မြန်မာနိုင်ငံတွင်းအသုံးပြုသူများ Zoom အသုံးပြုလို့မရတဲ့ Error Code 3078

မတ်လ ၂၄ ရက်နေ့မနက်ပိုင်းလောက်ကစတင်ပြီး မြန်မာနိုင်ငံတွင်း Zoom အသုံးပြုသူတွေအနေနဲ့ Zoom App ထဲကိုဝင်လို့မရတာ Meeting Join လို့မရတဲ့ Connection Error ဖြစ်ပွားခဲ့ပါတယ်။ Error ပြတဲ့ Error Code: 3078 ဆိုတာကတော့ Zoom Service မရတဲ့ မပေးတဲ့ နေရာဒေသတွေကနေ ဝင်ရောက် အသုံးပြုတဲ့အချိန်မျိုးမှာ ဝန်ဆောင်မှုမရရှိကြောင်း Error အနေနဲ့ ဖော်ပြပေးတဲ့ ကုဒ်အမျိုးအစားဖြစ်ပါတယ်။

Error ဖြစ်ရတဲ့အကြောင်းအရင်းကို Zoom ဘက်ကထုတ်ပြန်ထားခြင်းမရှိပေမယ့် ဒီ Error ကိုဖြေရှင်းဖို့အတွက် Mobile နဲ့ PC Zoom Client Software တွေရဲ့ နောက်ဆုံး Update ဖြစ်တဲ့ 5.14.0 ကိုမြင့်တင်ပေးဖို့လိုအပ်ပါတယ်။ Update ပြုလုပ်ဖို့အတွက် Zoom ကို https://zoom.us/DOWNLOAD Zoom Download Center ကနေဝင်ရောက် Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Android: https://bit.ly/3z2Ns1P

iOS: https://apple.co/2Y67wwd