LoRaWAN solution & services အတွက် Vortech Myanmar Company Limited နဲ့ Taiwan Kiwi Technology (TWSE 6699) တို့ပူးပေါင်း

စင်္ကာပူအခြေစိုက် Vortech Myanmar Company Limited နှင့် Taiwan အခြေစိုက် KIWI Technology (TWSE 6699) တို့ ပူးပေါင်းပြီး မိတ်ဆွေတို့ လုပ်ငန်းတိုးတက်မှုအတွက် အထောက်အကူ များစွာပေးနိုင်တဲ့ LoRaWAN Solution & Services များနဲ့ မိတ်ဆက်ပေးပါရစေ။

၂၀၂၀ ဩဂုတ်လ ၂၀ ရက်နေ့မှ စတင်ပြီး Vortech Myanmar မှ မြန်မာနိုင်ငံရှိ အအေးခန်း အပူချိန်ကို စောင့်ကြည့်ရန် လိုအပ်သော လုပ်ငန်းများအတွက် သင့်တော်သော LoRa Technology သုံး KIWI Temperature Solution ကို ယူဆောင်လာခဲ့ ပါတယ်။ 

Photo source https://www.vortechcomms.com

ယခုနှစ်များမှာ မြန်မာပြည်အတွင်း Convenience Stores များနှင့် Supermarkets ကြီးများ ဖွင့်လှစ်မှု များပြားလာပါတယ်။ ပြိုင်ဆိုင်မှု များလာတာနှင့်အမျှ မိမိတို့ ရောင်းချသော ပစ္စည်များ၏ အရည်အသွေးပိုင်းကို စောင့်ကြည့်မှုကလည်း အရေး ပါသော အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။  Asia Light, ABC Convenience Stores (outlets ပေါင်း ၁၀၀ ကျော်လောက်ရှိပြီး ရန်ကုန်ရဲ့ အချက်အချာကျတဲ့ နေရာတော်တော်များများမှာ ဖွင့်လှစ်ထားပါတယ်)၊ Myanmar Indo Best, Grab & Go ( Outlets ပေါင်း ၃၀၀ ကျော်လောက် ဖွင့်လှစ်ထားပါတယ်)၊ Capital Diamond Star, City Mart Supermarket, Marketplace, City Express Convenience Stores ( Outlet ပေါင်း ၇၀ ကျော်)၊ City Mart မှ ဖွင့်လှစ်ထားပါတယ်။ One Stop Mart ကလည်း (Outlets ပေါင်း ၁၀၀ ကျော် ဖွင့်လှစ်ထားပြီး ထင်ရှားပါတယ်) အခြားထင်ရှားတဲ့ Market တွေကတော့ Gamone Pwint, Gandamar Wholesale, Market Place Supermarket, Orange Supermarkets, Ocean Super Center, Ruby Mart Supermarkets, Star Mart Supermarkets, GQ Conveniecnce Stores, KumuDra Convenience Store, Shwe Palin, Pyae Wa နဲ့ Union Mini Mart တွေပဲ ဖြစ်ပါတယ်။

KIWI Solution မှာ LoRa Technology ကို အသုံးပြုထားတဲ့အတွက် Power စားသုံးမှု သက်သာခြင်း၊ တပ်ဆင်ရလွယ်ကူခြင်း၊ ပိုမို ကျယ်ပြန့်သော ဧရိယာ အတွင်းရှိ Sensor များကိုလည်း ထိန်းချုပ်နိုင်ခြင်းတို့ကြောင့် အသုံးပြုရ အဆင်ပြေစေပါတယ်။

“အအေးခန်း အပူချိန်ပြောင်းလဲမှုကြောင့် အစားအစာများ၊ အသား၊ ငါးများ ပျက်စီးဆုံးရှုံး နစ်နာမှုများ” ကို လျှော့ချပေးနိုင်ပါတယ်။ စူပါမားကတ်များ၊ စတိုးဆိုင်များ၊ စားသောက်ဆိုင်များရှိ ကုန်စည်များ၏ အပူချိန်နှင့် စိုထိုင်းစ များကို တိကျမှန်ကန်စွာ တိုင်းတာ နိုင်ပြီး Data ကို Excel ဖြင့် ထုတ်ပေးနိုင်တဲ့အတွက် အလေအလွင့် ဖြစ်နိုင်မှုကို လျှော့ချနိုင်ပြီး HACCP, FDA ကဲ့သို့သော အစားအသောက်ဆိုင်ရာ လုံခြုံမှု စစ်ဆေးရေး ပြုလုပ်ရာတွင်လည်း အထောက်အပံ့ ပေးနိုင်ပါသည်။

COVID-19 ၏ စီးပွားရေး လုပ်ငန်းများအပေါ် အကျိုးသက်ရောက်မှုကြောင့် “Zero touch” သည် ဘဝပုံစံအသစ်တစ်ခု ဖြစ်လာနိုင်ပါတယ်။

Photo source https://www.vortechcomms.com

မြန်မာနိုင်ငံရှိ စက်မှု လုပ်ငန်းသုံး အအေးခန်းများ နှင့် သက်ဆိုင်သည့် လုပ်ငန်းများ အတွက်လည်း အထောက်အပံ့ ပေးနိုင်ပါတယ်။ သုံးစွဲသူများသည် စမတ်ဖုန်းများ သို့မဟုတ် ကွန်ပျူတာများကို သုံး၍ စက်ပစ္စည်းများ၏ အပူချိန်နှင့် စိုထိုင်းဆကို စောင့်ကြည့်နိုင်မှာဖြစ်ပါတယ်။ ပုံမှန်မဟုတ်သော ဖြစ်ရပ်များတွင် သတိပေးချက်များ ရနိုင်ပါတယ်။ အပူချိန် သို့မဟုတ် စိုထိုင်းဆ အချက်အလက် များကို အပတ်စဉ် သို့မဟုတ် လစဉ် အစီရင်ခံစာများကို လက်ခံရရှိပြီး Record များကိုလည်း သိမ်းထားနိုင်ပါတယ်။  ဒေတာများကို cloud service တွင် သိုလှောင်ပေးထားခြင်း ဖြစ်သောကြောင့် အချိန်တိုင်း နေရာတိုင်းမှလည်း အပူချိန် နှင့် စိုထိုင်းစ  အချက်အလက်များကို ရယူနိုင်ပါတယ်။

Supermarket တွေ Convenience Store တွေ Grocery Stores နဲ့ Restaurants တွေမှာဆိုရင် အအေးခန်းရဲ့ အပူချိန်က အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အအေးခန်းက ကောင်းမွန်စွာ အလုပ်မလုပ်တော့တဲ့အခါ အသားငါးတွေဟာ တိုက်ရိုက် ပျက်စီး ဆုံးရှုံးမှု ဖြစ်ပေါ်နိုင်ပါတယ်။ အဲ့လို မဖြစ်ရအောင် အအေးခန်း ၊ Refrigerator တစ်ခုချင်းစီအလိုက် Monitoring Functionality ပါတာကို ရွေးချယ်မယ် ဆိုရင်လည်း စျေးနှုန်းပိုင်းမှာ အဆမတန် ပေးရနိုင်သလို ပျက်လို့ ပြင်မယ်ဆိုရင်လည်း အချိန်ပေးရနိုင်ပါတယ်။ မြန်မာပြည်တွင်းမှာ တပ်ဆင်အသုံးပြုနေတဲ့ အအေးခန်း ရေခဲသေတ္တာ တော်တော်များများမှာတေ့ာ Monitoring Function ပါဝင်မှု မတွေ့ရ သလောက်ပါပဲ။

July 2020 မှာ Vortech Myanmar မှ ပထမဦးဆုံး မြန်မာနိုင်ငံအတွက် AIoT နဲ့ ပတ်သတ်တဲ့ ကူညီမှုတွေ လုပ်ဆောင်ပေးနိုင်ဖို့ စတင် မိတ်ဆက်ပေးခဲ့ပါတယ်။ အထက်ပါ စီးပွားရေး လုပ်ငန်းများနှင့် လုပ်ငန်းရှင်များ အနေဖြင့် နည်းပညာ လိုအပ်ချက်များကို ဖြည့်စည်းပေးနိုင်ရန်အတွက် ဆွေးနွေးခြင်း အကြံပြုခြင်းများကို Vortech Myanmar Distribution မှ တစ်ဖက်တလမ်းမှ ပါဝင်ကူညီ ဆောင်ရွက်ပေးပါတယ်။ မြန်မာနိုင်ငံရှိ အချို့သော Company များကို POC units များ စမ်းသပ်သုံးစွဲ စေခဲ့ပြီး ဖြစ်ပါတယ်။

နှစ်စဉ်ကြေး ၀န်ဆောင်မှုကို ၅ နှစ် အခြေခံမှ စ၍ ရရှိနိုင်တယ်။ 

Photo source https://www.vortechcomms.com

Kiwi Technology company အနေဖြင့် စီးပွားရေး လုပ်ငန်းများအတွက် End-to-end (M2M) နည်းပညာများ၊ ဘက်ဆုံသုံး Cloud Service နှင့် Solution များကို ထုတ်လုပ်ဖြန့်ချီပေးလျှက် ရှိပါတယ်။ Customer များအတွက် အသုံးပြုရ လွယ်ကူပြီး လုပ်ငန်းအတွက် အကျိုးပြုမှု များသော Solution များကို ထုတ်လုပ်ပြီး AIOT နည်းပညာ လောကတွင် ထိပ်ဆုံးမှ ထောက်ပံ့ပေးနိုင်ရန် ကြိုးစားလျှက်ရှိပါတယ်။

ထပ်မံသိရှိလိုတဲ့အချက်အလက်တွေအတွက် Kiwi Technology ရဲ့ website (https://www.kiwi-tec.com) နဲ့ Vortech Myanmar ရဲ့ Website (https://www.vortechcomms.com) နဲ့ Facebook Page (https://www.facebook.com/VortechMM/) တို့တွင် ဝင်ရောက် လေ့လာနိုင်ပါတယ်။