Prudential Myanmar က ပထမဦးဆုံးသော အာမခံဝန်ဆောင်မှု PRUHealth စတင်မိတ်ဆက်

Prudential Myanmar Life Insurance Limited (Prudential Myanmar) သည် မြန်မာနိုင်ငံရှိ ပြည်သူများ၏ ကျန်းမာရေးနှင့် ကြီးပွားတိုးတက်ရေးကို အကာအကွယ်ပေးနိုင်မည့် ကဏ္ဍပေါင်းစုံမှ အကျိုးကျေးဇူးများ အပြည့်အဝရရှိနိုင်ရန် ဖန်တီးပေးထားသော ကျန်းမာရေး အာမခံဝန်ဆောင်မှုတစ်ခုဖြစ်သည့် PRUHealth ကို စတင် မိတ်ဆက်လိုက်ပြီဖြစ်သည်။
PRUHealth ဆိုသည်မှာ ငွေရေးကြေးရေး အကာအကွယ်၊ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ပိုမို ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေး စသည့် အကျိုးခံစားခွင့်များ စုပေါင်းပါရှိသည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ကျန်းမာရေးအာမခံ ဝန်ဆောင်မှု ဖြစ်ပါသည်။ PRUHealth အာမခံ ဝယ်ယူသည့် customer များအတွက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ထပ်ဆောင်း အာမခံအကာအကွယ်ကိုလည်း ပေးအပ်ထားသည်။
“PRUHealth ဆိုတာ မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော အာမခံဝန်ဆောင်မှု အမျိုးအစားတစ်ခုဖြစ်ပြီး ထူးခြားဆန်းသစ်တဲ့ ပုံစံတစ်မျိုးနဲ့ အကျိုးခံစားခွင့်တွေ ရရှိနိုင်အောင် ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ ဒီကျန်းမာရေးအာမခံ ဝန်ဆောင်မှုက အာမခံထားသူကို ဘဝမှာ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေနဲ့ တွေ့ကြုံရတဲ့အခါ အကာအကွယ်ပေးနိုင်ရုံသာမက ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေနဲ့အတူ customer တွေ ရောဂါတွေ ကြိုတင်ကာကွယ်နိုင်အောင် အာဟာရပြည့်ဝစွာ စားသုံးနိုင်ဖို့၊ ကိုယ်လက်လှုပ်ရှားမှုတွေ ပိုမိုပြုလုပ်နိုင်ဖို့ ကူညီပေးရင်း ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် အကျိုးခံစားခွင့်တွေကိုပါ အပြည့်အဝရရှိအောင် တစ်စုတစ်စည်းထဲ ပေးအပ်ထားပါတယ်။ လက်ရှိ ဖြစ်ပွားနေတဲ့ ကမ္ဘာ့ကပ်ရောဂါကြီးဟာ ကျွန်တော်တို့အားလုံးအပေါ် အကျိုးသက်ရောက်မှုတွေ ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ customer တွေအတွက် သူတို့ရဲ့ ကျန်းမာပျော်ရွှင်စွာ နေထိုင်ရေး ခရီးလမ်းမှာ PRUHealth ဆိုတာ ယုံကြည်စိတ်ချရတဲ့ အဖော်မွန်ကောင်းတစ်ဦးအနေနဲ့ ပံ့ပိုးပေးသွားဖို့ ရည်ရွယ်ထားပါတယ်” ဟု Prudential Myanmar ၏ CEO ဖြစ်သူ Mr. Asit Rath က ပြောသည်။

Photo Source https://www.prudential.com.mm/mm/all-products/pruhealth_bundle/

အများပြည်သူအနေဖြင့် ကျန်းမာရေးစောင့်ရှောက်ကုသမှုအတွက် အသုံးပြုရသည့် ကုန်ကျစရိတ်များကို သိရှိနိုင်ပြီး တစ်ဦးချင်းစီ၏ လိုအပ်ချက်အလိုက် သင့်တော်မှုအရှိဆုံး PRUHealth အာမခံအစီအစဉ်ကို တွက်ချက်သုံးသပ်နိုင်ရန် မြန်မာနိုင်ငံတွင် ပထမဦးဆုံး နည်းပညာလုပ်ဆောင်ချက်တစ်ခုဖြစ်သည့် PRUHealth Calculator ကို အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ PRUHealth Calculator ကို https://lifegoals.prudential.com.mm/pruhealth/a?language=en တွင် ဝင်ရောက်အသုံးပြုနိုင်ပြီး တွက်ချက်လိုသူ၏ အသက်အရွယ်၊ ကျန်းမာရေး အခြေအနေ စသည့် အခြေခံ မေးခွန်းများကို ဖြေဆိုပေးရမည် ဖြစ်သည်။
PRUHealth – ကျန်းမာရေးအကာအကွယ် အကျိုးခံစားခွင့်များမှာအောက်ပါအတိုင်းဖြစ်သည်။
မြင့်တက်လာနေသော ကျန်းမာရေးစောင့်ရှောက်မှု အဖိုးအခများကြောင့် ရုတ်တရက် ကုန်ကျနိုင်သည့် ဆေးကုသစရိတ်အတွက် မပြင်ဆင်ထားမိပါက ရောဂါကုသရန်နည်းလမ်း ရွေးချယ်ရာတွင် ငွေရေးကြေးရေးအတွက် ဖိအား ရှိလာနိုင်ပါသည်။ ကျန်းမာရေးအာမခံ ထားရှိခြင်းသည် အာမခံထားသူ နာမကျန်း၊ ထိခိုက်ဒဏ်ရာ ခံစားရသည့်အခါ ကုသရန်လိုအပ်သော ကုန်ကျစရိတ်များကို ပေးချေနိုင်ရန်အတွက် ရန်ပုံငွေထားရှိလိုက်ခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင့် အာမခံထားသူသည် ကုန်ကျမည့် ဆေးကုသစရိတ်အတွက် ပူပန်နေမည့်အစား ကျန်းမာရေး ပြန်လည် ကောင်းမွန်လာ စေရန်အတွက်သာ အာရုံစိုက်နိုင်မည် ဖြစ်သည်။
PRUHealth သည် တစ်နှစ်သက်တမ်းရှိ အာမခံပေါ်လစီဖြစ်ပြီး customer များ လိုအပ်သလို ရွေးချယ်နိုင်ရန် မတူညီသော ပရီမီယံကြေးများပါဝင်သည့် အာမခံအစီအစဉ် (၄) ခု ကို ပေးအပ်ထားသည်။ Prudential Myanmar သည် ယုံကြည်စိတ်ချ ရသော အာမခံအကာအကွယ်ကို ကုန်ကျစရိတ်သက်သာစွာဖြင့် အလွယ်တကူ ဝယ်ယူနိုင်ရန် လစဉ် အနည်းဆုံး ပရီမီယံကြေး မြန်မာငွေ ၉,၀၁၅ ကျပ်မှစတင်ပြီး ပေးအပ်ထားပါသည်။
ကျန်းမာရေးအကာအကွယ် အကျိုးခံစားခွင့်များတွင် ဆေးကုသမှု ကုန်ကျစရိတ်များအတွက် အပြည့်အဝ (သို့မဟုတ်) တစ်စိတ်တစ်ပိုင်း ပြန်လည်ရရှိနိုင်မည့် ကျန်းမာရေးအကာအကွယ်စရိတ်၊ အလုပ်မသွားနိုင်သောကြောင့် ဆုံးရှုံးရသည့် နေ့စဉ် ဝင်ငွေကို ကာမိစေမည့် နေ့စဉ်ဆေးရုံစရိတ်၊ အသက်သေဆုံးခဲ့ပါက အာမခံထားသူ၏ မိသားစုအတွက် ငွေရေးကြေးရေး အထောက်အပံ့ဖြစ်စေမည့် သေဆုံးခြင်းအတွက်စရိတ်၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ဆေးရုံတက်ရခြင်းနှင့် ဆေးကုသမှု ခံယူရခြင်းဆိုင်ရာ ကုန်ကျစရိတ်များအတွက် အကာအကွယ် စသည့် အကျိုးခံစားခွင့်များ ပါဝင်ပါသည်။

Photo Source https://www.prudential.com.mm/mm/all-products/pruhealth_bundle/

Prudential Myanmar အနေဖြင့် ငွေသားမဲ့ နစ်နာကြေး အကျိူးခံစားခွင့် လျှောက်ထားမှု လုပ်ငန်းစဉ်ကို ထိရောက်မြန်ဆန်ပြီး ရိုးရှင်းလွယ်ကူစေရန် ဆောင်ရွက်ထားပါသည်။ PRUHealth အာမခံဝယ်ယူထားသော customer များအနေဖြင့် Prudential Myanmar နှင့် ချိတ်ဆက်ထားသော မိတ်ဖက်ဆေးခန်းများတွင် ဆေးကုသမှု ခံယူမည်ဆိုပါက ကုန်ကျစရိတ်ကို ကြိုတင်ပေးချေရန် မလိုအပ်ပါ။ ထို့အပြင် PRUHealth အာမခံဝယ်ယူထားသော customer သည် ပရီမီယံကြေး ပေးသွင်းနေရသည့်အတွက် ရရှိနိုင်သည့် အခွန်သက်သာခွင့်ကို ပေါ်လစီဝယ်ယူသည့်အချိန်တွင် ပြဋ္ဌာန်းထားသည့် အခွန်ဆိုင်ရာ ဥပဒေအပေါ် မူတည်ပြီး အကျိုးခံစားခွင့် ရရှိနိုင်ပါသည်။
PRUHealth သည် customer များအတွက် Prudential Myanmar ၏ မိတ်ဖက်ဖြစ်သည့် ပန်းလှိုင်ဆေးရုံမှ ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များနှင့် အခမဲ့ telemedicine ဆွေးနွေးမှုများ ပြုလုပ်နိုင်ခွင့် ပေးအပ်ထားပါသည်။ PRUHealth အာမခံဝယ်ယူထားသော customer များအနေဖြင့် Prudential Myanmar ၏ မိတ်ဖက်ပညာရှင်များနှင့် ကျန်းမာကြံ့ခိုင်ရေး၊ အာဟာရပြည့်ဝစွာ စားသုံးရေး၊ ကျန်းမာပျော်ရွှင်ရေးဆိုင်ရာ အခမဲ့ ဆွေးနွေးတိုင်ပင်မှုများကိုလည်း ပြုလုပ်နိုင်သည်။
PRUHealth အာမခံဝယ်ယူထားသော customer များနှင့် မြန်မာနိုင်ငံရှိ ပြည်သူများသည် AI နည်းပညာသုံး ဒစ်ဂျစ်တယ် ကျန်းမာရေးစောင့်ရှောက်မှု အက်ပလီကေးရှင်းဖြစ်သည့် Pulse by Prudential ကို အခမဲ့ ရယူအသုံးပြုနိုင်ပါသည်။ Pulse အက်ပလီကေးရှင်းသည် အသုံးပြုသူတစ်ဦးချင်းစီအလိုက် တစ်ကိုယ်ရေ ကျန်းမာရေး စစ်ဆေးမှုများနှင့် နေ့စဉ်ဘဝတွင် ကျန်းမာရေးအတွက် စီမံခန့်ခွဲမှုများ ပြုလုပ်နိုင်ရန် ပြည့်စုံစွာ စုစည်းထည့်သွင်း ပေးထားပါသည်။
Pulse အက်ပလီကေးရှင်းသည် အသုံးပြုသူများ၏ ပျော်ရွှင်ကျန်းမာစွာ နေထိုင်နိုင်ရေး ခရီးလမ်းတစ်လျှောက် သိသင့်သိထိုက်သော ကျန်းမာရေးသတင်းအချက်အလက်များကို မိုဘိုင်းဖုန်းမှတစ်ဆင့် အချိန်မရွေး နေရာမရွေး ရယူနိုင်ရန် ဆောင်ရွက်ပေးပါသည်။ ဥပမာ၊ Pulse အက်ပလီကေးရှင်းတွင်ပါဝင်သော Fitness Tracker လုပ်ဆောင်ချက်သည် နေ့စဉ် ပြေးခြင်း၊ လမ်းလျှောက်ခြင်းစသည့် လေ့ကျင့်ခန်းများ လုပ်ဆောင်ရန် အသုံးပြုသူများကို တိုက်တွန်းပေးရင်း ပျော်ရွှင်ကျန်းမာသော လူနေမှုဘဝကို ပိုင်ဆိုင်နိုင်စေရန် ကူညီပံ့ပိုးပေးပါသည်။ Pulse အက်ပလီကေးရှင်းကို Google Play Store သို့မဟုတ် ့https://www.prudential.com.mm/en/what-is-pulse/ တွင် ဒေါင်းလုဒ်ပြုလုပ်နိုင်ပါသည်။
အသေးစိတ် ထပ်မံသိရှိလိုပါက https://www.prudential.com.mm/mm/all-products/pruhealth_bundle/ တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။ PRUHealth အကြောင်းနှင့် customer များမှ လိုအပ်သည့် အကူအညီများအတွက် Prudential Myanmar ၏ Hotline နံပါတ် +၉၅ ၉၇၇ ၀၁၁ ၀၀၁၀ ကို ဆက်သွယ်ခေါ်ဆိုနိုင်ပါသည်။