ကျောက်မျက် အရိုင်းတုံးရဲ့ ရောင်ပြန်ထင်ဟပ်မှုကို ခံစား ပုံဖော်ထားသော vivo Y11 စမတ်ဖုန်း

vivo မှ ထုတ်လုပ်ထားတဲ့ vivo Y11 စမတ်ဖုန်းကတော့ ညို့ယူဖမ်းစားနိုင်တဲ့ မျက်လှည့်ဆန်ဆန် အရောင်ပြေးပုံစံတွေနဲ့ ဖန်တီးပြုလုပ်ထားပါတယ်။ ကျောက်မျက် အရိုင်းတုံးရဲ့ ရောင်ပြန်ထင်ဟပ်မှုကို ခံစားပုံဖော်ထားပြီး အဆင့်မြင့်အရောင် ထုတ်လုပ်မှု နည်းပညာနဲ့ အသေးစိတ် ဖန်တီးထားတဲ့အတွက် ဖုန်းနောက်ကျောဘက်ခြမ်းရဲ့ ရှုထောင့်တစ်ခုချင်းစီတိုင်းမှာ ခေတ်မီလှပတဲ့ အရောင်ပြေးကို ခံစားရရှိစေမှာ ဖြစ်ပြီး မှော်ဆန်ဆန် လှပတဲ့ အရောင်ကိုလည်း တွေ့မြင်နိုင်မှာဖြစ်ပါတယ်။
Y11 မှာ အရှေ့ကင်မရာ နှစ်လုံး ပါဝင်လာပြီး 13MP Main Camera နဲ့ 2MP Depth Camera တို့ ပါဝင်ပါတယ်။ လှပလွန်းတဲ့ ရှုခင်းပုံတွေကစလို့ လှပတဲ့ portrait ဓာတ်ပုံတွေအထိ အံ့သြမင်သက်ဖွယ် ပုံတွေကို အတိုင်းအဆမရှိ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ vivo ရဲ့ အရှေ့ကင်မရာ 8MP မှာ ပါဝင်တဲ့ AI Face Beauty အသစ်က တိကျပြတ်သားပြီး သင့်ရဲ့ မျက်နှာအလှတရားတွက် သီးသန့်ပါဝင်တဲ့ နည်းပညာတွေနဲ့ ပိုမို လှပနေစေမှာပါ။

Photo Source https://www.vivo.com

စွမ်းအားမြင့် 5000mAh ဘက်ထရီက vivo ရဲ့ အဆင့်မြင့် စွမ်းအား ထိန်းသိမ်းမှုစနစ်နဲ့ တပ်ဆင်ထားတဲ့အတွက် ဘက်ထရီ ကုန်သွားမှာတော့ စိတ်မပူပါနဲ့။ စိတ်ရှိသလောက် ဖုန်းကို အကြာကြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ vivo Y11 မှာ ဖုန်းကို အလွယ်တကူ ဖွင့်နိုင်ဖို့အတွက် လက်ဗွေရာစနစ် ဆင်ဆာကို တပ်ဆင်ပေးထားပါတယ်။
ဖုန်းကို လုံခြုံမှုရှိရှိနဲ့ အချောမွေ့ဆုံး Unlock လုပ်နိုင်ပါတယ်။ ဖုန်းမျက်နှာပြင် ပွင့်လာတဲ့အချိန် vivo Y11 က လူ မျက်နှာပြင်ပုံစံရဲ့ 1024 ရှုထောင့်ကို လျင်လျင်မြန်မြန် ရှာဖွေနိုင်ပြီး တိကျသေချာစွာ တွဲစပ်ပေးနိုင်ပါတယ်။ Unlock လုပ်နိုင်တဲ့အတွက် မျက်နှာကို အလွယ်တကူ ဖတ်နိုင်တဲ့ အတွေ့အကြုံသစ်ကို ရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
Vivo Y11 က 12nm octa-core processor နဲ့ 1.95GHz အမြန်နှုန်းရှိပြီး 3GB RAM နဲ့ 32GB သိုလှောင်နိုင်စွမ်း ပါဝင်ပါတယ်။ အထူးပြုလုပ်ထားတဲ့ Android 9 ကို အခြေခံထားတဲ့ vivo ရဲ့ Funtouch OS 9.1 ကလည်း အမြန်နှုန်း မြှင်တင်ပေးပါသေးတယ်။ Y11 နဲ့ ဆိုရင်တော့ အရာရာတိုင်းကို အလွယ်တကူ ဖြေရှင်းနိုင်မှာပါ။
Vivo Y11 မှာ ပိုမို ကောင်းမွန်တဲ့ ဓာတ်ပုံအရည်အသွေးများနဲ့ မတူညီသော pixel နံပါတ်များကို မတူညီသော modes များတွင် ထည့်သွင်းထားရှိထားခြင်းဖြစ်ပါတယ်။ Screen size မှာ ထောင့်ဖြတ် တိုင်းတာထားခြင်း ဖြစ်သည့်အတွက် ထောင့်မှန်အပြည့်မှာ 6.35 လက်မဖြစ်ပြီး ထောင့်ချိုးအကွေးများ ထည့်သွင်းတိုင်းတာပါက 6.2 လက်မရှိပါတယ်။ ဈေးနှုန်းက တော့ ၁၇၉၈၀၀ ကျပ်ဖြစ်ပါတယ်။
vivo သည် စမတ်ဖုန်းလောက၏ ဆန်းသစ်တီထွင်မှုနှင့် အသိဉာဏ်ရှိသော စွမ်းဆောင်မှုများမှာ စီးပွားရေး ဝန်ဆောင်မှု များကို အဓိကဦးဆောင်လမ်းဖောက်နေသည့် နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပါသည်။ vivo သည် စိတ်လှုပ်ရှားဖွယ် ကောင်းပြီး ဆန်းသစ်တီထွင်ထားသော စမတ်ဖုန်းများနှင့် ဆက်စပ်ပစ္စည်းများအပြင် နည်းပညာ နှင့် ဒီဇိုင်းအတွေးအခေါ် များကို ထူးခြားဆန်းသစ်သည့် နည်းပညာများ၊ ဒီဇိုင်းအတွေးအခေါ်များဖြင့် ပေါင်းစပ်ဖန်တီးထားသော ဝန်ဆောင်မှု များမှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ အသုံးပြုသူများကို ချိတ်ဆက်ပေးနိုင်ရန် ကြိုးစားအားထုတ်လျက်ရှိပါသည်။ ဆန်းသစ်တီထွင်မှု၊ အသုံးပြုသူများအား အလေးထားခြင်းသည် ကုမ္ပဏီ၏ အဓိကအလေးထား လိုက်နာရသည့် အချက်များဖြစ်ပြီး vivo သည် ရေရှည်တည်တံ့ခိုင်မြဲသည့် မဟာဗျုဟာကို အကောင်အထည်ဖော်ပြီး ကမ္ဘာ့အဆင့်မီ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာသည်။

Photo Source https://www.vivo.com

နောက်ဆုံးပေါ်နည်းပညာများ၊ 5G, AI, photography နှင့် မျိုးဆက်သစ် စမတ်ဖုန်း ဒီဇိုင်းများကို သုံးစွဲသူများအတွက် တရုတ်ပြည်ရှိ ဌာနချုပ်အပါအဝင် Shenzhen, Dongguan, Nangjin, Beijing, Hangzhou, Shanghai, Taipei, Tokyo နှင့် San Diego မြို့များတွင် သုတေသန ဖွံ့ဖြိုးရေးစင်တာများ တည်ထောင်ထားပါသည်။ တရုတ်၊ တောင်အာရှ နှင့် အရှေ့တောင်အာရှ တွင် နှစ်စဉ် စမတ်ဖုန်း သန်း (၂၀၀) ကျော်ထုတ်လုပ်သည့် အချက်အချာကုန်အမှတ်တံဆိပ် ထုတ်လုပ်ရေးဌာန ကို တည်ထောင်ခဲ့ပြီး ၂၀၁၉ ခုနှစ် မှတ်တမ်းများအရ vivoသည် အရောင်းကွန်ယက်ကို နိုင်ငံ ၃၀ တွင် ဖြန့်ကျက်ခဲ့ပြီး သုံးစွဲသူ သန်း ၃၀ ကျော် ကမ္ဘာတစ်ဝှမ်းတွင် နှစ်သက်ခဲ့ပါသည်။
ပိုမိုသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.vivo.com