HUAWEI Y8p စမတ်ဖုန်းကို ၂၉၉၀၀၀ ကျပ်ဖြင့် Pre-Order မှာယူနိုင်

ကြည်လင်တောက်ပပြီး စိတ်ချရသောလုံခြုံရေးစနစ်ဖြစ်သည့် In-screen finger print စနစ်ပါဝင်သည့်အပြင် 48MP Triple AI camera တပ်ဆင်ထားသည့် HUAWEI Y8p (6GB RAM-128GBROM ဗားရှင်း) ကို ၂၀၂၀ ခုနှစ် မေလ ၃၁ ရက်နေ့အထိ ၂၉၉၀၀၀ ကျပ်ဖြင့် Pre-Order မှာယူနိုင်မည့် အပြင် HUAWEI Band 3e ကိုလည်း Pre-Order လက်ဆောင် အဖြစ် ရရှိမည်ဖြစ်ကြောင်းသိရသည်။
HUAWEI အနေနှင့် ၂၀၂၀ ပထမသုံးလပတ်အတွင်း ကမ္ဘာ့စမတ်ဖုန်းတင်ပို့သူစာရင်း၏ ဒုတိယနေရာကို ပြန်လည်တက် လှမ်းလာနိုင်ခဲ့ပြီး လာမည့်ဒုတိယသုံးလပတ်အတွက်လည်း ကြိုတင်ပြင်ဆင်မှုများအနေနှင့် အရည်အသွေးကောင်းမွန်ပြီး ဈေးနှှုန်းသင့်တင့်မျှတသည့် စမတ်ဖုန်းအမျိုးအစားများကိုသုံးစွဲသူပရိသတ်များအတွက် မိတ်ဆက်ပေးခဲ့သည်။ Flagship ပိုင်းတွင်လည်း HUAWEI P40 series ကဲ့သို့ ကင်မရာအရည်အသွေးထိပ်တန်းနှင့် အခြားနည်းပညာအသစ်အဆန်းများ ပါဝင်သည့် စမတ်ဖုန်းများကိုမိတ်ဆက်ပြီးစတင်ရောင်းချနေခဲ့သလို Tablet နှင့် PC ပိုင်းတွင်လည်း HUAWEI Mate Pad Pro ကဲ့သို့ ဈေးနှုန်းသင့်တင့်ပြီးရုံးသုံးအိမ်သုံးဘက်စုံအသုံးပြုနိုင်သည့် Tablet အမျိုးအစားများစသည်ဖြင့် မိတ်ဆက်ခဲ့သလို ယခုအချိန်တွင်လည်း Mid-Range level စမတ်ဖုန်းများအကြားတွင် ရွေးချယ်ချင်စရာအချက်များများပြားသည့် HUAWEI Y8p ကိုမိတ်ဆက်လာခဲ့သည်။ မြင်ကွင်းအတွေ့အကြုံပိုင်းတွင် အကောင်းဆုံးအတွေ့အကြုံများကိုယူဆောင်လာပေးမည့် Dew Drop OLED display အမျိုးအစား၊ In-Screen Fingerprint စနစ်၊ ကင်မရာရိုက်ကူးမှုအတွက် HUAWEI ၏ Mid-range စီးရီးစမတ်ဖုန်းများအကြားနာမည်ကျော်ရေပန်းစားပြီးသားဖြစ်သော 48MP Triple AI ကင်မရာအတွဲအစပ်နှင့် ဂိမ်းကစားမှုနှင့်ဖျော်ဖြေရေးပိုင်းတွင် ကောင်းမွန်စွာအသုံးချနိုင်မည့် 6GB RAM 128GB ROM ဗားရှင်းတို့ဖြင့် HUAWEI Y8p ကို ၂၉၉၀၀၀ ကျပ်ဖြင့် မိတ်ဆက်လာခဲ့ပြီး မေလ ၃၁ ရက်နေ့အထိ Pre-Order မှာယူရင်း HUAWEI Band 3e ကိုပါ Pre-Order လက်ဆောင်အဖြစ် ရရှိဦးမည်သည်။

Photo Source https://web.facebook.com/HuaweimobileMM/

HUAWEI Y8p တွင် ယခင် Y series စမတ်ဖုန်းများနှင့် မတူပဲသိသိသာသာပြောင်းလဲလာမှုသည် High-Definition အရည်အသွေးထိရရှိစေမည့် OLED screen အမျိုးအစားကိုအသုံးပြုထားခြင်းဖြစ်သည်။ 6.3 လက်မအရွယ် dew drop မျက်နှာပြင်မှ 2400 x 1080 p resolution အထိရရှိမည်ဖြစ်ပြီး ဘေးဘောင်များကိုလည်းယခင် စီးရီးစမတ်ဖုန်းများထပ် ပိုမိုသေးသွယ်အောင် ဖန်တီးတည်ဆောက်ထားခြင်းကြောင့် မြင်ကွင်းကျယ်ကျယ်ကိုပိုမိုကြည်လင်တဲ့ အရည်အသွေးဖြင့် ခံစားရရှိစေမည်ဖြစ်သည်။ Dewdrop ပုံစံ Notch တွင် 16MP အရည်အသွေးရှိ Selfie ကင်မရာကိုတပ်ဆင်ပေးထားပြီး ဆယ်လ်ဖီရိုက်ကူးမှုအပိုင်းနှင့် ညဘက်ဆယ်လ်ဖီရိုက်ကူးမှုများအတွက် ပုံထွက်ကောင်းကောင်းများကို ဖန်တီးရိုက်ကူးနိုင်မည် လည်းဖြစ်သည်။ OLED display အမျိူးအစားကိုအသုံးပြုထားခြင်းကြောင့်လည်း နောက်ဆက်တွဲကောင်းကွက်များဖြစ်သည့် AOD (always on Display), Dark Mode နှင့် in-screen fingerprint unlock (မျက်နှာပြင် လက်ဗွေစနစ်) စသည်တို့ကိုပါ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ မျက်နှာပြင်ကျယ်ကျယ်နှင့် 4000 mAhဘက်ထရီကိုအသုံးပြုတပ်ဆင်ထားသော်လည်း ၁၆၃ ဂရမ်သာအလေးချိန်ရှိပြီးကိုင်တွယ်ရပေါ့ပါးစေသည်။
HUAWEI စမတ်ဖုန်းများဟသည် ကင်မရာပိုင်းတွင် အရည်အသွေးကောင်းမွန်မှုမှာ နာမည်ကျော်ကြားသည့်အတိုင်းပင် ယခု HUAWEI Y8p စမတ်ဖုန်းတွင်လည်း 48MP Triple AI camera အတွဲအစပ်ကိုတပ်ဆင်ထားသည်။ 48MP ကင်မရာ၊ 8MP ultra-wide angle ကင်မရာ နှင့် 2MP depth lens တို့ဖြင့်ဖွဲ့စည်းထားပြီးအရည်အသွေးမြင့်မားသည့် Sensor နှင့် AI နည်းပညာတို့ဖြင့် အားဖြည့်ထားခြင်းကြောင့် ခုရိုက်-ခုတင် ပုံရိပ်များရိုက်ကူးမှုများအတွက် စိတ်ကျေနပ်မှုရစေမည့် ပုံထွက် အရည်အသွေးများကိုရရှိစေမည်ဖြစ်သည်။ Night mode ပုံရိပ်များရိုက်ကူးမှုတွင်လည်း HUAWEI သည် အမြဲခေတ်ရှေ့ပြေးဆန်းသစ်နေသလို ယခု HUAWEI Y8p တွင်လည်းအခြားကိရိယာတန်ဆာပလာမလိုပဲ လက်ချည်းသီးသန့်ဖြင့် ကိုင်တွယ်ရိုက်ကူးစေနိုင်မည်ဖြစ်သည်။ Sensor အရွယ်အစားကလည်း ½ – inch အရွယ်အစားကို အသုံးပြုထားပြီးလက်ရှိဈေးတန်းတူဖုန်းအမျိုးအစားများအနက်လည်းအကြီးဆုံး Sensor အရွယ်အစားကိုအသုံးပြုထားခြင်း ဖြစ်သည်။

Photo Source https://web.facebook.com/HuaweimobileMM/

SOC ပိုင်းအတွက် HUAWEI Mid-Range စမတ်ဖုန်းများတွင် အသုံးပြုလေ့ရှိသော Kirin 710F chipset အမျိုးအစားကို အသုံးပြုထားပြီး ဖုန်းအတွက် Android 10 ပေါ်တွင် အခြေခံထားသော EMUI 10.1 ဗားရှင်းဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ ဂိမ်းကစားမှုနှင့် ဖျော်ဖြေရေးအပိုင်းအတွက်လည်းစိတ်ပူပန်စရာမရှိအောင် RAM 6GB နှင့် Internal Storage 128GB တို့အရံသင့် ထည့်သွင်းပေးထားပြီး GPU Turbo နည်းပညာကလည်းစွမ်းအင်သုံးစွဲမှုကိုသက်သာပြီး Graphics processing ပိုင်းအတွက် အရှိန်မြှင့်တင်ပေးမည်ဖြစ်သည်။ HUAWEI Y8p သည် HUAWEI Mobile Services ကိုအသုံးပြုထားပြီးလိုအပ်သော Application များကို HUAWEI App Gallery မှတစ်ဆင့် ရယူအသုံးပြုနိုင်မှာဖြစ်သည်။ ယခုကဲ့သို့ Feature ပိုင်းစုံလင်ပြီး Flagship ဖုန်းတစ်လုံးအလားအတွေ့အကြုံသစ်များကို ယူဆောင်လာပေးမည့် HUAWEI Y8p ကို ၂၉၉၀၀၀ ကျပ်ဖြင့် ပြည်တွင်းဈေးကွက်တွင် ရောင်းချမည်ဖြစ်ပြီးမေလ ၃၁ ရက်နေ့အထိ Pre-Order ကာလအဖြစ် သတ်မှတ်ထားပြီး Pre-Order မှာယူသူများအတွက် HUAWEI Smart Band အမျိုးအစားတစ်ခုဖြစ်သည့် HUAWEI band 3e ကိုလည်းလက်ဆောင်ရရှိဦးမည်ဖြစ်သည်။