Visa Foundation မှ SME လုပ်ငန်းများနှင့် COVID-19 အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ဒေါ်လာသန်း ၂၁၀ သုံးစွဲမည်

Visa Foundation မှ အသေးစားနှင့်အငယ်စား စီးပွားရေးလုပ်ငန်းများနှင့် COVID-19 အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ကိုထောက်ပံ့ရန် ဒေါ်လာသန်း ၂၁၀ ကို အစီအစဉ်နှစ်ရပ်အနေဖြင့် သုံးစွဲကူညီပေးသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ အစီအစဉ်များသည် ဖောင်ဒေးရှင်း၏ ရေရှည်အာရုံစိုက်မှုပြုလုပ်သွားမည့် လုပ်ငန်းစဉ်ဖြစ်သည်နှင့်အညီ အမျိုးသမီးများ၏ စီးပွားရေးတိုးတက်မှုအပါအဝင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် COVID-19 ပြန့်ပွားမှုကြောင့် ဆက်လက်ဖြစ်ပေါ်လာသော ဒေသတွင်း လူမှုအသိုင်းအဝန်းမှ အရေးပေါ်လိုအပ်ချက်ကို ဖြေရှင်းရန်ဖြစ်ကြောင်းလည်းသိရသည်။
Visa မှ ပထမအစီအစဉ်အနေဖြင့် ဒေါ်လာ ၁၀ သန်းကို ၎င်း၏လုပ်ငန်းများလုပ်ကိုင်လျက်ရှိသော မြောက်အမေရိက၊ လက် တင်အမေရိကနှင့် ကာရေဘီယံ၊ ဥရောပ၊ အာရှပစိဖိတ်၊ အလယ်ပိုင်းဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကစသည့် တည်နေရာ ၅ ခုမှ ဒေသများတွင် COVID-19 ရောဂါကြောင့် ဖြစ်ပေါ်လာသည့် အများပြည်သူကျန်းမာရေးနှင့် အစားအစာ လိုအပ်ချက်များကို ရှေ့တန်းမှလုပ်ဆောင်ပေးလျက်ရှိသော ကုသိုလ်ဖြစ်အဖွဲ့အစည်းများအား ကူညီလုပ်ကိုင်နေသည့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ရည်ရွယ်ထားကြောင်းသိရသည်။

Photo Source https://usa.visa.com/about-visa/philanthropy/visa-foundation.html

“COVID-19 ဆက်လက်ဖြစ်ပေါ်လာတာနဲ့အမျှ ဒေသခံတွေအပေါ် သက်ရောက်လာမှုတွေ ဖြစ်ပေါ်လာတဲ့အခါ ကျွန်တော်တို့ တွေကလည်း လျင်မြန်တဲ့ ထောက်ပံမှုတွေပြုလုပ်ဖို့ လိုအပ်လာပြီလို့သိရပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ကမ္ဘာတစ်ဝန်း စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာကုမ္ပဏီတစ်ခုဖြစ်တဲ့အတွက် ဒီလိုအပ်ချက်ကို သိပါတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ဦးတည်ချက်နဲ့အညီ တစ်သီးပုဂ္ဂလစီးပွားရေးလုပ်ငန်းတွေနဲ့ အခြားစီးပွားရေးလုပ်ငန်းတွေ စီးပွားရေးအရ ဆက်လက်ရှင်သန်းနိုင်ရေးတွေကို ကူညီဖို့နဲ့ရေရှည်ပြန်လည်ထူထောင်ရေး စီးပွားရေးလှုပ်ရှားမှုတွေကို အရှန်မြှင့်စေနိုင်မယ့် နည်းလမ်းတွေကို ဆက်လက်ပြီး ကူညီရှာဖွေသွားမှာဖြစ်ပါတယ်” ဟု Visa ၏ အမှုဆောင်အရာရှိချုပ်နှင့်ဥက္ကဋ္ဌဖြစ်သူ AI Kelly ကပြောကြားသည်။
ဒုတိယအစီအစဉ်သည် ၅ နှစ်အတွင်း လုပ်ဆောင်မည့် အစီအစဉ်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ အသေးစားနှင့်အငယ်စား စီးပွားရေး လုပ်ငန်းများကို ဒေါ်လာသန်း ၂၀၀ ဖြင့်မဟာဗျုဟာမြောက် ပံ့ပိုးသွားမည်လည်းဖြစ်သည်။ ထိုလုပ်ဆောင်ချက်သည် ကမ္ဘာတ ဝန်းရှိ အသေးစားနှင့်အငယ်စားစီးပွားရေးလုပ်ငန်းများအတွက် Visa Foundation ၏ ရေရှည်ထောက်ပံ့မှုများ ပိုမိုလုပ်ဆောင် နိုင်စေမည်လည်းဖြစ်သည်။ Visa Foundation မှ အရင်းအနှီးရန်ပုံငွေများကို အစိုးရမဟုတ်သော NGO အဖွဲ့အစည်းများနှင့် အသေးစားနှင့်အငယ်စား စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးပေးသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မိတ်ဖက်များကို ထောက်ပံ့ပေးမည် လည်းဖြစ်သည်။
အသေးစားနှင့်အငယ်စား စီးပွားရေးလုပ်ငန်းများသည် ကမ္ဘာ့စီးပွားရေး၏ ကျောရိုးဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်း များ၏ ၉၀ ရာနှုန်းကျော်ရှိကာ ကမ္ဘာလုံးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၅၀ မှ ၆၀ ရာခိုင်နှုန်းအထိ ပံ့ပိုးပေးထား သည်။ ကမ္ဘာတစ်ဝန်းအမျိုးသမီးများပိုင်ဆိုင်သော အသေးစားနှင့်အငယ်စား စီးပွားရေးလုပ်ငန်းများအတွက် နှစ်စဉ်ချေးငွေ လိုငွေပြမှု ဒေါ်လာ ဘီလီယံ ၃၀၀ ခန့်ရှိနေပြီး အဆိုပါအခြေအနေသည် COVID-19 ကြောင့် လက်ရှိဖြစ်ပေါ်နေသော မရေရာ မသေချာသောာ စီးပွားရေးအခြေအနများကြောင့် ပိုမိုမြင့်တက်လာရန် မျှော်လင့်ရကြောင်း သိရသည်။

Photo Source https://usa.visa.com/about-visa/philanthropy/visa-foundation.html

“ကျွန်တော်တို့ဟာ စီးပွားရေးတိုးတက်မှုတွေအတွက် အရှိန်မဟုန်မြှင့်တက်တဲ့ လုပ်ငန်းစဉ်တွေမှာ ရှေ့တန်းကနေပြီး အသေး စားနဲ့အငယ်စားစီးပွားရေးလုပ်ငန်းတွေကို ထောက်ပံ့ကူညီမှုတွေအခုထက်ပိုပြီး လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ အသေးစား နဲ့အငယ်စားစီးပွားရေးလုပ်ငန်းရှင်အများစုက အမျိုးသမီးတွေဖြစ်နေတာမို့လို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအထောက်အပံ့ပေး တဲ့အခါ သက်ရောက်မှုတွေရှိနိုင်ပါတယ်။ ဆင်းရဲမွဲတေမှုလျော့ချရာမှာ အားလုံးပူးပေါင်းပါဝင်လုပ်ဆောင်ကြရမှာဖြစ်လို့ ကျား၊ မ တန်းတူညီမျှမှုဟာ အရေးကြီးတဲ့အချက်ဖြစ်တယ်လို့ ယုံကြည်ပါတယ်”ဟု Kelly က ထပ်မံပြောကြားသည်။
မြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ငန်းများ၏ ၈၀ ရာခိုင်နှုန်းကျော်သည် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖြစ်ပြီး အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း လေးခုအနက်တစ်ခုသာလျှင် အမျိုးသမီးများပိုင်ဆိုင်သော လုပ်ငန်းများဖြစ်ကြ သည်ဆိုသည်မှာ လေ့လာတွေ့ရှိချက်အရ ထင်ရှားသည့်ကွာဟမှုတစ်ခုဖြစ်သည်။ ထို့အပြင် နိုင်ငံတွင်းစုစုပေါင်း လုပ်သား အင်အားတွင် အမျိုးသမီးလုပ်သား ၅၁ ရာခိုင်နှုန်းခန့်သာ ပါဝင်ပြီး အမျိုးသား ၈၀ ရာခိုင်နှုန်းပါဝင်နေကြသည်။
“အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေဟာ မြန်မာနိုင်ငံရဲ့ အဓိကအသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေဖြစ်ပြီး ကျား၊ မ စံနှုန်းကွာဟမှု ကျဉ်းမြောင်းလာဖို့ဟာလည်း အခွင့်အလမ်းတစ်ခုအဖြစ်ရှိနေပါတယ်။ ကျွန်မတို့အနေနဲ့ မြန်မာပြည် သူလူထုကို ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုရဲ့ အရေးကြီးပုံအကြောင်း အသိပညာပေးဖို့အတွက်လည်း ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင် ခဲ့ပါတယ်။ ကျွန်မတို့အနေနဲ့ ကူးသန်းရောင်းဝယ်ရေးကိစ္စရပ်တွေမှာ ဒစ်ဂျစ်တယ်နည်းပညာတွေနဲ့ဖြစ်စေဖို့ ဆက်လက်လုပ် ဆောင်သွားမှာဖြစ်တဲ့အပြင် တစ်ချိန်တည်းမှာလည်း မြန်မာနိုင်ငံမှာရှိတဲ့ လူမှုအသိုင်းအဝိုင်းတွေမှာ အထူးသဖြင့် အမျိုးသမီး တွေပိုမိုပါဝင်မှုရှိစေဖို့ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်”ဟု Visa Myanmar ၏ Country Manger ဖြစ်သူ Lillian Wang မှ ပြောကြားသည်။
Visa Foundation မှ အသေးစားနှင့်အငယ်စားစီးပွားရေးလုပ်ငန်းစဉ်များအတွက် ဒေါ်လာသန်း ၂၀၀ ရှိသည့် ထောက်ပံ့မှုအ စီအစဉ်များအတွင်းမှ ဒေါ်လာ သန်း ၆၀ ကို Visa ကုမ္ပဏီလုပ်ငန်းများ လုပ်ဆောင်နေသော ဒေသအသီးသီးရှိအသေးစားနှင့် အငယ်စားစီးပွားရေးလုပ်ငန်းများကို ပိုင်ဆိုင်သည့် အမျိုးသမီးများထံသို့ NGO များမှတဆင့် ထောက်ပံပေးမည်ဖြစ်သည်။ ထပ်မံ၍ လူမှုရေးနှင့်ငွေကြေးဆိုင်ရာ ပြန်လည်ရရှိမှုများတွင် ကောင်းမွန်သော ဂုဏ်သတင်းဖြင့်ရပ်တည်လည်ပတ်နေသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မိတ်ဖက်များနှင့်အတူ ဒေါ်လာသန်း ၁၄၀ ကို အသေးစားနှင့်အငယ်စားစီးပွားရေးလုပ်ငန်းများအတွက် ခွဲဝေပေးအပ်သွားမည်ဖြစ်သည်။
“ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားပြီး ထောက်ပံ့ပေးနေတဲ့ ဒေါ်လာသန်း ၂၀၀ တန်ဖိုးရှိတဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ် ဆောင်ရွက်နေတာတွေကို ကြည့်ခြင်းအားဖြင့် အသေးစားနဲ့အငယ်စား စီးပွား ရေးလုပ်ငန်းတွေအပေါ်မှာ ကျွန်တော်တို့ထားရှိထားတဲ့ ဂတိအတိုင်းဆောင်ရွက်နေတာကို သိရှိနိုင်မှာပါ။ ကမ္ဘာ့စီးပွားရေး ပြန် လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ဆောင်မှုတွေမှာ အမျိုးသမီးတွေ ရှင်သန်တိုးတက်နေရင် လူအဖွဲ့အ စည်းတစ်ရပ်လုံးလည်း တိုးတက်လာသကဲ့သို့ ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သိရှိကြပြီးသားဖြစ်ပါတယ်”ဟု Visa Foundation ၏ ဥက္ကဋ္ဌဖြစ်သူ Graham Macmillan မှ ပြောကြားသည်။