CB Bank မှ မော်တော်ယာဉ်အထူးချေးငွေဝန်ဆောင်မှုများပေးအပ်လျက်ရှိ

ခေတ်မှီတိုးတက်လာသော လူနေမှုအဆင့်အတန်း၏ လိုအပ်ချက်တစ်ခုဖြစ်သည့် ပြည်သူများ ကားအသစ်တစ်စီးကို လွယ်ကူစွာ ပိုင်ဆိုင်နိုင်စေရန် CB Bank မှ အထူးချေးငွေဝန်ဆောင်မှုများပေးအပ်လျက်ရှိကြောင်းသိရသည်။
၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ ရန်ကုန် ကွန်ဗန်းရှင်းစင်တာ (YCC) တွင် ကျင်းပခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်ပြပွဲအတွင်း CB Bank မှ Official Banking Partner အဖြစ်ပါဝင်ခဲ့ပြီး ပွဲသို့လာရောက်ကြည့်ရှု လေ့လာသူများ၊ ဝယ်ယူသူများအား မော်တော်ယာဉ်ချေးငွေဝန်ဆောင်မှုရယူရန် လိုအပ်သည့်အချက် အလက်များအား ကျွမ်းကျင်ဝန်ထမ်းများမှ ရှင်းလင်းပြောကြားပြီး ဝန်ဆောင်မှုပေးအပ်ခဲ့ပြီးလည်းဖြစ်သည်။

Photo Source – https://www.cbbank.com.mm/en/calculator/car-loan-calculator

“အခုဆိုရင် မော်တော်ယာဉ်ချေးငွေရဖို့လိုအပ်ချက်က တဖြည်းဖြည်းတိုးတက်လာတယ်လို့ ကျွန်မတို့ CB Bank ကမြင်တယ်။ မြန်မာမိသားစုတွေရဲ့ ကားပိုင်ဆိုင်ခွင့်ရမယ့် အိမ်မက်တွေကို ကူညီဖြည့်ဆည်း ပေးခွင့် ရတဲ့အတွက်လည်း အတိုင်းမသိဝမ်းသာမိပါတယ်။ အခုဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကားပြခန်း ပေါင်း ၁၀၀ ကျော်လောက်နဲ့ ကျွန်မတို့ပူးပေါင်းထားတာကြောင့် ပြည်သူတွေ ကျွန်မတို့ CB Bank ကတစ်ဆင့် ချိတ်ဆက်ပြီး စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ပါပြီ”ဟု CB Bank ၊ Deputy General Manager (Consumer Finance Department) ဖြစ်သူ ဒေါ်သိမ့်သိမ့်မှ ပြောကြားသွားခဲ့သည်။
မြန်မာနိုင်ငံတွင် လူမှုစီးပွားရေးသည် လျှင်မြန်စွာ တိုးတက်လျက်ရှိပြီး မော်တော်ယာဉ်အသစ်များကို ဝယ်ယူလိုသည့် လိုအပ်ချက် များမှာလည်း မကြားသေးမီနှစ်များအတွင်းက စတင်ကာတိုးတက်လာခဲ့ခြင်းလည်းဖြစ်သည်။ မြန်မာပြည်မှသုံးစွဲသူအများစုသည် မော်တော်ယာဉ်ဝယ်ယူရန် ချေးငွေရယူလိုကြပြီး ၎င်းတို့ ချေးယူနိုင်သည့်ငွေပမာဏနှင့် ငွေပေးချေနိုင်သည့်ငွေပမာဏများ ပေါ်တွင် ဆုံးဖြတ်ကာဝယ်ယူကြခြင်းဖြစ်သည်။ ထို့ကြောင့် CB Bank သည် ဝယ်ယူသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေး နိုင်ရန်အတွက် မြန်မာနိုင်ငံတစ်ဝှမ်းရှိ မော်တော်ကားအမှတ်တံဆိပ်ပေါင်းများစွာနှင့် အရောင်းပြခန်းများကို ပူးပေါင်းချိတ်ဆက် ထားပြီး ၎င်းတို့၏ မော်တော်ယာဉ်ဈေးနှုန်းများအလိုက် ကနဉီးပေးသွင်းငွေအနည်းဆုံးဖြင့် ဝယ်ယူနိုင်သည့်ချေးငွေများပေး အပ်လျက်ရှိကြောင်းသိရသည်။

Photo Source – https://www.cbbank.com.mm/en/calculator/car-loan-calculator

ထို့အပြင် ကားမဝယ်ယူခင် ချေးငွေနှင့်ပါတ်သက်သည့်အချက်အလက်များကို ကြိုတင်ရှာဖွေထားလျှင် ကားအသစ်ဝယ်ယူသည့် လုပ်ငန်းစဉ်များမှာ ပိုမိုလွယ်ကူချောမွေ့မည်ဖြစ်သည်။ CB Bank သည် ၁၉၉၂ ခုနစ်တွင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတွင် အကြီးဆုံးသော ပုဂ္ဂလိကဘဏ်များထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ ၂၇ နှစ်တာကာလ အတွင်း CB Bank သည် ဝန်ထမ်းပေါင်း ၃၀ ကျော်မှ ဝန်ထမ်းပေါင်း (၉၀၀၀) ခန့် အထိ တိုးချဲ့ခန့်ထားနိုင်ခဲ့ပြီး ဘဏ်ခွဲပေါင်း ၂၄၅ ကျော်ကို ဖွင့်လှစ်ထားနိုင်ခဲ့ပါသည်။ Customer များ၏ လိုအပ်ချက်များနှင့် အံဝင်ခွင်ကျဖြစ်အောင် စီမံထားသည့် ဘဏ်ဝန်ဆောင်မှုများကို ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် တစ်ဦးချင်း customer များအတွက် ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိသည်။
ပိုမိုသိရှိလိုပါက အမှတ် ၄၆၊ Union Financial Center (Tower C)၊ မဟာဗန္ဓုလ လမ်း၊ ရန်ကုန်မြို့သို့ လာရောက် လေ့လာနိုင်ခြင်း (သို့မဟုတ်) အောက်ပါ Link မှ ဝင်ရောက် ကြည့်ရှု့နိုင်ပါသည်။
https://www.cbbank.com.mm/en/calculator/car-loan-calculator