OPPO A12 စမတ်ဖုန်း ကိုမြန်မာနိုင်ငံဈေးကွက်တွင် စတင်မိတ်ဆက်

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သော OPPO မှ ကောင်းမွန်သော Processor၊ ကြီးမားသော Storage နှင့် လှပသောပုံရိပ်များ‌ ပေးစွမ်းနိုင်သည့် တန်ဖိုးသင့် ဖုန်းOPPO A12ကို  မြန်မာနိုင်ငံဈေးကွက်တွင် စတင်မိတ်ဆက် လိုက်ပြီဖြစ်ကြောင်းသိရသည်။
OPPO A12 သည် ဈေးနှုန်းတူဖုန်းများအတွင်း Storage အကြီးဆုံး 4 GB RAM + 64 GB ROM ပါရှိသည် သာမက ကြီးမားကျယ်ပြန့်သည့် 6.22″ Water Drop Screen လည်းပါရှိပြီး3D စိန်ကွက်ပုံစံဒီဇိုင်းနှင့် အတူခြစ်ရာမထင် အကြမ်းခံနိုင်ပြီးထူးခြားလှပပေါ့ပါးသောအသွင်အပြင်နှင့် ထုတ်လုပ်ထားသည်။ လူကြိုက်များပြီးခေတ်ရေစီးကြောင်းနှင့် ကိုက် ညီသောအနက်ရောင်ဒီဇိုင်းနှင့် ၂၀၂၀ခုနှစ်တွင် Trend အဖြစ်ဆုံးဖြစ်ပြီးလူငယ်ဆန်သောအပြာရောင်ဒီဇိုင်းဟူ၍ အရောင် (၂) ရောင်တို့ဖြင့် ရရှိနိုင်မည်ဖြစ်ပြီး မြန်မာ‌ကျပ်ငွေ ၂၂၉,၉၀၀ ကျပ်ဖြင့် မေလ ၅ ရက်နေ့မှစ၍ မြန်မာနိုင်ငံအမြို့မြို့ အနယ်နယ်ရှိဆိုင်များနှင့် shop.com.mm တို့တွင် ပို့ဆောင်ခအခမဲ့ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar

OPPO ဖုန်းများသည် ကင်မရာစွမ်းဆောင်မှုများအမြဲတမ်းထူးခြားကောင်းမွန်အောင် ပြုလုပ်လျက်ရှိသည့် အစဉ်အလာ အတိုင်း ယခုအသစ်ထုတ်လုပ်လိုက်သည့် OPPO A12 ၏ ကျောဘက်ကင်မရာတွင် 13MP Main Camera + 2MP Depth Camera တို့ကိုအသုံးပြုထားပြီးရှေ့ဘက်ကင်မရာအဖြစ် 5MP Camera ပါဝင်သည်။ ပုံရိပ်များ၏ အရောင်အသွေးများကို Pixel-mapping Algorithm နှင့်အတူပိုမိုစိုပြည်တောက်ပစေသည့် Dazzle Color Mode၊ မည်သည့် နောက်ခံ background တွင် မဆိုလှပသောရှေ့ကြည်နောက်ဝါး ပုံရိပ်များရရှိစေမည့် Portrait Bokeh နှင့် ကျား ၊မ၊ အသက်၊ အသားအရောင်၊ မျက်နှာထူးခြားချက်တို့ကို AI နည်းပညာတို့ဖြင့် စနစ်တကျ တွက်ချက်ပေးပြီးသဘာဝဆန်ဆန်ဖြင့် ပိုမိုလှပသော ပုံရိပ်များရိုက်ကူးပေးသောAI Beautification စသည့် Functions များပါရှိသဖြင့် မည်သည့် အချိန်တွင်မဆို အမှတ်တရ များကို လှပသောပုံရိပ်များအဖြစ် ပြောင်းလဲသိမ်းဆည်းထားနိုင်မည်ဖြစ်သည်။ ထို့ပြင် ယခုခေတ်စားလျက်ရှိသော ဗီဒီယိုတိုများ၊ Vlog များရိုက်ကူးတည်းဖြတ်ရာတွင် Material များ၊ Template များအစုံအလင်ဖြင့် စက္ကန့် ၂၀ အတွင်းလွယ်ကူလျင်မြန်စွာတည်းဖြတ်ပြီးစိတ်ဝင်စားဖွယ် အရည်အသွေးကောင်းမွန်သော Vlog များကိုဖန်တီးနိုင်သော Soloop Editor ကိုလည်းထည့်သွင်းပေးထားသည်။

Photo Source https://www.facebook.com/oppomyanmar

OPPO မှ အသစ်ထွက်ရှိလာသောOPPO A12 သည် ထူးခြားလှပသောစိန်ပွင့်ပုံစံတွင် အလင်းတန်းဖြာသောဒီဇိုင်း၊ စိန်ကဲ့သို့ ခိုင်မာသောအရည်အသွေးရှိကိုယ်ထည်တို့နှင့်အတူအထူ 8.3 mm နှင့် အလေးချိန် 165 g သာရှိသည့် ပါးလွှာ ပေါ့ပါးသောဖုန်းအဖြစ် ထုတ်လုပ်ထားသည်။ Screen to Body Ratio မှာ 88.3% ဖြစ်ပြီး OPPO ၏ အဆင့်မြင့် Facial Recognition နည်းပညာကိုအသုံးပြုထားသောကြောင့် မျက်နှာကိုတိကျသေချာစွာဖတ်ပြီး 0.08s အတွင်းဖုန်းကို Unlock ပေးနိုင်သော AI Facial Unlock နှင့် လက်တင်လိုက်ရုံနှင့် Lock ဖွင့်ပေးနိုင်သော Fingerprint Unlock ဟူ၍ Unlock စနစ်(၂)မျိုးပါရှိသည်။
ထို့ပြင် Max CPU Frequency: 2.3 GHz ပါရှိသော Octa-core processor P35 ကိုထည့်သွင်း အသုံးပြုထားပြီးဈေးနှုန်းတူ ဖုန်းများထဲတွင် Processor အကောင်းဆုံးအသုံးပြုထားသောဖုန်းဖြစ်သည်။ ထို့ကြောင့် ကောင်းမွန်ကြည်လင်စွာဖြင့် ဗီဒီယိုကြည့်ရှုခံစားနိုင်မှု၊ ဂိမ်းကစားရာတွင် ထစ်ခြင်း၊ ဟန်းခြင်းမရှိဘဲကစားနိုင်ခြင်းနှင့် ဖုန်းကိုအချိန်ကြာမြင့်စွာ ချောချောမွေ့မွေ့ အသုံးပြုနိုင်ခြင်းစသည့် ကောင်းကျိုးများကိုရရှိနိုင်သည်။ ကြီးမားသော4230mAh Battery ပါရှိပြီး Storage မှာလည်းအခြားဈေးနှုန်းတူဖုန်းများအနက် အကြီးမားဆုံး 4 GB RAM + 64 GB ROM ပါဝင်သောကြောင့် မတူညီသော Application များကိုတစ်ပြိုင်နက် အခက်အခဲမရှိအသုံးပြုနိုင်ပြီးဓာတ်ပုံ၊ ဗီဒီယိုများ၊ သီချင်းများ၊ ဂိမ်းများကိုလည်းစိတ်ကြိုက် ထည့်သွင်းထားကာမိမိစိတ်ကြိုက် အနှောက်အယှက်မရှိကြာရှည်စွာ ဖုန်းအသုံးပြုနိုင်မည်ဖြစ် သည်။ OPPO A12 တွင် စက်ဘီး၊ ဆိုက်ကယ် စီးသူများအတွက် အထူးအဆင်ပြေစေသောRidingMode ၊ ကွဲပြားခြားနားသောဝန်ဆောင်မှုများကိုတစ်နေရာထဲတွင် ဝင်ရောက်နိုင်ရန် ချိတ်ဆက်ပေးသည့် Smart Assistant ၊ ဂိမ်း ကစားရာတွင် မိမိစိတ်ကြိုက် စွမ်းဆောင်ရည်နှင့် စွမ်းအင်သုံးစွဲမှုပမာဏကိုဖန်တီးနိုင်သည့် Game Space စသည့် အသစ် သစ်သောလုပ်ဆောင်မှုများပါဝင်သည့် ColorOS 6.1 System ကိုအသုံးပြုထားသည်။

Photo Source https://www.facebook.com/oppomyanmar

OPPO သည် ကမ္ဘာ့ စမတ်ဖုန်းထုတ်လုပ်သူများအနက် ရှေ့ဆောင် Brand တစ်ခုဖြစ်သည်။ ပထမဦးဆုံး smartphone “Smiley Face”ကို ၂ဝဝ၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည့် အချိန်မှ စ၍ OPPO သည် စိတ်ကျေနပ်ဖွယ် ဒီဇိုင်းနှင့် ဆန်းသစ်သောနည်းပညာများ၏ ပေါင်းစပ်မှုကိုရရှိနိုင်ရန် အစဉ်မပြတ် ကြိုးပမ်းလာခဲ့ရာယနေ့အခါတွင် Find နှင့် Reno Series တို့မှ ဦးဆောင်၍ အမျိုးအစားစုံလင်သည့် smart devices များ၊ ColorOS operating systemနှင့် OPPO Cloud နှင့် OPPO+ စသည့် Internet Service များကိုပါ ဝန်ဆောင်မှုပေးလျက်ရှိသည်။ OPPO သည် နိုင်ငံပေါင်း ၄ဝကျော်တွင် လည်ပတ်လျက်ရှိပြီးကမ္ဘာအနှံ့အပြားတွင် Research Institutes ၆ ခု ၊ R&D Centers ၄ ခု၊ London မြို့တွင် International Design Center တစ်ခုရှိပြီး OPPO ဝန်ထမ်း ၄၀,၀၀၀ ကျော်သည် သုံးစွဲသူတို့ ဘဝအဆင့်မြင့် တိုးတက်‌ရေးအတွက် ကြိုးပမ်းလျက် ရှိသည်။
ထူးခြားသောအသွင်အပြင်၊ ပေါ့ပါးလှပသောဒီဇိုင်းနှင့် ကောင်းမွန်သောစွမ်းဆောင်ရည်များပါဝင်သောOPPO A12 နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/oppomyanmar