ယနေ့ခေတ်အနေအထားအရ ပြည်ပနိုင်ငံတွေကို အလုပ်ကိစ္စဖြင့်ဖြစ်စေ၊ အလည်အပတ်အနေဖြင့်ဖြစ်စေ သွားရောက်လာကြ တာများပါတယ်။ အဲ့ဒီအတွက်လည်း ငွေကြေးသုံးစွဲမှုဆိုင်ရာပိုင်းမှာ အလွယ်တကူအသုံးပြုနိုင်တဲ့ VISA Card ကိုပြုလုပ်အသုံး ပြုလာကြတာပါပဲ။ အဲ့ဒီအတွက်ကြောင့် မြန်မာပြည်တွင်းမှာပဲ မြန်မာ့ရှေ့ဆောင်ဘဏ်မှာ VISA Card သွားရောက်ပြုလုပ်တော့ မယ်ဆိုရင်တော့ သိထားသင့်တဲ့အကြောင်းအရာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
မြန်မာ့ရှေ့ဆောင်ဘဏ်၏ နိုင်ငံတကာခရီးသွားကတ်ဟာ MAB တံဆိပ်ပါသော VISA Prepaid Card ပဲဖြစ်ပါတယ်။ VISA Prepaid Card ကိုသုံးစွဲခြင်းသည့်အတွက် ကုန်ပစ္စည်းများနှင့်ဝန်ဆောင်မှုများကို ဝယ်ယူနိုင်သလို နိုင်ငံခြားငွေသုံးမျိုး (SGD, USD, EURO) ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ အများဆုံး (USD 5000) သို့မဟုတ် (USD 5000) နှင့်ညီမျှသော ငွေကြေးပမာဏ ကိုထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။
မိမိထည့်သွင်းထားတဲ့ ငွေပမာဏအတိုင်းလက်ကျန်ငွေချန်ထားရန် မလိုအပ်ပဲ ဝယ်ယူပေးချေနိုင်မှာလည်းဖြစ်ပါတယ်။ MAB VISA Prepaid Card ကိုသုံးစွဲခြင်းဖြင့် နိုင်ငံတကာတွင် ဈေးဝယ်ယူနိုင်ခြင်း၊ Online Shopping အတွေ့အကြုံသစ်များနဲ့ VISA မှ ပေးသောအထူးအခွင့်အရေးများကိုလည်းခံစားရရှိနိုင်မှာလည်းဖြစ်ပါတယ်။။ ဒါကြောင့် မြန်မာ့ရှေ့ဆောင်ဘဏ်ရဲ့ နိုင်ငံတကာ ခရီးသွားကတ်ဟာ ခရီးရှည်အတွက် သာမကခရီးတိုသွားလိုသောအခါတွင်လည်းသင့်အတွက် အကောင်းဆုံးအဖော်မွန်တစ်ခု လည်းဖြစ်လို့နေပါတယ်။
Photo Source – https://www.mabbank.com/mm/
Visa Card ရဲ့ အဓိကအားသာချက်တွေကတော့ နီးစပ်ရာ မြန်မာ့ရှေ့ဆောင်ဘဏ် မည်သည့်ဘဏ်ခွဲတွင်မဆို ငွေဖြည့်သွင်း နိုင်ခြင်း၊ မြန်မာ့ရှေ့ဆောင်ဘဏ်ရဲ့ Mobile Banking ဖြင့်ငွေဖြည့်သွင်းနိုင်ခြင်း၊ မြန်မာ့ရှေ့ဆောင်ဘဏ်ရဲ့ ATM များတွင် ငွေဖြည့်သွင်းနိုင်ခြင်း၊ မြန်မာ့ရှေ့ဆောင်ဘဏ်မှာ Standing instruction form ဖြည့်၍ Saving/Current Account (သို့) Foreign Account များဖြင့်ချိတ်ဆက်ငွေဖြည့်ပေးနိုင်ခြင်းတို့ပြုလုပ်နိုင်မှာဖြစ်ပြီး မကြာသောကာလများတွင်လည်း မြန်မာ့ရှေ့ ဆောင်ဘဏ်ရဲ့ Inernert Banking ကိုအသုံးပြု၍ ငွေဖြည့်သွင်းနိုင်တော့မှာဖြစ်ပါတယ်။
Visa Card သုံးစွဲသူများအတွက် ရရှိခံစားနိုင်မည့် အကျိုးကျေးဇူးတွေကတော့ လွယ်ကူစွာငွေသားထုတ်ယူနိုင်ခြင်း၊ ကမ္ဘာတစ် ဝှမ်းလုံးရှိ ATM ငွေထုတ်စက်များမှာ လက်ငင်းငွေသားကို ပြန်လည်ထုတ်ယူနိုင်ခြင်း၊ ဈေးနှုန်းအားသာချက်များအနေနဲ့လစဉ် ကြေးနဲ့နှစ်စဉ်ကြေးမရှိခြင်း၊ တစ်မျိုးထက်ပိုသောငွေကြေးအမျိုးအစားကိုအသုံးပြုနိုင်ခြင်း၊ ကမ္ဘာတစ်ဝှမ်းတွင် အသုံးပြုနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်မှာလည်းဖြစ်ပါတယ်။
Visa Card လျှောက်ထားလိုသူတွေအနေနဲ့ အဓိကလိုအပ်ချက်တွေကတော့ အသက် ၁၈ နှင့် အထက်ဖြစ်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံသား (သို့မဟုတ်) နိုင်ငံခြားသား၊ စာရွက်စာတမ်း၊နိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်)နိုင်ငံကူးလက်မှတ် Email Address စတာတွေလိုအပ်မှာလည်းဖြစ်ပါတယ်။
MAB VISA PREPAID CARD စတင်လျှောက်ထားတောမ့ယ်ဆိုရင်လည်း ဦးစွာနီးစပ်ရာ MAB ဘဏ်သို့သွားရောက်ပြီး လျှောက် လွှာဖြည့်ရပါမယ်။ လိုအပ်မည့်စာရွက်စာတမ်းများ မှတ်ပုံတင်မိတ္တူ (ရှေ့၊ နောက်) (သို့မဟုတ်) ပတ်စပို့မိတ္တူ (နှင့်အတူ) email account လိုအပ်ပါတယ်။ လျှောက်ထားသူများအားလုံးကလည်း ကတ်လာရောက်လျှောက်ထားပါက မူရင်းမှတ်ပုံတင်(သို့မ ဟုတ်) မူရင်းပတ်စပို့ ယူဆောင်လာရမှာလည်းဖြစ်ပါတယ်။ ရန်ကုန်မြို့ရှိဘဏ်ခွဲများမှာ ကတ်လျှောက်ထားတဲ့ သူများအနေဖြင့် ကတ်ပေါ်မှာ နာမည်ရိုက်နှိပ်လိုပါက ကတ်စတင်လျှောက်ထားချိန်မှစပြီး သုံးရက်စောင့်ဆိုင်းရမှာလည်းဖြစ်ပါတယ်။ နယ်ဘဏ်ခွဲ များတွင်ကတ်လျှောက်ထားတဲ့သူတွေအတွက် ကတ်ပေါ်မှာ နာမည်ရိုက်နှိပ်လိုပါက ကတ်စတင်လျှောက်ထားချိန်မှစပြီး တစ်ပတ် စောင့်ဆိုင်းရန်လိုအပ်မှာလည်းဖြစ်ပါတယ်။ ကတ်ပေါ်မှာနာမည်မရိုက်နှိပ်လိုပါကလျှောက်ထားတဲ့ နေ့တွင်ပင်ကတ်ရရှိနိုင်မှာဖြစ် ပါတယ်။ ကတ်ရရှိပါက နိုင်ငံသားစိစစ်ရေးကတ် မူရင်းယူဆောင်၍ဘဏ်တွင် လူကိုယ်တိုင်လာရောက်ထုတ်ယူရမှာဖြစ်ပါတယ်။ ကတ်မှရရှိသော အထူးအခွင့်အရေးများနဲ့အခြားအကြောင်းကြားစာများကို လက်လွတ်မခံရအောင် အီးမေးလ်ကိုအမြဲစစ်ပေးဖို့ လိုအပ်မှာလည်းဖြစ်ပါတယ်။
Photo Source – https://www.mabbank.com/mm/
Fees & Charges တွေကတော့ ကတ်ဖိုးငွေကျပ် ၁၀၀၀၀ ကျပ်ကျသင့်မှာဖြစ်ပြီး ATM မှငွေထုတ်ယူခ USD 5 (+ အခြားသတ် မှတ်နှုန်းထားများ)နဲ့ အခြားပြည်တွင်း ATM များ – USD3/SGD 4/EUR 3 + အခြား ပြည်တွင်းဘဏ်များမှ ကောက်ခံသော နှုန်းထားတွေကျသင့်မှာဖြစ်ပါတယ်။
ပြည်ပဘဏ် ATM များ – USD3/SGD 4/EUR 3 + အခြား ပြည်ပဘဏ်များမှ ကောက်ခံသောနှုန်းထားတွေကျသင့်မျာဖြစ်ပြီး ATM တွင်ငွေလက်ကျန်စစ်ဆေးပါက MAB ATM မှာတော့အခမဲ့ဖြစ်ပါတယ်။ အခြားပြည်တွင်း ATM များ – USD3/SGD 4/EUR 1 + အခြား ပြည်တွင်းဘဏ်များမှ ကောက်ခံသောနှုန်းထားအတိုင်းကျသင့်မှာဖြစ်ပါတယ်။ ပြည်ပဘဏ် ATM များ – USD3/SGD 4/EUR 1 + အခြား ပြည်ပဘဏ်များမှ ကောက်ခံသောနှုန်းထားအတိုင်းကျသင့်မှာဖြစ်ပါတယ်။
ကတ်အသစ်လဲလှယ်မယ်ဆိုရင်လည်း ကျပ် ၁၀၀၀၀ ကျသင့်မှာဖြစ်ပြီး ဘဏ်ကောင်တာတွင် လက်ကျန်ငွေစာရင်းတောင်းဆို မယ်ဆိုရင်တော့ ကျပ် ၃၀၀၀ ကျသင့်မှာဖြစ်ပါတယ်။ ငွေထပ်မံဖြည့်သွင်းမယ်ဆိုရင်တော့ ဝန်ဆောင်ခပေးဆောင်ရန်မလိုအပ်ပါ ဘူး။ နိုင်ငံခြားငွေ တိုက်ရိုက်ထည့်သွင်းမယ်ဆိုရင် ၂ ရာခိုင်နှုန်းကို (min USD 10)ကျသင့်မှာဖြစ်ပါတယ်။ အနည်းဆုံးစစချင်း ထည့်ဝင်ငွေကတော့ USD 10 ဖြစ်ပါတယ်။ ကတ် PIN ပြောင်းမယ်ဆိုရင်တော့ မြန်မာငွေကျပ် ၁၀၀၀ ကျသင့်မှာဖြစ်ပါတယ်။
မြန်မာ့ရှေ့ဆောင်ဘဏ်ကို ၂၀၁၀ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီးပထမဦးဆုံးဘဏ်ခွဲကို ၂၀၁၀ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့မှာ နေပြည်တော်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ပြည်တွင်းဘဏ်လုပ်ငန်းအနေဖြင့် သုံးစွဲသူများအတွက် စုံလင်သောအပ်ငွေအမျိုးအစားများ၊ အသေးစားနဲ့အကြီးစားစီးပွားရေးလုပ်ငန်းများအတွက် ချေးငွေများ၊ စာရင်းပိုထုတ်ချေးငွေ နှင့် အငှားဝယ်ယူစနစ်၊ Myanmar Payment Union (MPU) မှတစ်ဆင့် ယုံကြည်စိတ်ချရပြီး ကျယ်ကျယ်ပြန့်ပြန့်ရှိသော ATM နှင့် POS ဝန်ဆောင်မှုများကိုထောက်ပံ့ပေးထားပါတယ်။ နိုင်ငံတကာဘဏ်လုပ်ငန်းအနေနဲ့ နိုင်ငံခြားကုန်သွယ်ဘဏ္ဍာရေး ဝန်ဆောင်မှုများ၊ ကမ္ဘာတစ်ဝှမ်းလုံးသို့ ငွေပေးပို့နိုင်သော Western Union ငွေလွှဲလုပ်ငန်းများ၊ နိုင်ငံတကာတွင်ငွေပေး ချေနိုင်သော VISA, Master ကတ်များအစရှိသော ဝန်ဆောင်မှုများအပြင် လက်ဆောင်ချက်လက်မှတ်များ၊ ငွေပေးမိန့်များနှင့် အခြားဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ လက်ရှိမှာတော့ မြန်မာ့ရှေ့ဆောင်ဘဏ်ဘဏ်ခွဲစုစုပေါင်း ၉၈ ခု ရှိပြီးဖြစ်ပါတယ်။