Telenor Myanmar မှ မေးမြန်းသမျှပြန်လည်ဖြေကြားပေးနိုင်သော မှတ်ဉာဏ်တု Chat Bot စတင်အသုံးပြု

Telenor Myanmar Facebook Page မှ သုံးစွဲသူများအဆင်ပြေစေရန်နှင့်မေးမြန်းသမျှကို ပြန်လည်ဖြေကြားပေးနိုင်သော “ခင်မင်” အမည်ရှိ မှတ်ဉာဏ်တု Chat Bot ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင်စတင်မိတ်ဆက်အသုံးပြုနေပြီဖြစ် ကြောင်း Telenor Myanmar မှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါ “ခင်မင်” အမည်ရှိ Chat Bot သည် Online သုံးစွဲသူများဆက်သွယ်မေးမြန်းသမျှကို ပြန်လည်ဖြေကြားပေးနိုင်စေ သည့် မှတ်ဉာဏ်တု (artificial intelligence) ကွန်ပျုတာပရိုဂရမ်တစ်ခုဖြစ်ပြီး Telenor Myanmar Chat Box တွင် “Hi” ဟုပြောကြားလိုက်ရုံနှင့် အလိုအလျှောက်ပြန်လည်ဖြေကြားပေးခြင်းလည်းဖြစ်သည်။

Photo Source- https://bit.ly/2I8AdUT

“ခင်မင်” အမည်ရှိ Chat Bot တွင် ဖုန်းဘေလ်စစ်ဆေးပေးခြင်း၊ အစီအစဉ်များဝယ်ယူခြင်း၊ ပရိုမိုးရှင်းများအကြောင်းများနှင့် သိရှိလိုသည်များကိုမေးမြန်းနိုင်ပြီး လိုအပ်သည့်ဝန်ဆောင်မှုများကိုလည်း လမ်းညွှန်ပေးသွားမည်လည်းဖြစ်သည်။ အဆိုပါ Chat Box မဖြေရှင်းနိုင်သည့် ကိစ္စများကို ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းများကလွှဲပြောင်းရယူ၍ ဆက်လက်ဖြေရှင်းပေးသွား မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေငြာချက်တွင်ပါရှိသည်။
ဥပမာ- “ခင်မင်” အမည်ရှိ Chat Bot သည် မိမိဖုန်းဘေလက်ကျန်စစ်ဆေးလိုပါကလည်း လက်ကျန်ငွေစစ်ဆေးမည့် မိမိဖုန်းနံပါတ်ကို ဦးစွာရိုက်ထည့်ရပါသည်။ ထိုသို့ပေးပို့လိုက်သည်နှင့် Chat Bot မှ ဖုန်းနံပါတ်ပိုင်ရှင်အစစ်ဖြစ်ကြောင်း OTP နံပါတ်မိမိဖုန်းသို့ တစ်မိနစ်အတွင်းပေးပို့ပါလိမ့်မည်။ ပေးပို့လာသော OTP နံပါတ်ကို Chat Bot တွင် ရိုက်ထည့်လိုက်ရုံနှင့်မိမိ ဖုန်းလက်ကျန်ငွေ မည်မျှကျန်ရှိကြောင်း ဖော်ပြပေးပါလိမ့်မည်။
“တယ်လီနောဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး အသုံးပြုသူတွေ မေးမြန်းလာသမျှကို “ခင်မင်” ရဲ့ အကူအညီကြောင့် ပိုမိုမြန် ဆန်ထိရောက်စွာ ပြန်လည်ပြန်လည်ဖြေကြားပေးသွားနိုင်တော့မှာဖြစ်ပါတယ်။ စမ်းသပ်ကာလရဲ့ ပထမပိုင်းရက်အနည်းငယ် အတွင်းမှာပဲ “ခင်မင်” ကသူရဲ့လုပ်ဆောင်နိုင်စွမ်းကို သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ Messenger ကနေ နေ့စဉ်ရရှိတဲ့ မေးမြန်း မှုတွေရဲ့ တစ်ဝက်လောက်ကို အောင်မြင်စွာပြန်လည်ဖြေကြားပေးနိုင်ခဲ့ပါတယ်။ ဒီခြေလှမ်းဟာ တယ်လီနောရဲ့ ဝန်ဆောင်မှု တွေကို ပိုမိုအဆင့်မြှင့်စေရုံသာမက အသုံးပြုသူတွေကိုလည်း အဆင့်မြင့်ဒီဂျစ်တယ်နည်းပညာတွေနဲ့ ပိုမိုရင်းနှီးကျွမ်းဝင်သွား စေမှာဖြစ်တယ်လို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံလို အလျှင်အမြန် ဖွံ့ဖြိုးတိုးတက်နေတဲ့ နည်းပညာဈေးကွက်အတွင်းမှာ Chat Bot ကို သုံးစွဲသူတွေနဲ့ ဆက်သွယ်ပြောဆိုဖို့ အပြည့်အဝအသုံးပြုနိုင်သလို Chat Bot ကနေ ဝန်ထမ်းဆီကို ကူးပြောင်း ပေးရာမှာလည်း အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်တဲ့ ဆက်သွယ်ရေးအော်ပရေတာတစ်ခုအဖြစ် အရမ်းကို ဂုဏ်ယူဝမ်း မြောက်မိပါတယ်” ဟု တယ်လီနောမြန်မာ၏ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုပိုင်းဆိုင်ရာ တာဝန်ရှိသူ Chan May Ling ကပြောကြား သည်။

 

တယ်လီနောလုပ်ငန်းစု သုတေသနဌာနက၂၀၁၉ ခုနှစ်အတွင်း ပုံသွင်းထုဆစ်သွားမည့် နည်းပညာ (၇) မျိုးအား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင်ထုတ်ပြန်ကျေငြာခဲ့ပြီးလည်းဖြစ်သည်။ အဆိုပါနည်းပညာများမှာလည်း Deep Fake (သတင်းအတုအ ယောင် ဖန်တီးခြင်း)၊ AI Ethics (မှတ်ဉာဏ်တုဆိုင်ရာကျင့်ဝတ်များ)၊ 5G နည်းပညာ၊ Internet of Things(အင်တာနက်နှင့် ချိတ်ဆက်ထားသော ပစ္စည်းများ)၊ Chatbots၊ Screen time(စကရင်ကြည့်ရှုသည့်ကြာချိန်) နှင့် Green Tech( သဘာဝပတ် ဝန်းကျင်အကျိုးပြုနည်းပညာများ) တို့ ဖြစ်သည်။
ယခုအချိန်တွင် တယ်လီနောမြန်မာသည် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဆက်သွယ်ပြန်ကြားရေးပလက်ဖောင်းတွင် Chatbot လုပ် ဆောင်ချက်အား ပထမဆုံးအကြိမ်ထည့်သွင်းအသုံးပြုခဲ့ခြင်းလည်းဖြစ်သည်။ ယခုအသုံးပြုနေသော တယ်လီနောမြန်မာ၏ Chat Bot လုပ်ဆောင်ချက်အား နောက်ပိုင်းတွင် ပိုမိုအဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး လုပ်ဆောင်ချက်အသစ်များကိုလည်း ထည့်သွင်းသွားနိုင်ရန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် တယ်လီနောမြန်မာမှ “REALISING DIGITAL MYANMAR” အမည်ရှိ မြန်မာ့ပထမဆုံးသော ဒီဂျစ်တယ်အစီရင်ခံစာတစ်စောင်ထုတ်ပြန်ခဲ့သည်။ ထိုအစီရင်ခံစာတွင် ၂၀၂၃ ခုနှစ်တွင် အပြီးဆောင်ရွက်ရမည့် ရည်မှန်း ချက်လမ်းစဉ်များကိုထည့်သွင်းဖော်ပြထားသည်။