၀န်ဆောင်မှုများအတွက် လွယ်ကူစွာငွေပေးချေနိုင်တဲ့ NearMe Digital Service

မြို့ပြမှာနေထိုင်တဲ့သူတွေအတွက် မအားလပ်တဲ့အခါမျိုးတွေမှာ မီတာပေးဆောင်တာတွေ၊ အခြားအခွန်အခပေးသွင်းစရာရှိ တာတွေကို လူကိုယ်တိုင်သွား ရောက်မပေးဆောင်နိုင်တာမျိုးတွေရှိတတ်ကြတာထုံးစံပါပဲ။ ဒါ့အပြင် အဲ့ဒီကိစ္စတွေအတွက် ကြောင့်လည်း အချိန်တစ်ခုသပ်သပ်ပေးရတဲ့အတွက် မိမိရဲ့လုပ်ငန်းကိစ္စတွေနဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဦးစားပေး မလုပ်ဆောင်နိုင်တာမျိုးလည်းရှိတတ်ကြပြန်ပါတယ်။
ဒီနေ့ခေတ်အနေအထားအရ နည်းပညာပိုင်းဆိုင်ရာကောင်းမွန်လာတဲ့အတွက် ဖုန်းအသုံးပြုပြီးငွေပေးချေလို့ရတဲ့ App တွေ ကို လူတချို့က အသုံးပြုလာကြသလို မလုပ်ဆောင်ဖူးတဲ့သူတွေကလည်း ဖုန်းနဲ့အလွယ်တကူငွေပေးချေရာမှာ အသုံးပြုလို့ရ မယ့် နည်းလမ်းတွေကို ရှာဖွေသိချင်လာကြတာထုံးစံပါပဲ။

Photo Source – https://www.facebook.com/nearme1stop/

NearMe Application ကတော့ ဖုန်းငွေဖြည့်ကတ်များဝယ်ယူခြင်း၊ Gift Cardများ ဝယ်ယူခြင်း၊ အခြားသောအခွန်အခ တွေဖြစ်သည့် မီတာဘေဆောင်ခြင်း၊ Cannal+ သက်တမ်းတိုးခြင်းများအပြင် Product ပေါင်း ၄၀ ကျော်ကို မိမိရဲ့ မိုဘိုင်းဖုန်းကနေတစ်ဆင့် အချိန်နဲ့တစ်ပြေးညီ လွယ်လွယ်ကူကူ ရောင်းပေးနိုင်တဲ့အပြင် လေယာဉ်လတ်မှတ်၊ ကားလတ်မှတ် တွေကို 123 Service ဖြင့် အွန်လိုင်းမှတဆင့် ဝယ်ယူပြီး NearMe Partner ဆိုင်တွေမှာငွေပေးချေခြင်းများပြုလုပ်နိုင်မှာ လည်းဖြစ်ပါတယ်။
NearMe App ကို Install ပြုလုပ်ပြီးရင်တော့ လိုအပ်တဲံအချက်အလက်များဖြည့်သွင်းပြီး NearMe ကိုအသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။ အကောင့်ပြုလုပ်ဖို့အတွက် နိုင်ငံသားမှတ်ပုံတင်အမှတ်နဲ့ အခြားကိုယ်ရေးအချက်အလက်များ လိုအပ်မှာလည်း ဖြစ်ပါတယ်။ Internet ရရှိသည့် မည်သည့်နေရာမှာမဆို NearMe ဝန်ဆောင်မှုတွေကို အသုံးပြုနိင်မှာဖြစ်သလို အကြောင်း တစ်စုံတစ်ရာဖြစ်ပေါ်လာရင်လည်း NearMe ဝန်ဆောင်မှုဌာန ဖုန်းနံပါတ် ၀၉ ရ၉၅၀၇၀၁၁၁ ကိုချက်ချင်းဆက်သွယ် အကြောင်းကြားဆောင်ရွက်နိုင်မှာလည်းဖြစ်ပါတယ်။
NearMe App ကိုစတင်အသုံးပြုမယ်ဆိုရင်တော့ အနည်းဆုံး မြန်မာကျပ်ငွေ ၁၀,၀၀၀ မှစတင်ပြီး စိတ်ကြိုက်ဖြည့်သွင်းအသုံးပြုနိုင်သလို Partner Code ဆိုတာကတော့ NearMe အသုံးပြုသူ Partner တစ်ဦးချင်းစီရဲ့ သီးသန့်နံပါတ်များဖြစ်တဲ့အတွက် မိမိရဲ့ Partner Code နဲ့အခြားသောလုံခြုံရေးပြသနာများကိုစစ်ဆေးပေးနိုင်တဲ့အတွက် Partner Code ကိုမှတ်သားထားပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။

Photo Source – https://www.facebook.com/nearme1stop/

NearMe အကောင့်ထဲငွေသွင်းနိုင်တဲ့ ငွေသွင်းမယ်ဆိုရင်တော့ MPU ကတ်ဖြင့် ငွေဖြည့်သွင်းခြင်း (မှတ်ချက်-MPU ကတ်ကိုသက်ဆိုင်ရာဘဏ်တွင် ဦးဆုံးe-Commerce လျှောက်ထားပြီးမှသာလျှင် အသုံးပြုနိုင်မှာဖြစ်ပါတယ်)၊ နီးစပ်ရာ NearMe Partner ဆိုင်များတွင် ငွေဖြည့်သွင်းခြင်း၊ 123Serviceဖြင့်ငွေဖြည့်သွင်းခြင်း၊ ဘဏ်ကောင်တာများတစ်ဆင့် (သို့) Mobile Banking၊ Internet Banking များမှတစ်ဆင့်ငွေဖြည့်သွင်းနိုင်ခြင်း၊ KBZ Direct Pay ဖြင့်ငွေဖြည့်သွင်းနိုင်ခြင်း၊ CB Web Pay မှတစ်ဆင့် ငွေဖြည့်သွင်းနိုင်ခြင်း တို့ကို ပြုလုပ်နိုင်မှာလည်းဖြစ်ပါတယ်။
NearMe အသုံးပြုရန် ဘဏ်အကောင့်မလိုအပ်သလို နီးစပ်ရာ NearMe စတေကာကပ်ထားသော ဆိုင်များ၊ ဘဏ်များ မှတစ်ဆင့်ငွေသွင်းခြင်း များပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဘဏ်များမှသတ်မှတ်ထားသော ငွေလွှဲဝန်ဆောင်ခကို ပေးဆောင် ရမှာဖြစ်ပါတယ်။ မိမိအသုံးပြုနေတဲ့ Password ကိုပြောင်းလဲအသုံးပြုချင်တယ်ဆိုရင်တော့ NearMe အကောင့်ထဲဝင်က ညာဘက်ပေါ်ထောင့်ရှိတဲ့ More ကို နှိပ်ပြီး Change Password ကိုနှိပ်ရမှာဖြစ်ပါတယ်။ လျှို့ဝှက်နံပါတ်အဟောင်း ကိုရိုက်ထည့်ပြီးမှ မိမိပြောင်းလိုသည် လျှို့ဝှက်နံပါတ်ကို ပြောင်းရမှာလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/nearme1stop/

NearMe အကြောင်းပိုမိုသိရှိချင်ရင်တော့ Facebook Messenger မှဖြစ်စေ၊ Hotline Viber 09-795070111 သို့ဖြစ်စေ၊ Hotline Phone 09-795070111 သို့ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်မှာလည်းဖြစ်ပါတယ်။ အောက်ပါ Link မှလည်း ဝင် ရောက်လေ့လာနိုင်ပါတယ်။
http://www.nearme.com.mm/mm-mm/
https://www.facebook.com/nearme1stop/
NearMe အသုံးပြုရန်အတွက် NearMe Application များကိုအောက်ပါ Link မှာ Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.nme.onestop