၂၀၂၂ အတွင်း Download ပြုလုပ်မှုအများဆုံး Application (၁၀) ခု

အသစ်အသစ်ထွက်ရှိလာတဲ့ Application ပေါင်းများစွာထဲကနေ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း iOS နဲ့ Android Platform နှစ်ခုလုံးအတွက် Download ပြုလုပ်မှုအများဆုံး Application (၁၀) ခုကို စုစည်း ဖော်ပြ ပေးလိုက်ပါတယ်။ ၂၀၂၂ Q2 ကာလကစတင်ပြီး နံပါတ်တစ်ကို ရယူထားတဲ့ TikTok Application ဟာ Quarter ဆယ်ကြိမ်မှာ (၈) ကြိမ်ထိထိ နံပါတ် (၁) နေရာကို အရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကျန်တဲ့နှစ်ကြိမ်ကိုတော့ ၂၀၂၀ ခုနှစ် Q2 ကာလမှာ Zoom နဲ့ ၂၀၂၁ Q4 ကာလမှာ Instagram တွေကပဲ နံပါတ် (၁) နေရာကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ Download ပြုလုပ်မှုအများဆုံး Application (၁၀) မျိုးမှာ Meta ရဲ့ Application တွေဖြစ်တဲ့ Facebook, Messenger, Instagram နဲ့ WhatsApp တို့ကတော့ အမြဲပါနေဆဲပဲ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်အတွက် Download ပြုလုပ်မှုအများဆုံး Application (၁၀) ခုကတော့ –

၁။ TikTok

Social Media ပေါ်မှာ Trend တွေစတင်တဲ့အဓိကနေရာလို့တောင်ပြောလို့ရတဲ့ TikTok ဟာ Download ပြုလုပ်မှုအများဆုံး Application တစ်ခုဖြစ်ပါတယ်။ အသုံးပြုသူတွေဟာ Application ဒါမှမဟုတ် Web ကနေ တင်ထားတဲ့ Short Video တွေကြည့်နိုင်ပြီး ကိုယ်တိုင်လည်း Video အတိုလေးတွေ၊ Challenge တွေနဲ့ Trend အမျိုးမျိုးကို ပြုလုပ်ဖန်တီးနိုင်တဲ့ Platform တစ်ခုလည်းဖြစ်ပါတယ်။

၂။ Instagram

ကိုယ်ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို မိတ်ဆွေသူငယ်ချင်းတွေနဲ့ မျှဝေနိုင်တဲ့ Social Media Platform တစ်ခု ဖြစ်ပါတယ်။ အသုံးပြုရရိုးရှင်းပြီး Application ကနေတစ်ဆင့်လည်း ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်ကူးလို့ရတဲ့အတွက် အသုံးများတဲ့ Application တစ်ခုလို့ပြောရင်လည်း မမှားပါဘူး။ Meta ရဲ့ App တစ်ခုဖြစ်ပြီး အာရှတိုက်တစ်ခုလုံးရဲ့ ခန့်မှန်းချေ ၆၅% ဟာလည်း Instagram ကို Install ပြုလုပ်ထားကြပါတယ်။ India မှာဆိုရင်လည်း လူသုံးအများဆုံး App တစ်ခုဖြစ်ပါတယ်။

၃။ Facebook

Facebook ဆိုတာကတော့ Meta ရဲ့ အဓိက App တစ်ခုဖြစ်ပြီး ဖုန်းအားလုံးနီးပါးမှာ မပါမဖြစ်တဲ့ Social Networking Application တစ်ခုဖြစ်ပါတယ်။ ကိုယ်ရေးကိုယ်တာကိစ္စပဲဖြစ်ဖြစ်၊ စီးပွားရေးကိစ္စပဲဖြစ်ဖြစ် Facebook ကနေတစ်ဆင့်ပဲပြောဆိုကြပြီး Marketing ပြုလုပ်ဖို့အတွက်လည်း အတော်လေးအဆင်ပြေတဲ့ Application တစ်ခုဖြစ်ပါတယ်။

၄။ WhatsApp

Download ပြုလုပ်သူပေါင်း ၁၀၀+ ဘီလီယံရှိတဲ့ WhatsApp ဟာလည်း လူသုံးများတဲ့ Chat Application တစ်ခု ဖြစ်ပါတယ်။ စာပို့ပြီးစကားပြောရုံအပြင် International Phone Network တွေကိုလည်း Support ပြုလုပ်ပေးပါသေးတယ်။

၅။ Snapchat

Snapchat ကတော့ Social Networking နဲ့ Messaging App တစ်ခုဖြစ်ပြီး ၂၀၂၂ အတွက် ပဥမမြောက်အသုံးအများဆုံး App တစ်ခုဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ ဓာတ်ပုံ၊ ဗီဒီယိုနဲ့ Emoji တွေကို အချင်းချင်းပေးပို့အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

၆။ Telegram

Cloud-based platform တစ်ခုဖြစ်တဲ့ Telegram ဟာ encrypted system တွေလည်းပါဝင်တဲ့အတွက် တဖြည်းဖြည်းအသုံးများလာတဲ့ App တစ်ခုလို့ပြောရင်လည်းမမှားပါဘူး။ စကားပြောရုံအပြင် ဓာတ်ပုံ၊ ဗီဒီယိုနဲ့ ဖိုင်မျိုးစုံကိုလည်း ပေးပို့နိုင်တဲ့အတွက် အတော်လေးအဆင်ပြေတဲ့ App တစ်ခု ဖြစ်ပါတယ်။ ၂၀၂၁ ဇန်နဝါရီလမှာ လစဉ်အသုံးပြုသူပေါင်း ၅၀၀ မီလီယံကနေ ဩဂုတ်လကုန်ပိုင်းမှာတော့ ကမ္ဘာတစ်လွှား Download ပြုလုပ်သူပေါင်း ၁ဘီလီယံ စတင်ရရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ လစဉ်အသုံးပြုသူပေါင်း ၇၀၀ မီလီယံကျော်အထိရှိလာပြီ ဖြစ်ပါတယ်။

၇။ Messenger

Meta ရဲ့ နောက်ထပ် App တစ်ခုဖြစ်တဲ့ Messenger ဟာလည်း Download ပြုလုပ်မှုအများဆုံး App တွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ Instant Messaging App တစ်ခုဖြစ်ပြီး ဖိုင်တွေ၊ ဓာတ်ပုံ၊ ဗီဒီယို၊ အသံဖိုင်၊ စတေကာနဲ့ Media တွေကို သုံးစွဲသူအချင်းချင်း ပေးပို့နိုင်တဲ့ App တစ်ခု ဖြစ်ပါတယ်။ Bots တွေနဲ့လည်း တွဲဖက်အသုံးပြုနိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။

၈။ CapCut – Video Editor

Video Editing ပြုလုပ်သူတွေအတွက်က ဖုန်းထဲမှာ မရှိမဖြစ်ဆောင်ထားရမယ့် App တွေထဲမှာ CapCut ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အခြေခံ Video Editing တွေပြုလုပ်နိုင်သလို App ကနေတစ်ဆင့်လည်း ရိုက်ကူးနိုင်ပါသေးတယ်။ အခမဲ့အသုံးပြုနိုင်တဲ့ Typeface, effect, cutting-edge လုပ်ဆောင်ချက်တွေအပြင် stabilization, chroma key, seamless slow-motion, keyframe animation စတာတွေလည်း ပါဝင်ပါသေးတယ်။

၉။ WhatsApp Business

WhatsApp Business ဟာ SME လုပ်ငန်းရှင်တွေအတွက် အဓိကရည်ရွယ်ထားတဲ့ App တစ်ခုဖြစ်ပါတယ်။ ပုံမှန် WhatsApp App နဲ့ ဒီဇိုင်းပိုင်းမှာတော့ ဆင်တူပေမယ့် အခြား Function တွေတော့ ပါဝင်ပါသေးတယ်။ စီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း Verify ဖြစ်ကြောင်း Business Profile တွေရရှိမှာ ဖြစ်ပါတယ်။

၁၀။ Spotify

ဖုန်းတိုင်းနီးပါး မရှိမဖြစ်တဲ့ နောက်ထပ် Application တစ်ခုကတော့ Spotify ဖြစ်ပါတယ်။ နိုင်ငံတကာသီချင်းပေါင်းများစွာကို တစ်နေရာတည်းမှာ နားထောင်နိုင်သလို Podcast တွေလည်း ပါဝင်တဲ့အတွက် မရှိမဖြစ်တဲ့ App တစ်ခု ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်ကနေစတင်လိုက်တဲ့ Spotify ဟာ ၂၀၂၂ စက်တင်ဘာလအထိ Subscribe ပြုလုပ်အသုံးပြုတဲ့ အသုံးပြုသူ ၁၉၅ မီလီယံအပါအဝင် လစဉ်အသုံးပြုသူပေါင်း ၄၅၆ မီလီယံကျော်ရှိပြီ ဖြစ်ပါတယ်။