True Money မှ များများလွှဲ များများပေါက် ငွေသားပြန်ပေးကံစမ်းမဲအစီအစဉ်သစ်မိတ်ဆက်

ငွေကြေးဆိုင်ရာဝန်ဆောင်မှုပေးသော ကုမ္ပဏီဖြစ်သည့် True Money သည် ၎င်း၏ ငွေလွှဲငွေထုတ်ဝန်ဆောင်မှုကို အသုံးပြု သူများအတွက် များများလွှဲများများပေါက် ကံစမ်းမဲအစီအစဉ်ကို ၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နေ့တွင် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်းသိရသည်။
အဆိုပါ ငွေသားပြန်ပေးကံစမ်းမဲအစီအစဉ်သည် True Money ကို လက်ရှိသုံးစွဲသူများ စွဲမြဲယုံကြည်စွာသုံးစွဲသူများနှင့် သုံးစွဲ သူအသစ်များအပေါ် မေတ္တာလက်ဆောင်အနေဖြင့် အပတ်စဉ်ဆုကြေးများ ကံစမ်းမဲဖောက်ပေးရန် ရည်ရွယ်ပြီး ကံစမ်းမဲအစီ အစဉ်မှတစ်ဆင့် True Money နှင့်အကျိုးတူပူးပေါင်းလက်တွဲထားသော ကိုယ်စားလှယ်များတွင် ပိုမိုကောင်းမွန်သော စီးပွား ရေးအခွင့်အလမ်းများ တိုးပွားလာစေရန် ရည်ရွယ်ထားကြောင်းသိရသည်။

Photo Source By Myanmar Tech Press

True Money ၏ များများလွှဲ များများပေါက် အစီအစဉ်ကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ဧပြီ ၅ ရက်နေ့အထိ ပြုလုပ်မည်ဖြစ် သည်။ အဆိုပါကာလအတွင်း True Money အသုံးပြုသူများအနေဖြင့် ငွေကျပ်နှစ်သောင်းခွဲနှင့်အထက် တစ်ကြိမ်ငွေလွှဲတိုင်း ကံစမ်းမဲအစီအစဉ်တွှု် တစ်ကြိမ်ကံစမ်းခွင့်ရရှိနိုင်မည်ဖြစ်သည်။
အပတ်စဉ် ဗုဒ္ဓဟူးနေတိုင်းတွင် ကံထူးရှင်အယောက် ၅၀ တိတိကို True Money Myanmar Facebook Page ပေါ်တွင် Live အစီအစဉ်မှတစ်ဆင့် ရွေးချယ်သွားမည်ဖြစ်ပြီး ကံထူးရှင်တစ်ဦးချင်းစီသည် ဆုကြေးငွေတစ်သိန်းကျပ် ရရှိမည်ဖြစ်သည်။ ငွေ လွှဲသူများသည် ကံစမ်းမဲကာလမပြီးမဆုံးမချင်း သတ်မှတ်ပမာဏပြည့်မီစွာ တစ်ကြိမ်ငွေလွှဲတိုင်း အဆိုပါအပတ်စဉ်၏ ကံစမ်း မဲအစီအစဉ်တွင် ပါဝင်နိုင်မည်ဖြစ်သည်။

Photo Source – https://www.facebook.com/truemoney/

“True Money က မြန်မာလူမျိုးတို့၏ လူနေမှုဘဝတွေကို တိုးတက်ပြောင်းလဲနိုင်စေဖို့အတွက် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု လိုအပ်ချက်တွေကို ဆောင်ရွက်လျက်ရှိပါတယ်။ သုံးစွဲသူတွေနဲ့ ကိုယ်စားလှယ်များကိုလည်း လေးစားတန်ဖိုးထားကြောင်း ကို များများလွှဲ များများပေါက် အစီအစဉ်က ပြန်လည်အကျိုးပြုစေမှာလည်းဖြစ်ပါတယ်”ဟု True Money မှ တာဝန်ရှိသူတစ်ဦး ကပြောကြားသည်။
လာမည့်အပတ်စဉ်များအတွက်လည်း ဗုဒ္ဓဟူးနေ့တိုင်း ညနေ ၆ နာရီတွင် ကံထူးရှင်ရွေးချယ်ပွဲများကို ဆက်လက်တင်ဆက် သွားမည်ဖြစ်သည်။ ကံထူးရှင်နံပါတ်များကို မိမိတို့ငွေလွှဲရာတွင် ရရှိလာသော SMS မှ ဂဏန်း ၆ လုံးဖြင့် တိုက်ဆိုင်စစ်ဆေး နိုင်သလို True Money မှလည်း ဖုန်းနံပါတ်များမှတစ်ဆင့် ဆက်သွယ်အကြောင်းကြားပေးသွားမည်ဖြစ်သည်။

Photo Source – https://www.facebook.com/truemoney/

True Corporation မှ ၂၀၀၃ ခုနှစ်တွင် True Money ကုမ္ပဏီကို စတင်တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တည်ရှိသော ၎င်း၏ ဒေသဆိုင်ရာရုံးချုပ်နှင့်အတူ ၂၀၁၅ ခုနှစ်တွင် Ascend Group ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်လာခဲ့သည်။ True Money ၏ ရည်ရွယ်ချက်သည် ဘဏ်ကို အသုံးမပြုကြသော အသုံးပြုခွင့်မရရှိသော ပြည်သူလူထုအတွက် အထောက် အကူဖြစ်စေနိုင်မည့် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ ဆောင်ရွက်ပေးရန်ဖြစ်ကြောင်းသိရသည်။
True Money သည် အရှေ့တောင်အာရှနိုင်ငံများတွင် ကိုယ်စားလှယ်ပေါင်း ၇၀၀၀၀ အထက်နှင့်ဒေသတွင်းစီးပွားရေးလုပ် ငန်းများကို အဓိကဘဏ်များနှင့်ချိတ်ဆက်လုပ်ကိုင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း အေးဂျင့်ပေါင်း ၁၀၀၀၀ ခန့်ထားရှိ ကြောင်းသိရသည်။ True Money သည် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှာ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့်ကမ္ဘောဒီးယားနိုင်ငံ အစရှိသည့် နိုင်ငံ ၆ နိုင်ငံတွင် ၎င်း၏ ကိုယ်စားလှယ်များမှတစ်ဆင့် ငွေကြေးဆိုင်ရာဝန်ဆောင်မှုမရရှိသေးသည့် နေရာများအား ငွေကြေး ဆိုင်ရာ ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီဖြစ်ကြောင်းလည်း သိရသည်။
အောက်ပါ Link မှလည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/truemoney/