2021 ဖေဖော်ဝါရီလအတွင်းထွက်ရှိလာပြီး လူသုံးများနေတဲ့ Way Way Nay Application

2021 ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ ထွက်ရှိလာပြီး လက်ရှိတွေ လူသုံးများနေတဲ့ Application တွေထဲမှာ Way Way Nay Application ကလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ လတ်တလေဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများနှင့်စပ်လျဉ်း၍ အ ဆိုပါ Application ကို ပြုလုပ်ထားခြင်းလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး social punishment လုပ်တဲ့ Application တစ်ခုလည်းဖြစ်ပါတယ်။ တစ်ရက်တည်းကို ၇ သောင်းကျော် Download ဆွဲကြတယ်လို့သိရပါတယ်။ Application နာမည်က Way Way Nay လို့ခေါ်ပြီး မြန်မာလို ဝေးဝေးနေဆိုတာကို တိုက်ရိုက် အင်္ဂလိပ်လို နာမည်ပေးထားတာ ဖြစ်ပါတယ်။ Current Version 2.0.9 ဖြစ်ပါတယ်။ App Updated ကိုလည်း ၂၀၂၁ ခုနှစ် မတ်လ ၇ ရက်နေ့က နောက်ဆုံးမြှင့်တင်ထားပါတယ်။

Photo Source https://bit.ly/3l1jBPt

အဲ့ဒီ Application မှာ Category မှာတော့ ဝေးဝေးနေပြီးမဝယ်ရမယ့် ပစ္စည်းများကိုဖော်ပြထားပြီး Banking and Finance အနေဖြင့် ၁၁ ခု၊ Communication အနေဖြင့် ၄ ခု၊ Constrution အနေဖြင့် ၁၂ ခု၊ Entertainment အနေဖြင့် ၁၂ ခု၊ Education အနေဖြင့် ၂ ခု၊ Hotel and Tourism အနေဖြင့်၁၇ ခု၊ Food and Drink အနေဖြင့် ၃၄ ခု၊ Beverage အနေဖြင့် ၂၁ ခု၊ Restaruant အနေဖြင့် ၁၀ ခု၊ Health and Beauty အနေဖြင့် ၁၄ ခု၊ Hospital အနေဖြင့် ၁၂ ခု၊ Estates of Offices အနေဖြင့် ၄ ခု၊ Shipping အနေဖြင့် ၉ ခု၊ Shopping အနေဖြင့် ၇ ခု၊ Manufacturing အနေဖြင့်၁၀ ခု၊ Transportation အနေဖြင့် ၁၁ ခု၊ Knowledge အနေဖြင့် ၃ ခု၊ News and Media အနေဖြင့် ၁၃ ခု၊ Automobile အနေဖြင့် ၄ ခု၊ Sport အနေဖြင့် ၁၃ ခု၊ Smoke and Cigrette အနေဖြင့် ၂ ခု၊ Gold and Jewelry အနေဖြင့် ၅ ခု၊ Distribution အနေဖြင့် ၅ ခု၊ Oil and Gas အနေဖြင့် ၃ ခု ပါဝင်ကြောင်းဖော်ပြထားပါတယ်။

Photo Source https://bit.ly/3l1jBPt

မြန်မာ့နွေဦး သူရဲကောင်းများတွင်လည်း လူနာမည်နှင့် ဓာတ်ပုံများကို အသေးစိတ်ဖော်ပြထားပါတယ်။ လူမှုရေး ပြစ်ဒဏ် ခတ်ရမယ့် လူစာရင်းများစာရင်းကိုလည်း ပုံနှင့်တကွ ရာဇဝင်မှတ်တမ်းများဖြင့်ဖော်ပြထားပါတယ်။ CDM ကို အထောက် အကူပြုတဲ့ အဖွဲ့အစည်းများကိုလည်း အလွယ်တကူဆက်သွယ်နိုင်ရန် အောက်ပါ အတိုင်းဖော်ပြထားပါတယ်။
(၁) 21 Savage MM
(၂) Funding 7# CD
(၃) CRPH – CDM Supporting Team
(၄) We Support Heroes
(၅) ၂/၂၀၂၁ ခိုင်မြဲသောလက်များ
(၆) ရုန်းထွက်စို့
(၇) Connect 21
(၈) GET WELL SOON MYANMAR
(၉) CDM Support Magway
(၁၀) Support to CDM Myanmar
(၁၁) PiTi
(၁၂) CDM Supporting – Shwe Pyi Thar
(၁၃) Thaton Support CDM Heroes
(၁၄) We Pledge CDM
(၁၅) Tachileik CDM Support
(၁၆) ထိုးမုန့် C လူငယ်များ
(၁၇) One-To-One CDM Campaign
(၁၈) Tgi CDM Foundation
(၁၉) CDM Supporting Team Keng Tung
(၂၀) ဘိုးဘိုးအောင် စတဲ့အဖွဲ့အစည်းများကို ဖော်ပြထားပါတယ်။
သတင်းများအနေဖြင့်လည်း နွေဦးတော်လှန်ရေးနှင့် သက်ဆိုင်သော သတင်းများကို ဖော်ပြပေးလျက်ရှိတဲ့ Application တစ်ခုလည်းဖြစ်ပါတယ်။
အောက်ပါ Play store လင့်မှာ ဒေါင်းယူနိုင်ကြပါတယ်။
https://play.google.com/store/apps/details…
အောက်ပါ ios App Store တွင် ဒေါင်းယူနိုင်ပါတယ်။
http://apple.co/3dYNHBw