တယ်လီနောဆင်းကတ်များကို အခမဲ့ အိမ်တိုင်ရာရောက်ပေးပို့ဝန်ဆောင်မှုဖြင့် အွန်လိုင်းမှတစ်ဆင့် ဝယ်ယူနိုင်

တယ်လီနောမြန်မာသည် လက်ရှိသုံးစွဲသူများနှင့် သုံးစွဲသူအသစ်များအတွက် ၎င်း၏ ဝက်ဆိုဒ်မှတစ်ဆင့် တစ်နေရာ တည်းတွင် ဆင်းကတ်အသစ်များကို ဝယ်ယူပြီး အခမဲ့ပို့ဆောင်ပေးမည့် ဝန်‌ဆောင်မှုအသစ်ကို Ongo နှင့် ပူးပေါင်း၍ ယနေ့တွင် မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
တယ်လီနောမြန်မာသည် သုံးစွဲသူများ အဆင်ပြေစေရန်နှင့် ဘေးကင်းလုံခြုံစေရန် ယခုကဲ့သို့သော ဝန်ဆောင်မှုကို မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းကဏ္ဍတွင် ဦးဆုံးမိတ်ဆက်ပေးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
“တယ်လီနောမြန်မာအနေနဲ့ သုံးစွဲသူတွေ အဆက်အသွယ်မပြတ်တောက်သွားစေဖို့၊ စိတ်လှုပ်ရှားဖို့ကောင်းပြီး ဆန်းသစ်တီထွင်မှုရှိတဲ့ ဝန်ဆောင်မှုအသစ်တွေကို ဖန်တီးပြီး ဘဝအတွက် ပိုမိုအဓိပ္ပာယ်ရှိတဲ့ အရာတွေကို ယူဆောင်လာပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ အထူးသဖြင့် အခုလို ခက်ခဲတဲ့ အချိန်ကာလမျိုးမှာ သုံးစွဲသူတွေက သူတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အ‌ရောင်းကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို အိမ်အရောက် ဘေးကင်းကင်းနဲ့ ပို့ဆောင်ပေးတာမျိုးကို လိုချင်တယ်ဆိုတာ သိနားလည်ထားပါတယ်။ ဘေးကင်းလုံခြုံပြီး အဆက်အသွယ်မပြတ် တောက်သွားဖို့ဆိုတာ အိမ်ထောင်စုအများစုအတွက် အဓိကလိုအပ်ချက်ပါ။ Ongo နဲ့ ပူးပေါင်းပြီး ဈေးကွက် ထဲမှာ လိုအပ်နေတဲ့ အခုလို ဝန်ဆောင်မှုမျိုးကို ပထမဦးဆုံး မိတ်ဆက်ပေးနိုင်ခဲ့တဲ့ အော်ပရေတာတစ်ဦးအနေနဲ့ စိတ်လှုပ်ရှားမိပါတယ်” ဟု တယ်လီ‌နောမြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ်ဖြစ်သူ Amaresh Kumar မှ ပြောကြားသည်။

Photo Source https://www.telenor.com/sim-just-a-piece-of-plastic/

လက်ရှိသုံးစွဲသူများနှင့် သုံးစွဲသူအသစ်များသည် တယ်လီနောမြန်မာဝက်ဆိုဒ်တွင် အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ မိမိစိတ်ကြိုက်နံပါတ်များကို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ ငွေပေးချေမှုများကို အိမ်အရောက်ပို့ ငွေချေစနစ်ဖြင့် ပြုလုပ်နိုင်ပါသည်။
ဆင်းကတ်တစ်ခုကို မြန်မာကျပ် ၁,၅၀၀ ကျပ်သာ ကျသင့်မည်ဖြစ်ပြီး တယ်လီနောမြန်မာ၏ ပစ္စည်းပို့ဆောင်ရေး မိတ်ဖက်ဖြစ်သော Ongo မှ ၄၈ နာရီအတွင်း အိမ်အရောက် အခမဲ့ ပို့ဆောင်ပေးသွားမည်ဖြစ်သည်။ ဆင်းကတ် အသစ်ဝယ်ယူထားသော သုံးစွဲသူများ အဆင်ပြေပြေမှတ်ပုံတင်နိုင်ရေး (မြန်မာနိုင်ငံသားများအတွက် နိုင်ငံသား စိစစ်ရေးကတ် သို့မဟုတ် နိုင်ငံခြားသားများအတွက် နိုင်ငံကူးလက်မှတ်ဖြင့်) Ongo ဝန်ထမ်းများမှ ကူညီဆောင် ရွက်ပေး သွားမည်ဖြစ်ပါသည်။
တယ်လီနောမြန်မာသည် ၎င်း၏ဝက်ဆိုဒ်တွင် ဆင်းကတ်ဝယ်ယူခြင်းအတွက် အထူးပရိုမိုးရှင်းများလည်း ပေးအပ်သွား မည်ဖြစ်သည်။ သုံးစွဲသူများသည် ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာကျပ်ငွေ ၁,၀၀၀ ငွေဖြည့်သွင်းပါက ဖုန်းဘေလ် ၁,၀၀၀ ကျပ်အပြင် ဒေတာ 1 GB အခမဲ့နှင့် ရက် ၉၀ ကြာ ဖေ့စ်ဘွတ်ညလုံးပေါက် သုံးစွဲခွင့်တို့ကို အပိုထပ်ဆောင်း ပေးအပ်သွားမည်ဖြစ်သည်။ ထို့အပြင် အွန်လိုင်းမှ ဝယ်ယူခြင်းအတွက် ဒေတာလက်ဆောင် 2 GB ထပ်မံပေးအပ်သွား မည်ဖြစ်ရာ စုစုပေါင်း ဒေတာလက်‌ဆောင် 3 GB အထိ ရရှိမည်ဖြစ်သည်။
အွန်လိုင်းမှ ဆင်းကတ်ဝယ်ယူခြင်းကို လက်ရှိတွင် ရန်ကုန်မြို့အတွင်းသာ ရရှိမည်ဖြစ်သည်။ အခြားမြို့များမှလည်း ဝယ်ယူရရှိနိုင်ရေးအတွက် တယ်လီနောမြန်မာအနေဖြင့် ဝန်ဆောင်မှုများကို ဆက်လက်တိုးချဲ့သွားမည် ဖြစ်သည်။

Photo Source https://www.telenor.com/sim-just-a-piece-of-plastic/

တယ်လီနောသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်မှ စတင်ပေးအပ်လျက်ရှိသည်။ တယ်လီနောသည် လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတစ်ဆင့် သုံးစွဲမှု အတွေ့အကြုံကောင်းများအား တာဝန်ယူမှုအပြည့်အဝရှိသည့် ကတိကဝတ်ဖြင့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအား ပေးအပ် လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူ (၂၃) သန်းထံသို့ ၎င်း၏ ကွန်ရက်များဖြင့် လွှမ်းခြုံကာ ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနော မြန်မာအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm တွင် ဝင်ရောက်ကြည့် ရှုနိုင်သည်။
တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေ တာများအနက် တစ်ခုဖြစ် ပြီး အသုံးပြုသူပေါင်း (၁၈၂) သန်းကျော်ရှိပြီး ၂၀၁၉ ခုနှစ်အတွက် နှစ်စဉ်ရောင်းအား အမေရိကန် ဒေါ်လာ (၁၂) ဘီလီယံရှိသည်။ ဆက်သွယ်ရေးကဏ္ဍမှတစ်ဆင့် လူ့အသိုက်အဝန်းကို မြှင့်တင်ပေးနိုင်ရန်မှာ နှစ်ပေါင်း (၁၆၅) နှစ် ကျော်ကြာ တယ်လီနော၏ အဓိက ဦးစားပေးမှုဖြစ်ပြီး လက်ရှိတွင် နော့ဒစ်ဒေသနှင့် အာရှဒေသတစ်လွှား အသုံးပြုသူများ၊ မိတ်ဖက်လုပ်ငန်းများနှင့် လူ့အသိုက်အဝန်းများကို ဝန်ဆောင်မှုပေး လျက်ရှိသည်။ တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင် ဝင်ရောက်ကြည့်ရှု နိုင်သည်။