များနဲ့ပတ်သက်လို့သိသင့်သိထိုက်တဲ့အကြောင်းအရာ၊ စားဖိုမှူးများအ ကြောင်း၊ စားသောက်ဆိုင်များအကြောင်းစတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများအပြင် ချက်ပြုတ်နည်း၊ မုန့်လုပ်နည်းသင် တန်းနဲ့အစားအသောက်မဂ္ဂဇင်းများလည်းပါဝင်ပါတယ်။ အရသာပြတင်းပေါက် Taste Window အစီအစဉ်ကို နာမည်ကြီး အစီအစဉ်များဖြစ်တဲ့ အာလူးတစ်ခြမ်းလက်ရာများနှင့် Food Magazine တို့ကို စီစဉ်ထုတ်လုပ်နေတဲ့ Better Day Media Services Co., Ltd. ကနေ စီစဉ်ထုတ်လုပ်တာဖြစ်ပါတယ်။ဘာသာစကားအနေနဲ့လည်း မြန်မာ၊ အင်္ဂလိပ် နှစ်မျိုးလုံးနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ကိုယ်မချက်တတ်တဲ့ဟင်းလျှာတွေကို သင်ပေးမယ့်လို့မရှိလို့ မချက်ပြုတ်တတ်တဲ့သူတွေ၊ ချက်ပြုတ်တတ်ချင်ပေမယ့် ဘာလုပ်ရမှန်းမသိတဲ့သူတွေအတွက်တော့ တစ်ကယ့်ကိုအဆင်ပြေလွယ်ကူစေမှာ ဖြစ်ပါတယ်။ Application မှာ ချက်ပြုတ်နည်းအားလုံးကို Video နဲ့သင်ကြားပြသပေးထားပြီး Video တိုင်းရဲ့အောက်မှာတော့ ပါဝင်ပစ္စည်းတွေနဲ့ အဆင့် ဆင့်ပြုလုပ်ပုံတွေကို ပြန်လည်ရှင်းပြထားပါတယ်။ ကိုယ်သဘောကျနှစ်သက်တဲ့ဟင်းလျှာတွေကို Shopping list ထဲမှာလည်း ထည့်သွင်းနိုင်ပါသေးတယ်။

Photo Source – http://bit.ly/32c9XAj

သင်ကြားပေးတဲ့ဟင်းလျှာတွေကို မြန်မြန်ချက်ပြုတ်နိုင်မယ့်အစားအစာ၊ ပိတ်ရက်တွေမှာချက်ပြုတ် စားသောက်မယ့် အစား အစာ၊ မိသားစုနဲ့အတူ ချက်ပြုတ်စားသင့်တဲ့အစားအစာ၊ ချက်နည်းပြုတ်နည်းတွေ၊ သီးနှံချက်နည်းတွေ၊ မုန့်ဖုန်နည်းတွေ၊ သောက်စရာစပ်နည်းတွေဆိုပြီး Category တွေခွဲခြားထားပါသေးတယ်။ Video တွေပဲ မကြည့်ချင်ဘူးဆိုရင်လည်း App ကနေတစ်ဆင့် Food Magazine တွေလည်း ဝယ်ယူဖတ်ရှုနိုင်ဦးမှာ ဖြစ်ပါတယ်။ မကြာခင်မှာလဲ ချက်နည်းပြုတ်နည်း သင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးမှာ ဖြစ်ပါတယ်။
အရသာပြတင်းပေါက် (Taste Window ) အက်ပလီကေးရှင်းကို အောက်ပါ Link မှ ဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
http://bit.ly/32c9XAj