WavePay အသုံးပြုသူများ လေကြောင်းလိုင်းနှင့်ဟိုတယ် ငွေပေးချေမှုစနစ်များအတွက် 2C2P နှင့်ပူးပေါင်း

Wave Money မှ နိုင်ငံတဝှမ်းရှိ WavePay အသုံးပြုသူများအတွက် လွယ်ကူလျင်မြန်သော ငွေပေးချေမှုဝန်ဆောင်မှုအား အကောင်အထည်ဖော်ဆောင်ရေးအတွက်ရည်ရွယ်ကာ ကမ္ဘာလုံးဆိုင်ရာငွေပေးချေမှုကုမ္ပဏီဖြစ်သည့် 2C2P နှင့်ပူးပေါင်း ဆောင်ရွက်ခြင်းအတွက် နားလည်မှုစာချွန်လွှာရေးထိုးပွဲအခမ်းအနားကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ Sule Shangil-La Hotel တွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် WavePay သုံးစွဲသူများအနေဖြင့် လေကြောင်းလိုင်းများ၊ ဟိုတယ်များနှင့် အသစ်အ သစ်သော ငွေပေးချေမှုဆိုင်ရာဝန်ဆောင်မှုများအားရရှိနိုင်တော့မည်ဖြစ်သည်။ WavePay App အား လွယ်ကူလျင်မြန်သော ငွေပေးချေမှုဆိုင်ရာ Application အဖြစ် ပိုမိုအသက်ဝင်လာစေရုံသာမက မြန်မာနိုင်ငံရှိ မိုဘိုင်းငွေပေးချေမှုကဏ္ဍ၏ ဦးဆောင်ကုမ္ပဏီအဖြစ် လေကြောင်းလိုင်းများ၊ ဟိုတယ်များနှင့် အခြားလက်လီဈေးကွက်များသို့ ပိုမိုချဲ့ထွင်ရောက်ရှိလာခြင်း ဖြစ်ကြောင်းလည်းသိရသည်။

Photo Source By Myanmar Tech Press

“ငွေကြေးဆိုင်ရာ နည်းပညာတိုးတက်မှုတွေက လူသားတွေရဲ့ဘဝနေထိုင်မှု ပိုမိုလွယ်ကူစေလာရုံသာမက ဒီဂျစ်တယ်ကို အသုံးပြုပြီး ငွေပေးချေမှုတွေကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ 2C2P နဲ့ပူးပေါင်းဆောင်ရွက်ခြင်းက သန်းပေါင်းများစွာသော WavePay အသုံးပြုသူတွေအနေနဲ့ လွယ်ကူလျင်မြန်တဲ့ ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုရဲ့ အကျိုး ကျေးဇူးတွေကို ရရှိမှာဖြစ်ပါတယ်”ဟု Wave Money ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr.Brad Jones မှပြောကြားသည်။
2C2P သည် ကမ္ဘာလုံးဆိုင်ရာငွေပေးချေမှုစနစ်ဖြစ်ပြီး အွန်လိုင်း၊ မိုဘိုင်း အသုံးပြု၍သော်လည်းကောင်း၊ အရောင်းဆိုင်များ တွင် ငွေပေးချေရာ၌သော်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းများမှ လုံခြုံစွာဖြင့် ငွေလက်ခံရရှိစေရန်ပံ့ပိုးပေးသောစနစ်တစ်ခု လည်းဖြစ်သည်။ ဘန်ကောက်နှင့်စင်ကာပူမြို့တွင် ရုံးချုပ်တည်ရှိပြီး အရှေ့တောင်အာရှနိုင်ငံများ၊ မြောက်အာရှ၊ ဥရောပနိုင်ငံ များနှင့်အမေရိကန်နိုင်ငံတို့၏ ဈေးကွက်များတွင် လုပ်ငန်းလည်ပတ်လျက်ရှိသည်။ ဒေသတွင်းရှိ လေကြောင်းလိုင်းများ၊ ခရီး သွားကုမ္ပဏီများနှင့်ကမ္ဘာတစ်ဝန်းရှိလက်လီလုပ်ငန်းများအတွက် ငွေပေးချေမှုစနစ်အား ထောက်ပံ့ပေးလျက်ရှိကြောင်းလည်း သိရသည်။

Photo Source By Myanmar Tech Press

“ကျွန်တော်တို့ဟာ Wave Money နဲ့ အတူပူးပေါင်းဆောင်ရွက်ပြီး သန်းပေါင်းများစွာသော Wave Money အသုံးပြုသူများ အား 2C2P ရဲ့ မိတ်ဖက်စီးပွားရေးလုပ်ငန်းစုများ ဥပမာအားဖြင့် ဒေသတွင်းသာမက အရှေ့တောင်အာရှရှိ လေကြောင်းလိုင်း များ၊ အွန်လိုင်းအရောင်းဆိုင်များနှင့် ချိတ်ဆက်ပေးနိုင်တဲ့အတွက် ကျေနပ်ဝမ်းမြောက်မိပါတယ်။ ဒါ့အပြင် WavePay နဲ့ ပူး ပေါင်းပြီး ဒေသတွင်း ဒီဂျစ်တယ်ငွေပေးချေမှုဖွံ့ဖြိုးတိုးတက်ရေးအပြင် ငွေစက္ကူသုံးစွဲမှုများ လျော့ချနိုင်ရေးဒစ်ဂျစ်တယ်ငွေပေး ချေခြင်းကို အတူတကွလုပ်ဆောင်ကြမှာဖြစ်ပါတယ်”ဟု 2C2P ၏ တည်ထောင်သူနှင့်အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးအောင် ကျော်မိုးမှ ပြောကြားသည်။
WavePay အသုံးပြုသူများအနေဖြင့် ကုန်ပစ္စည်းများနှင့်ဝန်ဆောင်မှုများကို WavePay Application မှတဆင့်လွယ်ကူအဆင် ပြေစွာ တိုက်ရိုက်ဝယ်ယူနိုင်မည်ဖြစ်သည်။

Photo Source By Myanmar Tech Press

“လက်ရှိမှာ Wave Money က မြန်မာနိုင်ငံရဲ့ လွယ်ကူလျင်မြန်ပြီး စိတ်ချရတဲ့ မိုဘိုင်းငွေပေးချေမှုစနစ်တစ်ခုအဖြစ် ရပ်တည် နေပါတယ်။ 2C2P ရဲ့ ကွန်ရက်နဲ့မိတ်ဖက်စီးပွားရေးလုပ်ငန်းတွေကနေတစ်ဆင့် မြန်မာနိုင်ငံမှာရှိတဲ့ WavePay အသုံးပြုသူ တွေကို အရင်ကထက်သာလွန်တဲ့ ဒီဂျစ်တယ်ငွေပေးချေမှု ဝန်ဆောင်မှုတွေ ယူဆောင်ပေးမှာဖြစ်ပါတယ်”ဟု Wave Money ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr.Brad Jones မှ ထပ်မံပြောကြားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ လူဦးရေ ၁၇ သန်းသည် Wave Money ဝန်ဆောင်မှုကို အသုံးပြု၍ ငွေလွှဲခြင်း၊ ငွေပေးချေခြင်း၊ ဖုန်းငွေဖြည့်ခြင်းနှင့်အခြားသော ဒီဂျစ်တယ်ငွေပေးချေမှုများကို လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။