၂၀၂၂ အတွက်အသုံးအဝင်ဆုံး Chrome Extension (5) ခု

အင်တာနက်ပေါ်ကနေ အလုပ်လုပ်ရတဲ့သူတွေအတွက် Extension တွေကလည်း တစ်ထောင့်တစ်နေရာကနေ အထောက်အပံ့ဖြစ်စေပါတယ်။ Extension တွေဆိုတာက Browser တစ်ခုရဲ့ လုပ်ဆောင်ပုံတွေကို ပြောင်းလဲပြီး Feature အသစ်တွေလုပ်ဆောင်နိုင်အောင် Install ပြုလုပ်နိုင်တဲ့ Program တွေဖြစ်ပါတယ်။ အသုံးပြုသူကို ပိုပြီး အလုပ်လုပ်ရလွယ်ကူတဲ့ Browser တစ်ခုအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ Chrome Extension တွေ ဟာလည်း အများအပြားပေါ်လာပြီဖြစ်တဲ့အတွက် အသုံးပြုရလွယ်ပြီး အသုံးဝင်တဲ့ Chrome Extension တွေကို ဖော်ပြ ပေးလိုက်ပါတယ်။ 

Photo Source: Google Calendar

(၁) Google Calendar

Google Calendar ကလူတိုင်းနဲ့ မစိမ်းတဲ့ Google ရဲ့ App တစ်ခုဖြစ်ပါတယ်။ Platform မျိုးစုံကနေ မှတ်သား ထားတဲ့ Event, Schedule, Reminder တွေကို ကြည့်နိုင်သလို လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေကိုပါ မျှဝေအသုံးပြုနိုင်ပါတယ်။ နှစ်အလိုက်၊ လအလိုက်ပုံစံမျိုးတွေ ကြည့်နိုင်သလို Appointment ပြုလုပ်တာတွေ World Clock ကြည့်တာတွေနဲ့ တစ်ခြား Google ရဲ့ App တွေအားလုံးနဲ့လည်း ချိတ်ဆက်နိုင်ပါသေးတယ်။ အသုံးပြုဖို့အတွက် Google Calendar ကို နှိပ်ပြီး Install အခမဲ့ ပြုလုပ်နိုင်ပါတယ်။ 

Photo Source: Grammarly

(၂) Grammarly

ကိုယ်ရေးသားထားတဲ့ စာတွေကို စာလုံးပေါင်းနဲ့ grammar အမှားအမှန်စစ်ဆေးပေးနိုင်တဲ့ Extension တစ်ခုဖြစ်ပါတယ်။ အသုံးပြုရရိုးရှင်းပြီးတော့ Browser မှာရိုက်ထားတဲ့စာတွေကို အမှားအမှန် အလိုအလျောက် စစ်ဆေးပေးမှာပါ။ အခမဲ့အသုံးပြုလို့ရသလို အခြား Feature တွေစုံလင်တဲ့ Premium Version ကိုလည်း ဝယ်ယူအသုံးပြုလို့ရပါတယ်။

Free Version အတွက် အခြေခံစာရေးသားထားတာကိုပဲ စစ်ဆေးပေးမှာ ဖြစ်ပါတယ်။ တစ်လ $12 နဲ့ Premium Version ဝယ်ယူလိုက်ရင်တော့ စာသားတွေရဲ့ Style တွေ၊ Tone တွေ၊ Clarity တွေနဲ့ ကိုယ့်အရေးအသား တိုးတက်လာအောင် အများကြီးအထောက်အပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ Business Version ကိုတော့ $12.50 နဲ့ ဝယ်ယူနိုင်သလို Team တစ်ခုအနေနဲ့ မျှဝေပြီး လူပေါင်း ၁၄၉ ယောက်ထိ ပေါင်းဖွဲ့ လုပ်ကိုင်နိုင်ပါတယ်။ Grammarly for Chrome အတွက် Link ကနေဝင်ရောက်နိုင်သလို ဖုန်းအတွက် Grammarly Keyboard ကိုလည်း Google Play Store ကနေ Download ပြုလုပ်နိုင်ပါတယ်။ 

Photo Source: Loom

(၃) Loom

Video Communication ပြုလုပ်ဖို့လိုအပ်တဲ့သူတွေအတွက် Loom ကအသုံးဝင်တဲ့ Extension တစ်ခု ဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ ကွန်ပြူတာ Screen, အသုံးပြုသူရဲ့ မျက်နှာနဲ့ အသံကိုပါထည့်သွင်းပြီး Record ပြုလုပ်နိုင်ပါတယ်။ တခြား Software တွေအသုံးပြုစရာမလိုဘဲ တိုက်ရိုက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Video ရိုက်ကူးခြင်း၊ Screen Capture ပြုလုပ်ခြင်း၊ Image Editor, Scrolling Capture, File Sharing နဲ့ Platform Search လုပ်နိုင်တဲ့ Feature တွေပါဝင်ပါတယ်။ Starter Version ကိုတော့ အခမဲ့အသုံးပြုနိုင်ပြီး Business အတွက် တစ်လ $8 ကျသင့်မှာ ဖြစ်ပါတယ်။ Enterprise တွေအတွက် https://www.loom.com/ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ Chrome Extension ကိုတော့ Chrome Web Store မှာ ဝင်ရောက်ရယူနိုင်ပါတယ်။ 

Photo Source: Everhour

(၄) Everhour

Project တွေအတွက် ကိုယ်အလုပ်လုပ်တဲ့ အချိန်စာရင်းကို မမှတ်ထားမိတဲ့ Small Business Team တွေ Freelancer တွေအနေနဲ့ အသုံးဝင်တဲ့ Extension တစ်ခုဖြစ်ပါတယ်။ ရိုးရှင်းတဲ့ပုံစံတဲ့ ကိုယ်အသုံးပြုတဲ့ Platform တွေရဲ့ ကြာချိန်ကို ဖော်ပြေပေးနိုင်တဲ့ Online Time-Tracking Extension ဖြစ်ပါတယ်။ Project Management Tools, Resource Planning Tools, Report & Dashboards, Expenses Tracking နဲ့ Invoice ပေးပို့နိုင်တဲ့ Feature တွေအထိ ပါဝင်ပါတယ်။ Everhour ကိုတော့ တစ်လ $8.5 နဲ့ဝယ်ယူအသုံးပြုရမှာဖြစ်ပါတယ်။ Trial အနေနဲ့ ၁၄ ရက် အစမ်းသုံးခွင့်ရရှိမှာ ဖြစ်ပါတယ်။ စတင်အသုံးပြုဖို့အတွက် Chrome Web Store ကနေ Install ပြုလုပ် နိုင်ပါတယ်။ 

Photo Source: Rescue Time

(၅) Rescue Time

Desktop နဲ့ Mobile Device တွေမှာပါအသုံးပြုနိုင်တဲ့ Rescue Time က Time-Tracking Extension တစ်ခု ဖြစ်ပါတယ်။ ကိုယ်အသုံးပြုတဲ့ Platform တွေ၊ Software တွေကို ဘယ်လောက်ကြာကြာ အသုံးပြုထားတယ် ဆိုတာကို မှတ်ယူကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Computer လုပ်ဆောင်ချက်တွေကို မှတ်သားထားနိုင်ခြင်း၊ အစည်းအဝေးနဲ့ ဖုန်းခေါ်ဆိုတဲ့အချိန်တွေကို မှတ်သားထားပေးခြင်း၊ အပတ်စဉ် Email လုပ်ဆောင်ချက် မှတ်သား ပေးခြင်း၊ Website Blocking စတာတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။ RescueTime Lite ကိုအခမဲ့အသုံးပြုနိုင်သလို တစ်လ $9 နဲ့လည်း Premium Version ကိုဝယ်ယူအသုံးပြုနိုင်ပါတယ်။ Trial Version အနေနဲ့လည်း ၁၄ ရက် အသုံးပြု နိုင်ပါသေးတယ်။ စတင်အသုံးပြုဖို့အတွက် Chrome Web Store ကနေ Install ပြုလုပ် နိုင်ပါတယ်။