ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံရှိ ဆင်းမ်ကတ်သုံးစွဲသူများအနေနှင့် မိမိတို့ ဆင်းမ်ကတ် မှတ်ပုံတင်ထားသည့် အချက်အလက်များ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးပြီး ပြင်ဆင်ရန် လိုအပ်ပါက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် နောက်ဆုံးထားပြီး ပြန်လည်ပြင်ဆင်ရန် လိုအပ်ပါသည်။ ဆင်းမ်ကတ်များကို စစ်ဆေးပြီး ပြန်လည်ပြင်ဆင် မှတ်ပုံတင်ခြင်းအားဖြင့် သုံးစွဲသူများအတွက် မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုများကိုလည်း လုံခြုံစိတ်ချစွာဖြင့် သုံးစွဲနိုင်မည့်အပြင် ဒီဂျစ်တယ်ပိုင်းဆိုင်ရာနှင့် ပြင်ပလိမ်လည်မှုများ၏ အန္တရာယ်မှ ကာကွယ်ပေးမည် ဖြစ်ပါသည်။ Image: MPT မြန်မာနိုင်ငံရှိ ဆင်းမ်ကတ်သုံးစွဲသူများအနေနှင့် မိမိတို့၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် နှင့် နိုင်ငံသား စိစစ်ရေးကတ်၏ ရှင်းလင်းထင်ရှားသည့် အရှေ့/အနောက် ရောင်စုံဓာတ်ပုံတို့ဖြင့် ဆင်းမ်ကတ် စတင်သုံးစွဲချိန်တွင် မှတ်ပုံတင်ရန်
Read more