Samsung Galaxy Note 20 နှင့် Galaxy Note 20 Ultra စမတ်ဖုန်းများတွင်ပါဝင်သည့် အဓိကလုပ်ဆောင်ချက်နှင့်ဝန်ဆောင်မှုများအကြောင်း

Note Series စမတ်ဖုန်းများအား ပုံမှန်သုံးစွဲသူများနှင့်လုပ်ဆောင်ချက် အများအပြားအား တစ်ချိန်တည်းတွင် တစ်ပြိုက်နက် တည်း လုပ်ဆောင်လေ့ရှိကြသူများ၏ အကြိုက်နှစ်သက်ဆုံး စမတ်ဖုန်းအမျိုးအစားအသစ်ဖြစ်လာမည့် Galaxy Note 20 စီးရီးအသစ်တွင် အဆင်င့မြှင့်တင်ထားသော S Pen အား ထည့်သွင်းပေးထားသည့်အတွက် မိမိတို့၏ စိတ်ကူးအိုင်ဒီယာများ စွာကို အချိန်နေရာမရွေးဘဲ လက်မလွတ်တမ်း တိတိကျကျ မှတ်သားထားနိုင်မည်ဖြစ်သည်။ ထို့အပြင် အမှန်တကယ် စာရေးနေရသကဲ့သို့ ပို၍ တိကျသေချာသော တုံပြန်မှုအား ရရှိခံစားနိုင်စေရန်အတွက်လည်း Gaxlxy Note 20 Series ၏ S Pen အား အဆင့်မြှင့်တင်ပေးထားသည်။ အလားတူပင် ယခု S Pen တွင်ပါဝင်လာသည့် Anywhere လုပ်ဆောင်ချက်အသစ် ၅ ခုအား အသုံးပြု၍ သုံးစွဲသူများသည် စမတ်ဖုန်းအား ထိတွေ့ကိုင်တွယ်နေစရာမလိုပဲ home screen သို့ပြန်သွားခြင်း၊ screenshot ရိုက်ခြင်း အစရှိသည့် လုပ်ဆောင်ချက်များအား လက်ဝှေ့ယမ်းလိုက်ရုံမျှဖြင့် လုပ်ဆောင်သွားနိုင်မည်ဖြစ်သည်။
သုံးစွဲသူများအနေနှင့် လုပ်ငန်းဆောင်တာများအား လုပ်ကိုင်ရာတွင် အချိန်နေရာမရွေးပဲ မည်သည့်စက်ပစ္စည်းများနှင့်မဆို အလွယ်တကူချိတ်ဆက်ဆောင်ရွက်လိုသည့် အချက်အား Samsung မှ သိရှိနားလည်ထားသည်။ ယခုအဆင့်မြှင့်တင်ထား သော Samsung Notes App အသစ်သည် အလိုအလျောက် သိမ်းဆည်းပေးနိုင်သည့် auto-save နှင့် syncing လုပ်ဆောင် ချက်များပါရှိလာသည့်အတွက် သုံးစွဲသူများအနေနှင့် ၎င်းတို့၏ စိတ်ကူးအိုင်ဒီယာများကို သိမ်းဆည်းခြင်း၊ ပြင်ဆင်ခြင်း၊ မျှေ၀ ခြင်း အစရှိသည့် လုပ်ဆောင်ချက်များစွာအား ဖုန်း၊ တက်ဘလက်၊ Windows 10 PC သို့မဟုတ် မည့်သည့်စက်ပစ္စည်းနှင့် မဆို အချိန်မရွေးလုပ်လက်စနေရာမှ စတင်၍ ဆက်လက်လုပ်ဆောင်သွားနိုင်မည်ဖြစ်သည်။ ထို့အပြင် Samsung Notes သည် သုံးစွဲသူများ၏ မည်သို့သော လက်ရေးပုံစံမျိုးကိုမဆို သေသပ်သောမှတ်စုများအဖြစ် ပြောင်းလဲမှတ်သားနိုင်စွမ်းရှိမည် ဖြစ်သည့်အပြင် ရေးသားထားသော အကြောင်းအရာများအပေါ်တွင်လည်း မှတ်ချက်များ အလွယ်တကူရေးသားမှတ်သား ထားနိုင်မည်ဖြစ်သည်။ အလားတူပင် သုံးစွဲသူများအနေနှင့် မှတ်စုများ ချရေးနေစဉ်အချိန်တွင် တစ်ပြိုက်နက်တည်း အသံဖမ်း ယူထားနိုင်သည်။ ထို့နောက်တွင် မှတ်စုထဲရှိ စကားလုံးတစ်လုံးအား ရွေးချယ်လိုက်ရုံဖြင့် ဖမ်းယူထားသော အသံဖိုင်အား မှတ်စုထဲမှတဆင့် နားထောင်နိုင်မည့် လုပ်ဆောင်ချက်များလည်း ပါဝင်လာမည်ဖြစ်သည်။ သုံးစွဲသူများအနေနှင့် မှတ်သား ထားသော မှတ်စုဖိုင်များကိုလည်း ရှာဖွေရလွယ်ကူစေရန်အတွက် မိမိတို့စိတ်ကြိုက် စီမံခန့်ခွဲပြီး သိမ်းဆည်းထားနိုင်မည် လည်းဖြစ်သည်။

Photo Source https://www.facebook.com/SamsungMyanmar/

Microsoft ၏ Your Phone app နှင့် link to Windows လုပ်ဆောင်ချက်များအား ပေါင်းစပ်၍ သုံးစွဲသူများသည် ဖုန်းအက်ပလီကေးရှင်းများအား ၎င်းတို့၏ Windows 10 PC မှတဆင့် တစ်စုံတရာနှောင့်နှေးခြင်းမျိုးမရှိပဲ အလွယ်တကူ အသုံးပြုသွားနိုင်ဖြစ်သည်။ သို့ဖြစ်၍ မက်ဆေ့ချ်များပေးပို့ခြင်း၊ notifications များကြည့်ရှုခြင်း၊ ဓာတ်ပုံများအား sync လုပ် ခြင်းနှင့် ဖုန်းခေါ်ဆိုမှုများအားလုံးကို သုံးစွဲသူများ၏ Windows 10 PC မှတစ်ဆင့် လုပ်ဆောင်သွားနိုင်မည်ဖြစ်သည်။ ထို့အပြင် သုံးစွဲသူများအနေနှင့် အသုံးများသော ၎င်းတို့၏ စိတ်ကြိုက် မိုဘိုင်းအက်ပလီကေးရှင်းများကိုလည်း Windows 10 PC ၏ Taskbar သို့မဟုတ် Start menu တွင် အလွယ်တကူမှတ်သားထားနိုင်မည်ဖြစ်သည်။
ယခုနှစ်နောက်ပိုင်းတွင်လည်း သုံးစွဲသူများသည် တစ်ချိန်တည်းတွင် တစ်ခုထက်ပိုမိုသောစမတ်ဖုန်း အက်ပလီကေးရှင်းများ အား ၎င်းတို့၏ Windows 10 PC စခရင်တွင် အသုံးပြုသွားနိုင်မည်ဖြစ်သည်။ ထို့အပြင် သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ စမတ်ပစ္စည်းများအား ecosystem တစ်ခုတည်းတွင် ချိတ်ဆက်၍လည်း Samsung Notes app အား Microsoft OneNote သို့မဟုတ် Outlook နှင့် Sync လုပ်ခြင်း၊ လုပ်ကိုင်ရမည့် အလုပ်တာဝန်များအတွက် reminder ထားရှိခြင်းများကိုလည်း Microsoft Outlook၊ To Do နှင့် Teams တို့နှင့် Sync လုပ်ခြင်း စသည်တို့ကိုလည်း အလွယ်တကူ လုပ်ဆောင်သွားနိုင်မည် ဖြစ်သည့်အတွက် မည့်သည့်အချိန်၊ မည်သည့်နေရာသို့ ရောက်ရှိနေသည်ဖြစ်စေ အဆင်ပြေလွယ်ကူမှုအပြည့်အဝရှိစေမည် ဖြစ်သည်။
ရုပ်သံရိုက်ကူးမှုစနစ်တို့ကို ထည့်သွင်းပေးထားသည့် Galaxy Note 20 စီးရီး၏ 8K ကင်မရာသည် အမြင့်မားဆုံးသော resolution နှင့် ပရော်ဖက်ရှင်နယ် အရည်အသွေးရှိ ဗီဒီယိုခံစားမှုအတွေ့အကြုံများအား ထုတ်လုပ်ပေးနိုင်စွမ်းရှိသည်။ ထို့အ ပြင် audio၊ Exposure၊ zoom မြန်နှုန်းထိန်းချုပ်မှုနှင့် 120 fps ဗီဒီယိုများအား FHD စနစ်ဖြင့် ရိုက်ကူးနိုင်သည့် လုပ်ဆောင် ချက်များကိုလည်း Galaxy Note 20 စမတ်ဖုန်းများတွင် ထည့်သွင်းပေးထားသည်။ အလားတူပင်အလေးပေးထားသည့် Por video mode အားအသုံးပြုပြီး cinematic-style ဗီဒီယိုများကို ရိုက်ကူးနိုင်သည်။

Photo Source https://www.facebook.com/SamsungMyanmar/
ပိုမိုကြီးမားကျယ်ပြန့်သော မျက်နှာပြင်အတွေ့အကြုံကို ရရှိစေနိုင်ရန်အတွက် Galaxy Note20 Series စမတ်ဖုန်းအား Smart TV နှင့် Samsung DeX တို့ကို အသုံးပြုပြီး ကြိုးမဲ့ချိတ်ဆက်ကြည့်ရှုနိုင်မည်ဖြစ်သည်။ ထို့အပြင် စမတ်တီဗီတွင် ဗီဒီယိုကြည့်နေစဉ်တွင်လည်း သူငယ်ချင်းများနှင့် စာတိုပေးပို့ခြင်း စသည့်လုပ်ဆောင်ချက်များကိုလည်း မျက်နှာပြင် ၂ ခုမှ တစ်ဆင့် တစ်ပြိုက်နက်တည်း အသုံးပြုနိုင်မည်ဖြစ်သည်။
Galaxy ထုတ်ကုန်များအားလုံးအနက် Galaxy Note 20 Series စမတ်ဖုန်းများတွင် အမြန်ဆန်ဆုံးသော Processor များ ထည့်သွင်းတည်ဆောက်ထားသည့်အပြင် ပင်ကိုရှိရင်းစွဲဒီဇိုင်းကို ပျောက်ကွယ်သွားစေခြင်းမရှိပဲ ခေတ်မီနည်းပညာများနှင့် ထိပ်တန်းအဆင့် မိုဘိုင်းအသုံးပြုမှု အတွေ့အကြုံများအား ထည့်သွင်းပေးထားသည်။ ထို့အပြင် ပြောင်းလဲတိုးတက်လျက်ရှိ သည့် ခေတ်ရေစီးကြောင်းနှင့် အံဝင်ခွင်ကျဖြစ်စေမည့် သဘာဝကျကျနူးညံ့သိမ်မွေ့သော အရောင်များအား အသုံးပြုထား သည့်အပြင် ခြစ်ရာများနှင့် လက်ဗွေရာများအား သိသိသာသာ လျှော့နည်းသွားစေမည့် haze effect များအား အပြည့်အဝခံ စားနိုင်မည့် Mystic အရောင်များကိုလည်း Galaxy Note 20 နှင့် Galaxy Note 20 Ultra စမတ်ဖုန်းအမျိုးအစား နှစ်ခုလုံး တွင် မိတ်ဆက်ခဲ့သည်။
Note series စမတ်ဖုန်းများအနက် ပထမဆုံးအနေနှင့် Galaxy Note 20 Ultra တွင် ကြည်လင်တောက်ပသည့် Dynamic AMOLED 2X မျက်နှာပြင်နှှု့် ပိုမိုချောမွေ့ပြေပြစ်သည့် ကြည့်ရှုခံစားမှုအတွေ့အကြုံအား ရရှိနိုင်မည့် 120Hz refresh rate ကို ထည့်သွင်းပေးထားသည့်အပြင် မိမိကြည့်ရှုနေသည့် အစီအစဉ်များ၊ ပုံရိပ်များနှင့် ဂိမ်းများအပေါ်မူတည်၍လည်း ဘက်ထရီ သက်တမ်းအား ပိုမိုခံနိုင်ရည်ရှိစေရန်အတွက်အလိုအလျောက် ချိန်ညှိပေးသွားမည်ဖြစ်သည်။ ထို့အပြင် တစ်နေ့တာလုံးအသုံး ပြုနိုင်မည့် ဉာဏ်ရည်မြင့် Battery နှင့် Super-Fast Charging လုပ်ဆောင်ချက်များပါရှိသည့်အတွက်လည်း မိနစ် ၃၀ အတွင်း ဘက်ထရီရာခိုင်နှုန်း ၅၀ ကျော်အထိ ပြန်လည် အားဖြည့်ပေးနိုင်စွမ်းရှိမည်ဖြစ်သည်။
ထို့အပြင် hardware နှင့် software အလုံးစုံကို လုံခြုံစိတ်ချမှုအပြည့်အဝရရှိစေရန်အတွက်လည်း Samsung သည် ၎င်း၏ ကိုယ်ပိုင်မိုဘိုင်းလုံခြုံရေးပလက်ဖောင်းတစ်ခုဖြစ်သည့် Samsung Knox စနစ်အား Galaxy Note 20 Series စဖတ်ဖုန်းများ တွင် ထည့်သွင်းပေးထားသည်။