Telenor ဆင်းကတ်များ မှတ်ပုံတင်နိုင်ရန်ရက်ပေါင်း ၄၀ ခန့်သာကျန်ရှိ မှတ်ပုံတင်နိုင်ရန်ထပ်မံတိုက်တွန်း

Telenor ဆင်းကတ်အသုံးပြုနေသူများအနေဖြင့် ဆင်းကတ်မှတ်ပုံတင်ရန် ရက်ပေါင်း ၄၀ ခန့်သာကျန်ရှိတော့သည့်အတွက် မိမိတို့၏ ဆင်းကတ်များကို မှတ်ပုံတင်တစ်ခုအတွက် ဆင်းကတ်နှစ်ခုသာ သက်ဆိုင်ရာအော်ပရေတာတစ်ခုစီတွင် သေချာစွာ ပြန်လည်မှတ်ပုံတင်ရန်တိုက်တွန်းထားကြောင်းသိရသည်။
မြန်မာနိုင်ငံရှိမိုဘိုင်းဖုန်းသုံးစွဲသူအားလုံးသည် ၎င်းတို့၏ ဆင်းကတ်များကို တရားဝင်အသိအမှတ်ပြုထားသည့် သက်သေခံ ကတ်ပြားဖြင့် မှတ်ပုံတင်ရန်လိုအပ်ပြီး သက်သေခံကတ်ပြားတစ်ခုလျှင် ဆင်းကတ်နှစ်ခုနှုန်းထက်ပိုမိုမှတ်ပုံတင်နိုင်မည် မဟုတ်ကြောင်းလည်းသိရသည်။ သုံးစွဲသူများသည်ဇွန်လ ၃၀ ရက်နေ့မတိုင်မီ မှန်မှန်ကန်ကန်မှတ်ပုံတင်ထားခြင်းမရှိပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီထိုဆင်းကတ်များကို အပြီးပိတ်သိမ်းသွားမည်ဖြစ်သည်။
ဆင်းကတ်မှတ်ပုံတင်ရန်ပျက်ကွက်ပါက ဆင်းကတ်ပိတ်သိမ်းခံရခြင်း၊ ဖုန်းဘေလ်ဆုံးရှုံးခြင်းနှင့်ဆင်းကတ်ကို အသုံးပြု၍ ဖွင့်ထားသောအကောင့်များ ဥပမာ မိုဘိုင်း ငွေရေးကြေးရေး ဝင်ဆောင်မူအတွက် ဖွင့်ထားသည့်အကောင့်နှင့် social media အကောင့် စသည်ဖြင့် ဆုံးရှုံးနိုင်ခြေရှိကြောင်းလည်းထုတ်ပြန်ထားသည်။ မိမိတို့ဆင်းကတ်၏ မှတ်ပုံတင်ထားရှိမှု အခြေအနေ ကို စာတိုပေးပို့၍ဖြစ်စေ၊ တယ်လီနောမြန်မာဝက်ဘ်ဆိုဒ်မှဖြစ်စေ၊ MyTelenor မိုဘိုင်းအက်ပလီကေးရှင်းမှဖြစ်စေ စစ်ဆေး နိုင်မည်လည်းဖြစ်သည်။ သုံးစွဲသူများ၏ဆင်းကတ်များသည် သက်သေခံကတ်တွင်ပါရှိသည့်နာမည်၊ မှတ်ပုံတင်နံပါတ်တို့နှင့် တူညီရမည်ဖြစ်ပြီး သုံးစွဲသူတစ်ဦးသည် အော်ပရေတာတစ်ခုစီမှဆင်းကတ်နှစ်ခုအထိအသုံးပြုခွင့်ရှိကြောင်းလည်းသိရသည်။

Photo Source https://web.facebook.com/TelenorMyanmar

သုံးစွဲသူများ၏ မိုဘိုင်းဖုန်းပေါ်မှတစ်ဆင့် ကိုယ်တိုင်မှတ်ပုံတင်နိုင်မည့်နည်းလမ်းများစွာရှိပြီး အသုံးပြုသူများသည် တယ်လီနောစတိုးဆိုင် သို့မဟုတ် အရောင်းဆိုင်များသို့သွားရောက်၍ လည်းအခမဲ့မှတ်ပုံတင်နိုင်၊ ဆင်းကတ်မှတ်ပုံတင်ခြင်း အောင်မြင်ပါကဒေတာနှင့်ဖုန်းဘေလ်များလက်ဆောင်ရရှိမည်လည်းဖြစ်သည်။
ကုန်လွန်ခဲ့သည့်ခြောက်နှစ်အတွင်း မြန်မာနိုင်ငံတွင်သက်ဆိုင်ရာ ကိစ္စရပ်များအလိုက် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များရရှိခဲ့သည့်နည်းတူ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ လက်တလောညွှန်ကြားချက်တွင် မိုဘိုင်းဖုန်း သုံးစွဲသူတိုင်း ဆင်းကတ်မှတ်ပုံတင်ရန်နှင့်တစ်ဦးလျှင် အော်ပရေတာတစ်ခုစီမှဆင်းကတ်နှစ်ခုထက်ပိုမိုအသုံးမပြုရန် ဖော်ပြထားသည်။ ညွှန်ကြားချက်များအရ ဆင်းကတ်မှတ်ပုံတင်ရန် မြန်မာနိုင်ငံသားများအတွက် နိုင်ငံသားစိစစ်ရေးကတ်၊ နိုင်ငံခြားသားများအတွက် နိုင်ငံကူးလက်မှတ်သာအကျုံးဝင်မည်ဖြစ်သည်။
တယ်လီနောသုံးစွဲသူများအနေနှင့် မိမိဆင်းကတ်မှတ်ပုံတင်ထားခြင်းရှိမရှိနှင့် မှတ်ပုံတင်ခြင်းကို မိုဘိုင်းဖုန်းပေါ်မှ လွယ်လွယ် ကူကူနှင့် ဘေးကင်းစွာလုပ်ဆောင်နိုင်ပြီဖြစ်သည်။ သုံးစွဲသူများသည်ဆင်းကတ်ပိုင်ဆိုင်မှုကို *979*3*3# သို့ခေါ်ဆို၍သော် လည်းကောင်း၊နံပါတ် (၅၀၀) သို့ “REG” စာတိုပေးပို့၍သော်လည်းကောင်းစစ်ဆေးနိုင်ပြီး တယ်လီနောမြန်မာဝက်ဆိုဒ်နှင့် MyTelenor မိုဘိုင်းအက်ပလီကေးရှင်းမှတဆင့်လည်း ကိုယ်တိုင်မှတ်ပုံတင်နိုင်မည်ဖြစ်သည်။ ထို့အပြင် မိမိနေရာနှင့် အနီးဆုံးတယ်လီနောအရောင်းဆိုင်များတွင် သွားရောက်အကူအညီရယူနိုင်ပြီး တယ်လီနောမြန်မာ၏ call center နံပါတ်ဖြစ်သော ၉၇၉ ကိုဆက်သွယ်၍လည်းအကူအညီရယူနိုင်မည်ဖြစ်သည်။

Photo Source https://web.facebook.com/TelenorMyanmar

နိုင်ငံအတွင်း COVIOD-19 ရောဂါကိုခုခံတိုက်ဖျက်နေပြီး စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရသည့်အချိန်တွင် တယ်လီနောသည် အသိပညာပေးလှုပ်ရှားမှုများစွာကို လုပ်ဆောင်လျက်ရှိပြီး သုံးစွဲသူများအနေဖြင့် မိမိကိုယ်တိုင်ဆင်းကတ်မှတ်ပုံတင်နိုင်မည့် နည်းလမ်းများကို တယ်လီနောမြန်မာမှလုပ်ဆောင်ပံ့ပိုးပေးထားသည်။ သုံးစွဲသူများသည်အပြင်ထွက်ခြင်း သို့မဟုတ် အခြား သူများနှင့်ထိတွေ့ခြင်းတို့ကိုပြုလုပ်ရန်မလိုဘဲ မိမိ၏မိုဘိုင်းဖုန်းပေါ်မှမှတ်ပုံတင်နိုင်မည်ဖြစ်သည်။ မှတ်ပုံတင်ခြင်းသည် အခမဲ့ဖြစ်ပြီး မှတ်ပုံတင်ခြင်းအောင်မြင်ပါက ဒေတာ ၅ဂစ်ဂါဘိုက်အထိ သို့မဟုတ် မိုဘိုင်းဖုန်းဘေလ် ၁,၀၀၀ ကျပ်အထိအခမဲ့ ရရှိနိုင်မည်ဖြစ်သည်။
တယ်လီနောသည် မြန်မာနိုင်ငံတဝန်း၌သင့်တင့်သည့် ဈေးနှုန်းဖြင့် လွယ်ကူစွာရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုများအား၂၀၁၄ ခုနှစ်မှစတင်ပေးအပ်လျက်ရှိသည်။ တယ်လီနောသည်လက်ရှိတွင်နိုင်ငံတွင်း အကျယ်ပြန့်ဆုံး သော ကွန်ရက်မှတဆင့်သုံးစွဲမှုအတွေ့အကြုံကောင်းများအား တာဝန်ယူမှုအပြည့်အဝရှိသည့်က တိကဝတ်ဖြင့် သုံးစွဲသူများ နှင့်စီးပွားရေးလုပ်ငန်းများအား ပေးအပ်လျက်ရှိပြီးပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးရှိ အသုံးပြုသူပေါင်း ၂၂ သန်း ကျော်ထံသို့ ၎င်း၏ကွန်ရက်များဖြင့်လွှမ်းခြုံကာဝန်ဆောင်မှုများပေးအပ်လျက်ရှိသည်။
တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သောတယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံးမိုဘိုင်းအော်ပရေတာများအနက် တစ်ခုဖြစ်ပြီးအသုံးပြုသူပေါင်း ၁၈၆ သန်းကျော်အားပိုင်ဆိုင်ထားသည်။ ဆက်သွယ်ရေးကဏ္ဍမှတဆင့် လူ့အသိုက်အဝန်းကို မြှင့်တင်ပေးနိုင်ရန်မှာနှစ်ပေါင်း ၁၆၅ နှစ်ကျော်ကြာ တယ်လီနော၏ အဓိကဦးစားပေးမှုဖြစ်ပြီး လက်ရှိတွင် အာရှဒေသတစ်လွှားအသုံးပြုသူများ၊ မိတ်ဖက်လုပ်ငန်းများနှင့်လူ့အသိုက်အဝန်းများကိုဝန်ဆောင်မှုပေးလျက်ရှိသည်။ တယ်လီနော လုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.telenor.com
https://web.facebook.com/TelenorMyanmar