Telegram ဆိုတာဘာလဲ ဘယ်လိုအသုံးပြုရမလဲ

WhatsApp တွေ Messenger တွေလိုမျိုးပဲ Telegram ဆိုတာကလဲအသုံးများတဲ့ Social Media App တစ်ခု ဖြစ်ပါတယ်။ Cloud-based စနစ်ဖြစ်ပြီးတော့ အသုံးပြုတဲ့ စမတ်ဖုန်း၊ တက်ဘလပ်နဲ့ ကွန်ပြူတာတွေကတောင် ဝင်ကြည့်နိုင်ပါသေးတယ်။ Telegram ကရိုးရိုးစာပို့တဲ့ စနစ်တစ်ခုထက်ပိုပါသေးတယ်။ အသုံးပြုသူတွေအတွက် လျှို့ဝှက်စွာစကားပြောနိုင်ပြီးတော့ လုံခြုံမှုရှိအောင်လည်း ပြုလုပ်ပေးထားပါတယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ စာရွက်စာတမ်းတွေကိုလည်း မိတ်ဆွေတွေကိုမျှဝေနိုင်သလို ကိုယ်ရှိနေတဲ့တည်နေရာကိုလည်း ပေးပို့နိုင်ဦးမှာ ဖြစ်ပါတယ်။ နောက်ထပ်တစ်ချက်ကတော့ ကြော်ငြာတွေလည်းမပါဝင်သလို အခမဲ့အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ 

Photo source https://telegram.org/

Telegram ကိုစပြီးအသုံးပြုမယ်ဆိုရင်တော့ App Store နဲ့ Google Play တို့ကနေ စက္ကူလေယာဉ်ပျံပုံနဲ့ Telegram ကို Download ရယူနိုင်ပါတယ်။

Welcome Screen ကိုကျော်လိုက်ပြီးတာနဲ့ ဖုန်းနံပါတ်ကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ Telegram အနေနဲ့ ဖုန်းနံပါတ်အစစ်ဖြစ်မဖြစ်ကို ဂဏန်းလေးလုံးပါတဲ့ ကုဒ်နံပါတ်ပေးပို့ပြီး ဖြည့်သွင်းပေးရပါမယ်။ ကုဒ်နံပါတ်ကိုဖြည့်သွင်းပြီး ရှေ့ဆက်လုပ်ဆောင်သွားရမှာပါ။

Telegram က အသုံးပြုသူတွေကို ကိုယ်စိတ်ကြိုက်ဓာတ်ပုံတွေထားခွင့်ပေးထားပြီးတော့ ကိုယ့်ရဲ့ နာမည်နဲ့ ကိုယ်ထားမယ့်ဓာတ်ပုံကို သတ်မှတ်ပေးရမှာပါ။ လိုအပ်တဲ့အချက်အလက်တွေကို ဖြည့်သွင်းပြီး အသုံးပြုနိုင်ပါပြီ။

ဖုန်းမှာမှတ်ထားတဲ့ Contact တွေထဲက Telegram အသုံးပြုသူတွေကို Telegram က အလိုအလျောက်လိုက်ရှာပေးပြီးတော့ သူငဘ်ချင်းတွေနဲ့ စကားပြောလို့ရမှာ ဖြစ်ပါတယ်။ Telegram အသုံးပြုတဲ့သူငယ်ချင်းတွေနဲ့ ဆက်သွယ်နိုင်ပြီးတော့ မသုံးတဲ့ သူငယ်ချင်းတွေကိုလည်း Telegram App ကနေတစ်ဆင့်ကြည့်ပြီး Invite လုပ်နိုင်ဦးမှာ ဖြစ်ပါတယ်။ Messenger တွေ WhatsApp တွေလို တစ်ခြားစာပို့တဲ့ App တွေလိုပါပဲ အကောင့်ရှိတဲ့သူငယ်ချင်းတွေနဲ့ ချတ်ဆက်စကားပြောနိုင်ပါတယ်။

တခြားစာပို့တဲ့ App  တွေနဲ့မတူညီတာကတော့ Telegram ကနေတစ်ဆင့် အချက်အလက်တော်တော်များများကို ပေးပို့နိုင်ပါတယ်။ စာပို့တဲ့နေရာဘေးက စက္ကူညှပ်ကလစ်ပုံလေးကို နှိပ်ပြီးတော့ ကိုယ်ပို့ချင်တဲ့အချက်အလက်အမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။ ဓာတ်ပုံတွေ ဗီဒီယိုတွေကိုလည်း ချက်ချင်းရိုက်ပြီး ပေးပို့နိုင်ပါသေးတယ်။

Photo source https://telegram.org/

ကိုယ်အခုရောက်နေတဲ့ လက်ရှိတည်နေရာကိုပေးပို့မယ်ဆိုရင်လည်း တည်နေရာကိုဖုန်းမှာ ဖွင့်ခွင့်ပေးပြီးတော့ သူငယ်ချင်းတွေကို ပေးပို့မျှဝေနိုင်ပါတယ်။ မြေပုံတစ်ခုပေါ်လာပြီးတော့ ကိုယ်ရောက်ရှိနေတဲ့နေရာအတွက် အမှတ်အသားတစ်ခုလည်း ပြပေးနေမှာ ဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် ရှာဖွေရပိုလွယ်ကူမှာ ဖြစ်ပါတယ်။

Contact Tab ကနေ Secret Chat ကိုရွေးချည်ပြီးတော့ သူငယ်ချင်းရဲ့နာမည်ကို ရွေးလိုက်မယ်ဆိုရင် ဘယ်သူမှမသိအောင် တိတ်တဆိတ်စကားပြောနိုင်မှာ ဖြစ်ပါတယ်။ ပို့သမျှစာတိုင်းကို လျှို့ဝှက်ထားပေးမှာဖြစ်ပြီးတော့ ရိုးရိုးစာပို့သလိုပဲ အားလုံးပေးပို့နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုပို့တဲ့နေရာမျိုးမှာ စာကို အလိုအလျောက်ဖျက်ဆီးပစ်နိုင်အောင်လည်း သတ်မှတ်ပေးလို့ရပါသေးတယ်။ စာတွေကို တစ်စက္ကန့်၊ နှစ်စက္ကန့်၊ ငါးစက္ကန့်၊ တစ်မိနစ်၊ တစ်နာရီ၊ တစ်ရက် ဒါမှမဟုတ် တစ်ပတ်ဆိုပြီးတော့ သတ်မှတ်နိုင်ပါတယ်။

App ရဲ့ Setting ကနေလည်း အလှကြိုက်တဲ့သူတွေအတွက် Chat Background  ကိုကိုယ်ကြိုက်သလို ပြုပြင်ပြောင်းလဲပေးနိုင်ပါတယ်။ ရှိပြီးသားပုံတွေအပြင် ကိုယ်ကြိုက်တဲ့ပုံတွေကိုလည်း ထည့်သွင်းအသုံးပြုနိုင်ပါသေးတယ်။