Artificial Intelligence ဆိုတာ

ကမ္ဘာတစ်ဝှမ်း ယခင်ပြီးခဲ့သောနှစ်မျာတွင် ရေပန်းစားဆွေးနွေးခဲ့ကြသော အကြောင်းအရာတစ်ခုကို ပြောကြည့်ပါဆိုက AI(Artificial Intelligence) သည် မလွဲမကန်တစ်ခုအပါအဝင်ဖြစ်လေမည်။ နေ့စဉ်အသုံးပြုနေသာ လက်ကိုင်ဖုန်းများမှ “Hey Siri ”(iPhone များတွင်ပါရှိသော Voice-controlled) သို့မဟုတ် “Hey Google”( Google Assistant) အစရှိသည်မှအစ မိမိတို့ငယ်ငယ်က သိပ္ပံဇာတ်လမ်းတွဲများကြည့်၍ စိတ်ကူးယဉ်ခဲ့ရသော မောင်းသူမဲ့ကား၊လေယာဉ်တို့အထိ Artificial Intelligence ကိုအသုံးပြုပြုလုပ်နိုင်ပေသည်။ထိုသို့သေးမွှားသောကဏ္ဍငယ်လေးများမှ စက်ပစ္စည်းတို့ကောင်းကျိုးတစ်ရပ်ဖြစ်သော အတိအကျလုပ်ဆောင်နိုင်ခြင်းဟူသည့်ဂုဏ်ရပ်ကြောင့် အနာဂတ်တွင် မရှိမဖြစ်သောကဏ္ဍများတွင် ပါဝင်လာနိုင်ပေရာလေ့လာထားရန်လိုအပ်ပေသည်။

 

Photo Source – https://www.flickr.com/photos/mikemacmarketing/30212411048

AI၏အဓိပ္ပာယ်

Siri မှအစ မောင်းသူမဲ့ကားအဆုံး AI၏တိုးတက်နှန်ုးမှာ ဆက်တိုက်မြန်ဆန်လာခဲ့ပြီး အချိန်ကာလာကိုလိုက်ပြီး AI၏အဓိပ္ပာယ်သတ်မှတ်ချက်မှာလဲ ပြောင်းလဲလာခဲ့သည်။ ငယ်စဉ်ဘဝက ကြည့်ရှုခဲ့သော သိပ္ပံဇာတ်လမ်းထဲတွင်က လူသားများအတိုင်းလုပ်နိုင်သော စက်ရုပ်များကိုလဲ AIဟု သတ်မှတ်ခဲ့ကျသလို AIသည် Google Search တွင်ပါဝင်သော Algorithms၊ စစ်ဘက်ဆိုင်ရာလက်နက်များအထိလဲ သတ်မှတ်၍ရနိုင်သည်။

လူသားများသည် သဘာဝအလျောက် မိမိအသိစိတ်ဖြင့် ပတ်ဝန်းကျင်ကိုလေ့လာအကဲခတ်နိုင်ပြီး ထိုသတင်းအချက်အလက်များကိုအသုံးပြုကာ သင့်တင့်လျောက်ပတ်သော ပြောင်းလဲမှုများလုပ်ဆောင်နိုင်သည့် သဘောရှိသည်။ထိုသို့လုပ်ဆောင်ချက်များကို စက်ပစ္စည်းတို့သဘောအရ ပိုမိုတိကျမြန်ဆန်သော စက်ပစ္စည်းများကလုပ်ဆောင်ပေးမည်ဆိုပါက လူသားများအနေဖြင့် ပိုမိုထိရောက်မှုရှိလိမ့်မည်ဟု ယူဆကြသည်။ အခြေခံAI(Artificial Intelligence) ၏သဘောတရားမှာ လူသားများ၏ ဉာဏ်ပညာနှင့်လုပ်ဆောင်ချက်များကိုတုပ၍ စက်ပစ္စည်းများ အထူးသဖြင့် ကွန်ပျူတာစနစ်များမှလုပ်ဆောင်ခြင်းဖြစ်သည်။ထိုလုပ်ဆောင်ချက်များတွင် သင်ယူခြင်း(သတင်းအချက်အလက်များကိုအသုံးပြုနိုင်ရန်အတွက် စည်းမျဉ်းများနှင့် သတင်းအချက်အလက်များကို သင်ယူလုပ်ဆောင်ခြင်း)၊ အကျိုးသင့်အကြောင်းသင့် စဉ်းစားတွေးခေါ်ခြင်း(ထိုစည်းမျဉ်းများကို အသုံးပြုပြီး သင့်တင့်သော ခန့်မှန်းခြေ ကောက်ချက်ချမှုများပြုလုပ်ခြင်း) နှင့် ကိုယ်တိုင်အမှားပြင်ဆင်ခြင်းများပါဝင်သည်။ထိုကြောင့် AIသည် တီတွင်ဖန်တီးနိုင်စွမ်းများ၊ စိတ်ဖြင့်လုပ်ဆောင်ရသော အတွေးများကို ကွန်ပျူတာများ၏ ဒီဂျစ်တယ်စွမ်းအားများဖြင့် ဖန်တီးခြင်းဟု သတ်မှတ်နိုင်သည်။

Photo Source – https://www.flickr.com/photos/mikemacmarketing/30188200627

AI ကို အားနည်းသောAI နှင့် သန်စွမ်းသော AI ဟူ၍အမျိုးအစားနှစ်မျိုးခွဲခြားသတ်မှတ်နိုင်သည်။ အားနည်းသော AI ကို ကျဉ်းမြောင်းသော AI ဟူ၍လဲနောက်တစ်မျိုးခေါ်ဆိုနိုင်ပြီးထိုစနစ်သည် တစ်စုံတစ်ခုသော လုပ်ငန်းဆောင်ရွက်ရန်အတွက်သာ သတ်မှတ်စီစဉ်ထားခြင်းဖြစ်သည်။ (ဥပမာ – ရုပ်မျက်နှာကိုစကန်ဖတ်ခြင်းတစ်ခုတည်း သို့မဟုတ် အင်တာနက်အသုံးပြု၍ရှာဖွေခြင်း သို့မဟုတ် ကားမောင်းခြင်းတစ်ခုတည်း)။ထိုသို့သောစနစ်များသည် ယခုလက်ရှိလုပ်ဆောင်နေသော AIအများစုပြီး အနာဂတ်တွင်ထိုသို့တစ်ခုတည်းသာမက လုပ်ငန်းမျိုးစုံကိုတစ်ပြိုင်နက်တည်းဆောင်ရွက်နိုင်သော AI (ယေဘုယျAGI) သို့မဟုတ် သန်စွမ်းသော AI အဖြစ်သို့ပြောင်းလဲဆောင်ရွက်နိုင်ရန် သုတေသနအများစုက ရည်မှန်းချက်ထား မျှော်မှန်းကြသည်။အားနည်းသော AI သည်သတ်မှတ်ထားသော လုပ်ငန်းဆောင်တာတစ်မျိုးတည်းကိုပဲဆောင်ရွက်နိုင်မည်ဖြစ်သော်လဲ AGI သည်လူများကဲ့သို့လုံးစုံကဏ္ဍပေါင်းစုံကိုဆောင်ရွက်နိုင်မည်။ ဆိုလိုသည်မှာ AGI သည်မိမိနှင့်မရင်းနှီးသော အကြောင်းကိစ္စတစ်ခုခုကို ဆောင်ရွက်ရန်တာဝန်ပေးခြင်းခံရသောအခါ လူသားများ၏ပါဝင်စွက်ဖက်မှုမပါဘဲ မိမိကိုယ်တိုင်ဆုံးဖြတ်ချက်ချမှတ်နိုင်ခြင်းကိုဆိုလိုသည်။

AI ကိုအသုံးပြုသောနေရာများ

စီးပွားရေးနယ်ပယ်များတွင် AI ကိုအမှားရှာဖွေခြင်းမှ ဝယ်ယူအားပေးသူများ၏ လိုအပ်ချက်များကို သိရှိအောင်ရှာဖွေခန့်မှန်းချက်များလုပ်ဆောင်ပြီး ဝန်ဆောင်မှုတိုးတက်အောင် ပြုလုပ်ခြင်းအထိလုပ်ဆောင်ကြသည်။ စက်ရုံအလုပ်ရုံများတွင် လုပ်အားနှင့် ထုတ်ကုန်များကိုချိန်ဆပြီး အမှားရာခိုင်နှုန်းကိုတွက်ချက်ကာ အမှားမဖြစ်လာခင် ကြိုတင်ပြင်ဆင်မှုူများပြုလုပ်နိုင်သည်အထိ အသုံးဝင်လေသည်။အလားတူနေ့ဒူူဝလုပ်ငန်းစဉ်များတွင်လဲ AIကို ပိုမိုသက်သာလွယ်ကူစေရေးအတွက်အသုံးပြုနေကြရသည်။ Google၏ဘာသာပြန်စနစ်တစ်ခုဖြစ်သော “Google Translate” ၊ Netflix၏ Recommendation Algorithms နှင့် Uber ၏လမ်းကြောင်း တည်နေရာပြခြင်းစသည်တို့သည်လဲ AI ကိုအသုံးပြုထားသောနည်းလမ်းများဖြစ်သည်။”မဖြစ်သေးသည့်အရာအားလုံးသည် AIဖြစ်သည်”ဟုဆိုနိုင်လောက်အောင်ပင် AI သည်မိမိတို့သတိမထားလိုက်မိစဉ်မှာပင် စီးပွားရေး၊၊ပညာရေး၊ဘဏ္ဍာရေး၊ ကျန်းမာရေးစောင့်လျှောက်မှုအစရှိသည်တို့တွင် အသုံးချခံနေပြီးဖြစ်သည်။ ကျွန်ုပ်တို့ ဘဏ်အသုံးပြုမှု အွန်လိုင်းဈေးဝယ်ထွက်မှုများတွင် ၂၄နာရီမေးမြန်းသမျှကိုဖြေကြားနေသော စနစ်များသည်လဲ AI ကိုအသုံးပြုထားခြင်းဖြစ်သည်။

Photo Source – https://www.flickr.com/photos/mikemacmarketing/44405376514

AIနှင့်နောက်ဆက်တွဲများ

ရှေ့အနာဂတ်တွင် စီးပွားရေး၊ဥပဒေနှင့် နည်းပညာစရှိသော လူမှုပတ်ဝန်းကျင်အမျိုးမျိုးတွင်  AIတိုးဖောက်ဝင်ရောက်လာနိုင်လေရာ ကျွန်ပ်တို့ကား၊လေယာဉ်၊ကုန်သွယ်ရေးစနစ်တို့တွင် AI ထိန်းချုပ်ဆောင်ရွက်လာပါကမည်သို့ဖြစ်ပေါ်လာမည်နည်း။ AI တိုးတက်လာခြင်းနှင့်ပက်သက်ပြီး နောက်ဆွဲတွဲများအနေနှင့် လူသားများကဲ့သို့စွမ်းဆောင်နိုင်သော စက်ပစ္စည်းများသည် လူသားများထက်သာလွန်သွားမည်က စိုးရိမ်ဖွယ်ရှိသည်။ စွမ်းဆောင်ပိုမြင့်မားသော စက်ပစ္စည်းများကိုပြောင်းလဲ အသုံးပြုခြင်းက လူသားများအတွက် အလုပ်နေရာရရှိမှုလျော့နည်းသွားနိုင်သည်။ အစားထိုးဖြည့်စွက်ခြင်းက ကောင်းကျိူးများရှိသကဲ့သို့ ဆိုးကျိူးများကိုလဲဖြစ်ပွားစေနိုင်သည်။ကိုယ်တိုင်ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းရှိသော စက်ပစ္စည်းများသည် လူသားများကိုတုပ၍ဖန်တီးထားသောကြောင့် လူသားများလိုချင်တပ်မက်သောအရာများကို ယင်းတို့သည်လဲလိုချင်တပ်မက်လာနိုင်သည်။ထိုအခါ လူသားတို့နှင့်ပြိုင်ဆိုင်မှုများလဲပေါ်ပေါက်လာနိုင်သည်။ ထို့ကြောင့် AIကိုဖွံဖြိုးတိုးတက်အောင်ဖန်တီးပြုလုပ်သူများသည် စနစ်တကျနည်းလမ်းတကျတွေးခေါ်ကြံဆပြီး နည်းစနစ်များထားရှိရန်လိုအပ်ပေသည်။အချုပ်အားဖြင့်ဆိုသော် အနာဂတ်တွင် AIသည်လူသားများအတွက်ကောင်းကျိုးများကို ကဏ္ဍပေါင်းစုံကဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သလို တန်ဆေးလွန်ဘေးဟူသော ဆိုရိုးအတိုင်း အသုံးချမှုမှားယွင်းပါကလဲ လူသားများအတွက်ထိန်းချုပ်ရခက်ခဲသော ဘေးအန္တရာယ်တစ်ခုဖြစ်လာနိုင်သောကြောင့် အတက်နိုင်ဆုံးချင့်ချိန်သုံးစွဲရန်လိုအပ်ပါသည်။