Soft Launch ထွက်ရှိလာပြီဖြစ်တဲ့ Apex Legends Mobile

Apex Legends ရဲ့ Mobile Version Soft Launch ဟာ မတ်လ ၇ ရက်နေ့မှာပဲစတင်ထွက်ရှိခဲ့ပါတယ်။ Soft Launch ဆိုတာကတော့ Global Launch မတိုင်ချက်တွေကို ပြုပြင်ဖို့အတွက် launch ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ Apex Legends Mobile ကို Consoles ဒါမှမဟုတ် PC နဲ့ Cross-platform စကားလို့ရမှာတော့ မဟုတ်ပါဘူး။ 

Photo Source: https://www.ea.com/

Limited Regional Launch လည်းဖြစ်တဲ့အတွက် သတ်မှတ် ထားတဲ့ ဩစတြေးလျ၊ နယူးဇီလန်၊ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မက္ကဆီကို၊ ပီရူး၊ အာဂျင်တီးနားနဲ့ ကိုလမ်ဘီယာနိုင်ငံ ၁၀ နိုင်ငံမှာပဲ Download ပြုလုပ်နိုင်မှာပါ။

Limited Region ဖြစ်တဲ့အတွက် သတ်မှတ်နိုင်ငံမှာ မပါဝင်တဲ့သူတွေအနေနဲ့ VPN ကျော်ပြီး Download ပြုလုပ်ကစားလို့တော့ ရပါတယ်။ ထွက်ရှိလာတဲ့ Soft Launch မှာ 60 Players Battle Royal, 30 Players Battle Royal, 3vs3, Team Deathmatch, နဲ့ Ranked mode တွေပါဝင်ပါတယ်။

Soft Launch မှာပါဝင်မယ့် In-Game Characters ဖြစ်တဲ့ Bloodhound, Gibraltar, Lifeline, Wraith, Bangalore, Octane, Mirage, and Pathfinder ဆိုတဲ့ Legends တွေပါဝင်မှာ ဖြစ်ပါတယ်။ In-Game Currency ထည့်သွင်းပြီးဝယ်ယူဆော့ကစားနိုင်မယ့် Battle Pass အပြင် Time-limited Store, Vaults, Lite Crates, နဲ့ Apex Packs တွေလည်းပါဝင်ပါသေးတယ်။ Character Caustic ကိုတော့ Battle Pass Tier 25 ရောက်မှ ဆော့ကစားနိုင်မှာပါ။

Photo Source: https://www.ea.com/

Ranking System အနေနဲ့ Bronze, Silver, Gold, Platinum, Diamond, Master နဲ့ Apex Predator အဆင့် (၇) အထိသတ်မှတ်ထားပါတယ်။ Apex Predator Rank ကတော့ Server အတွင်း Rank Point အများဆုံးကစားသူတွေထဲက Top 750 ကတော့ Apex Predator ကိုရရှိမှာ ဖြစ်ပါတယ်။